» သတင်း

ကော့ကရိတ်၌ လက်နက်ကြီးကျည်ထိမှန်၍ သံဃာနှစ်ပါး ဒဏ်ရာရ

"ဒဏ်ရာရတဲ့ သံဃာနှစ်ပါးအနက် အသက် ၁၆ နှစ်အရွယ် ရှင်က္ကန္ဒြိယက ဘယ်ဘက်ခြေသလုံးကို ထိမှန်ပြီး၊ အသက် ၁၄ နှစ်အရွယ် ရှင်ထေရိဒ္ဒက ညာဘက်ပေါင်ကို ကျည်စထိမှန် သွားတယ်။" ဟု KNU ၏ ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

မူဆယ် ကုန်သွယ်ရေးဇုန်အနီး တိုက်ပွဲများကြောင့် ကုန်သွယ်ရေးဇုန်၌ နေထိုင်သူအားလုံးနီးပါး စစ်ဘေးရှောင်နေရ

နိုဝင်ဘာလ ၂၆ ရက်တွင် (၁၀၅) မိုင်ကုန်သွယ်ရေးဇုန်နှင့် အနီးတဝိုက်ရှိ ကျေးရွာအချို့၌ တိုက်ပွဲများဆက်တိုက်ဖြစ်ပွားနေပြီး လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် အပြန်အလှန်ပစ်ခတ်နေသောကြောင့် ကုန်သွယ်ရေးဇုန် ၌နေထိုင်သူ တစ်သောင်းနီးပါး စစ်ဘေးရှောင်နေရခြင်းဖြစ်ကြောင်း သိရသည်။

မူဆယ်၌ နွားခြံအတွင်းသို့ လက်နက်ကြီးကျည်ကျ ကလေးအပါအဝင် သုံးဦးသေဆုံး

နွားခြံအတွင်းသို့ လက်နက်ကြီးကျည် သုံးလုံးကျရောက်ခဲ့ပြီး တစ်လုံးပေါက်ကွဲခဲ့ကာ၊ တစ်လုံးမှာ မပေါက်ကွဲသေးပဲ မြေကြီးထဲတွင် စိုက်ဝင်နေ​ပြီး၊ ကျန်တစ်လုံးမှာ နွားချေးများ ထည့်ထားသည့် အုတ်ကန်ထဲသို့ကျရောက်သွားပြီး မပေါက်ကွဲသေးကြောင်း သိရသည်။

ကျောက်မဲမြို့ပြင် တိုက်ပွဲကြောင့် တိုးဂိတ်၊ စက်သုံးဆီဆိုင်နှင့် ကုန်ကားအချို့ မီးလောင်ပျက်စီး

"အပြန်အလှန် ပစ်ခတ်မှုတွေအပြင် လေကြောင်းတိုက်ခိုက်မှုတွေပါ လုပ်ဆောင်ခဲ့လို့ တိုးဂိတ်နားက ဓာတ်ဆီဆိုင်က ပြာကျသွားတယ်။ ကုန်ကားနှစ်စီး မီးလောင်ပြီး၊ တစ်စီးက မီးဟပ်သွားတယ်။ တိုးဂိတ်လည်း အနည်းငယ်ပျက်စီးသွားတယ်။ ဒီမနက်အထိလည်း လက်နက်ကြီးတွေနဲ့ပါ ပစ်ခတ်နေလို့ မြို့ပြင်ကို ဘယ်သူမှမသွားရဲဘူး။"

အစ္စရေးနှင့် ဟားမက်စ်အဖွဲ့ကြား အပစ်ရပ်လေးရက်မြောက်နေ့တွင် အကျဉ်းသားများ အပြန်အလှန်ပြန်လွှတ်ပေး

ဟားမက်စ် လက်နက်ကိုင်အဖွဲ့ကပြန်လွှတ်ပေးသူများထဲတွင် အစ္စရေး-ပြင်သစ် နိုင်ငံသားခံယူထားသူ သုံးဦး၊ ဂျာမနီ-အစ္စရေးနိုင်ငံသားခံယူထားသူ နှစ်ဦး၊ အာဂျင်တီးနားနှင့် အစ္စရေးနိုင်ငံသားအဖြစ်ခံယူထားသူ ငါးဦးတို့ ပါဝင်ခဲ့ကြောင်း သိရသည်။

ရန်ကုန်မြို့တွင် ပံ့သကူပစ်သည့်​​ကားနောက်လိုက်ရင်း ကားတိုက်မှုဖြစ် လူအချို့ ထိခိုက်ဒဏ်ရာရ

ဒဂုံမြို့သစ်(​​မြောက်ပိုင်း)မြို့နယ်တွင် ပံ့သကူပစ်သည့်​​ ကား​နောက်လိုက်ရင်း လူငယ်တစ်ဦး၏လက်အား အ​နောက်မှလိုက်ပါလာသည့် ကားတစ်စီးက ကြိတ်မိခြင်း​ကြောင့် လက်တွင် ပြင်းထန်ဒဏ်ရာရရှိပြီး ရန်ကုန်​ဆေးရုံကြီးသို့ ပို့​ဆောင်​ပေးခဲ့ရ​ကြောင်း ဝန်းရံမှူး လူမှုကူညီ​ရေးအသင်းမှ သိရသည်။

နမ့်ခမ်း၌ဖမ်းမိသည့် ငွေလိမ်ဂိုဏ်းမှ တရုတ်နိုင်ငံသား ၈၈ ဦးကို တရုတ်ဘက်သို့ လွှဲပြောင်းပေးခဲ့ကြောင်း SSPP ဆို

"သူတို့နဲ့အတူ ကွန်ပျူတာ ၁၄၅ လုံး၊ ဖုန်း ၂၀၄ လုံး၊ တရုတ်ယွမ်ငွေ ၁၉၁၅၀ ယွမ်၊ မီးခံသေတ္တာတစ်လုံးနဲ့ ကားတစ်စီးတို့ သိမ်းဆည်းရမိခဲ့ပါတယ်။ အဲ့ဒီတရားခံတွေထဲက တရုတ် နိုင်ငံသား ၈၈ ဦးကို နိုဝင်ဘာ ၂၃…

မူဆယ် (၁၀၅) မိုင် ကုန်သွယ်ရေးစခန်းအနီး တိုက်ပွဲများကြောင့် ကုန်ကားအချို့ ပျက်စီး

"ကုန်ကားတွေ အကုန်ပျက်စီးကုန်တယ်။ ထိခိုက်ဆုံးရှုံးမှုတွေရှိတာပေါ့။ ဘာမှလုပ်လို့လည်းမရဘူး။ တိုက်ပွဲကလည်း တစ်နေ့တစ်နေ့ ပိုဆိုးလာတယ်။" ဟု နယ်စပ်ကုန်သည် တစ်ဦးက ပြောသည်။

ရှမ်း(မြောက်)တိုက်ပွဲများကြောင့် တစ်လအတွင်း အရပ်သား ၇၂ ဦး သေဆုံးကာ ၁၂၅ ဦး ဒဏ်ရာရ

တစ်လအတွင်း အသက် ၁ နှစ်မှ ၁၆ နှစ်အရွယ် ကလေးငယ် ၂၆ ဦးအပါအဝင် အရပ်သား ၇၂ ဦး သေဆုံးခဲ့ကာ ၁၂၅ ဦး ထိခိုက်ဒဏ်ရာရပြီး ထိခိုက်သေဆုံးသူ စုစုပေါင်း ၁၉၇ ဦးအထိရှိကြောင်း…

ရှမ်းပြည်နယ်(​မြောက်ပိုင်း)တွင် စစ်​ဘေး​ရှောင်ဒုက္ခသည် ၁၃၀၀ ​ကျော် စားနပ်ရိက္ခာ အခက်အခဲဖြစ်​​နေ

အဆိုပါ ရှမ်းပြည်နယ်(​မြောက်ပိုင်း) ကျောင်းခမ်း ဘုန်းတော်ကြီးကျောင်းတွင် စစ်​ဘေး​​ရှောင်ဒုက္ခသည်များအား ယာယီခိုနားခွင့်ပြုထားပြီး အခြား​​သော စစ်​ဘေး​ရှောင်စခန်းများတွင် လူဦး​ရေ ၃၅၀၀ ​ကျော်ခန့် ထွက်​ပြေးတိမ်း​ရှောင် ခိုလှုံ​နေရ​ကြောင်း သိရသည်။