» သတင်း

ထိုင်းနိုင်ငံသို့ တရားမဝင် လုပ်သားပို့ဆောင်နေသူ ၄၀၀ နီးပါးကို တရားစွဲထား

“ထိုင်းကို အလုပ်သွားလုပ်မယ်ဆိုရင် MOU နဲ့ တရားဝင်သွားတာ အကောင်းဆုံးပဲ။ လက်ရှိတော့ ထိုင်းနိုင်ငံဘက်က လုပ်သားခေါ်စာ မလာသေးဘူး။ ထိုင်းမှာအသိရှိလို့ သွားတဲ့သူ တွေလောက်ပဲ အဆင်ပြေတယ်။ တခြားနည်းလမ်းနဲ့ အလုပ်သွားလုပ်မယ်ဆိုရင် အဆင်မပြေနိုင်ဘူး။”

တစ်သက်တစ်ကျွန်းပြစ်ဒဏ် ချမှတ်ခံထားရသည့် “ဝင်းနှင့် ဇော်” တို့ ပြစ်ဒဏ်လျှော့ပေါ့ ပေးရန် တောင်းဆိုထား

မောင်ဝင်းဇော်ထွန်းနှင့် မောင်ဇော်လင်းတို့သည် စိတ်ဓာတ်ကြံ့ခိုင်နေကြပြီး ကျန်းမာရေးကောင်းမွန်ကြသည်ဟု ကြားသိရကာ၊ အကျဉ်းထောင်ထဲတွင် ၉ နှစ်ကျော်ကြာ အောင် နေထိုင်ခဲ့ကြပြီးဖြစ်သည့်အတွက် ကျင့်သားရနေကြသည်ဟု သိရသည်။

စက်မှုဇုန်လုပ်ငန်းရှင်များ မိမိအစီအစဉ်ဖြင့် စက်သုံးဆီတင်သွင်းရမည် ဟုဆို

“အခု သူတို့က မရောင်းပေးတော့ဘူး။ ကိုယ့်ဘာသာတင်သွင်း၊ သူတို့က သွင်းကုန်လိုင်စင် ချပေးမယ်ပြောတယ်။ အဆင်မပြေဘူးလေ။ အဲဒီတော့ ပို့ကုန်ရငွေကို သူတို့သတ်မှတ် ထားတဲ့ ၅၀/၅၀ မှာကျန်တဲ့ ၅၀ ကို အပြင်ပေါက်ဈေးနဲ့ ရောင်းခွင့်ပြုပေးဖို့ တင်ပြထားတယ်။”

ယနေ့တွင် စက်သုံးဆီစျေး တရှိန်ထိုးမြင့်တက်လာ

"ဒီနေ့မှ ရုတ်တရတ်ကြီး စျေးတက်လာတာ။ မနေ့ကထက် ၃၀၀ ကျော်လောက်တက်သွားတယ်။ ဒီလိုကြီး ရုတ်တရတ်စျေးတက်လာတော့ ကားဆွဲရတာ ဘယ်လိုလုပ် အဆင်ပြေ တော့မလဲ။ မနေ့ကတည်းက ဆီမထည့်မိတာတောင် နောင်တရနေ ရတယ်။ ဒီဆီစျေးနဲ့က ဘာမှလုပ်ကိုင်စားလို့ရမှာမဟုတ်ဘူး။"

သင်္ဃန်းကျွန်း၌ အမျိုးသားဒီမိုကရေစီပါတီသစ်၏ ခေတ္တဥက္ကဋ္ဌ ပစ်ခတ်ခံရ၍ သေဆုံး

"အနက်ရောင်အင်္ကျီဝတ်ထားတဲ့ လူငယ်နှစ်ဦးက မိတ္တူဆွဲမယ်ဆိုပြီး ဆိုင်ထဲဝင်လာပြီးတော့ သေနတ်နဲ့ လေးချက်ပစ်သွားတာ။ ဦးသန်းထွန်းက ဆေးရုံအရောက်မှာပဲ ရရှိဒဏ်ရာ တွေနဲ့ သေဆုံးသွားတယ်။" ဟု လုံခြုံရေးအဖွဲ့နှင့် နီးစပ်သူတစ်ဦးက ပြောသည်။

လျှပ်စစ်ကားဈေးကွက်အတွင်း မော်ဒယ်အလိုက် ကားဈေးများ ကျပ်သိန်း ၂၀၀ ဝန်းကျင် ကျဆင်းလာ

EV ကားများ ဈေးနှုန်းကျဆင်းလာခြင်းမှာ နိုင်ငံခြားငွေဈေးနှုန်း ပြောင်းလဲမှုကြောင့် အဓိကဖြစ်ပြီး၊ ပိုင်းလော့ပရောဂျက်အဖြစ် ပြည်တွင်းသို့ EV ကားများ ဆက်တိုက်ဝင်ရောက်နေ ခြင်းကြောင့်ဖြစ်ကြောင်း သိရသည်။

လူနေရပ်ကွက်အနီးရှိ အမှိုက်ပုံကို ရွှေ့ပြောင်းပေးရန် တောင်းဆိုမှုအပေါ် စည်ပင်ကမျက်ကွယ်ပြုထားဟု ဒေသခံများ ဆို

“၁၉၉၅ ကနေ ယနေ့အထိ နေထိုင်နေတာပါ။ အမှိုက်ပုံက ကြာပါပြီ။ အမှိုက်ပုံကို ထပ်ပြီးတိုးချဲ့မယ်ဆိုတဲ့အပြင် အခုဆိုရင် အနံ့အသက်တွေကြောင့် ရပ်ကွက်သူ/ရပ်ကွက်သားတွေ က အမှိုက်ထပ်မပုံဖို့ပါ တင်ပြထားတယ်။”ဟု ၎င်းဆက်ပြောသည်။

ရှမ်းမြောက်တိုက်ပွဲများအတွင်း ပရဟိတကားတစ်စီးထိမှန် အသင်းသားနှစ်ဦး ဒဏ်ရာရ

တိုက်ပွဲများပြင်းထန်နေပြီး စစ်ဘေးရှောင်လူဦးရေ ၃၀၀ ခန့် ပိတ်မိနေရာ၊ လူမှုကူညီရေးအသင်းကားများ သွား ရောက်ခေါ်ဆောင်ရာမှ နှလုံးလှ လူမှုကူညီးရေးအသင်းကားကို ကျည်ထိမှန်ကာ အသင်းသားနှစ်ဦး ထိခိုက်ဒဏ်ရာရရှိကြောင်း ဒေသခံတစ်ဦး၏ ပြောကြားချက်အရ သိရသည်။

ထီးချိုင့်နှင့် တန့်ဆည်၌ မြို့တွင်းတိုက်ပွဲများ ပြင်းထန်နေပြီး ဒေသခံသောင်းချီ၍ စစ်ရှောင်နေရ

ထီးချိုင့်မြို့ပေါ်၌ အပြန်အလှန်ပစ်ခတ်မှုများအပြင် လေကြောင်းတိုက်ခိုက်မှုများပါ ပါဝင်ခဲ့ကာ၊ ထီးချိုင့်မြို့၊ အမှတ် (၁) ရပ်ကွက်၊ (၂) ရပ်ကွက်နှင့် (၃) ရပ်ကွက်တို့ရှိ လူနေအိမ်များ ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။

၁၀၅ မိုင်ကုန်သွယ်ရေးဇုန်၌ တိုက်ပွဲများပြင်းထန်နေပြီး ​အရပ်သား ၆ ဦးသေဆုံး

မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန် အနီးတဝိုက်ရှိ မန့်မော်ရွာ၌ တိုက်ပွဲများစတင်ဖြစ်ပွားခဲ့ပြီး လက်ရှိအချိန်ထိ ၁၀၅ မိုင်ဗျူဟာကုန်းနှင့် နမ့်ပေါ်တံတားတို့၌ တိုက်ပွဲပြင်းထန်နေသဖြင့် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်၌ အရပ်သားများ ရာနှင့်ချီပိတ်မိနေကြောင်း သိရသည်။