» သတင်း

ပုဏ္ဏားကျွန်း မြို့မစျေး ပေါက်ကွဲမှုကြောင့် မီးလောင်၍ ဆိုင်ခန်းအားလုံးနီးပါး ဆုံးရှုံး

"တစျေးလုံးတော့ ပြာကျသွားတယ်။ နေ့လည် ၂ နာရီခွဲလောက်က စလောင်တာ။ တိုက်ပွဲကြောင့် ဟိုရက်ထဲက စျေးကပိတ်ထားတာ။ လက်နက်ကြီးထိလို့ မီးလောင်တယ်လို့ သိရ တယ်။ ဘယ်သူပစ်တာလဲဆိုတာတော့ ကျွန်တော်တို့လည်း မသိရသေးဘူး။"

ကျင်စန်းကျော့ရှိ ဆဲဗင်းဟွာကျင့်ကားဝန်း၌ ဒရုန်းဗုံးကျ၍ မီးလောင်မှုကြောင့် ကုန်ကားအစီးရေ ၁၂၀ နီးပါး ပျက်စီးခဲ့

"ဆုံးရှုံးမှုတန်ဖိုးကတော့ မသိရသေးဘူး။ ပစ္စည်းပိုင်ရှင်တွေက ဆုံးရှုံးကုန်တာပေါ့။ ကားတစ်စီးဆိုရင်ပဲ တန်ဖိုးက သိန်းရာနဲ့ချီရှိတာလေ။ ဘယ်သူမှ လာပြန်ပေးမှာမဟုတ်ဘူး။" ဟု မူဆယ်မှကုန်သည်တစ်ဦးက ပြောသည်။

ရန်ကုန်ရှိ ကျောင်းများတွင် တပ်စွဲထားခြင်းမရှိ ဟုဆို

ယခုရက်ပိုင်းတွင် ရန်ကုန်မြို့၌ ညပိုင်းအချိန်များတွင် လူငယ်များအား ပေါ်တာဆွဲခြင်းနှင့် စာသင်ကျောင်းများတွင် တပ်စွဲထားခြင်းများရှိကြောင်း အတည်မပြုနိုင်သောသတင်းများ ထွက်ပေါ်ပြီးနောက် လူငယ်များနှင့် ကျောင်းသားမိဘများအကြား စိုးရိမ်မှုများ မြင့်တက်ခဲ့သည်။

ရေဦး၌ ဒေသခံထောင်ချီ၍ စစ်ဘေးတိမ်းရှောင်

ရေဦးမြို့နယ် မြောက်ဘက်ခြမ်းရှိ ကျေးရွာများအနီးသို့ စစ်ကြောင်းဝင်ရောက်လျက်ရှိသောကြောင့် တိုက်ပွဲများဖြစ်ပွားနိုင်၍ ကျေးရွာရှစ်ရွာထက် မနည်းမှ ဒေသခံလေးထောင်ကျော် စစ်ဘေးတိမ်းရှောင်ရကြောင်း သိရသည်။

ဈေးကွက်အတွင်း ဆေးဝါးအချို့ ပြတ်လပ်နေ၍ ခက်ခဲစွာဝယ်ယူနေရ ဟုဆို

အဆိုပါဆေးများမှာ ပုဂ္ဂလိကဆေးရုံ၊ ဆေးခန်းများတွင်ရှိသော်လည်း ဝယ်ယူရခက်ခဲကြောင်း၊ ယခုရက်ပိုင်း၌ လိုအပ်သည့်ဆေးအား ခက်ခဲစွာလိုက်လံဝယ်ယူခဲ့ရသည့် လူနာရှင် တစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။

မန္တလေး-မြစ်ကြီးနားလမ်းပိုင်းပြန်ဖွင့် စစ်ဆေးမှုများကြောင့် ကြန့်ကြာမှုများရှိ ဟုဆို

နိုဝင်ဘာ ၁၆ ရက်မှစတင်ပြီး ကချင်ပြည်နယ်ဝင်ပေါက်ဖြစ်သည့် နန့်စီးအောင် စုပေါင်းစစ်ဆေးရေးဂိတ်အား ပိတ်ထားခဲ့ခြင်းဖြစ်ပြီး အခြားဆက်စပ်လမ်းပိုင်းများပါ ပိတ်ထားခဲ့ရာမှ ယမန်နေ့က ပြန်ဖွင့်ပေးခဲ့ကြောင်း သိရသည်။

အစ္စရေးနှင့် ဟားမက်စ်ကြား ဖမ်းဆီးထားသူများ ပြန်လွှတ်ပေးရေး အစီအစဉ်ကို နိုဝင်ဘာ ၂၄ ရက်နေ့အထိ စတင်နိုင်ဖွယ်မရှိသေး ဟုဆို

အစ္စရေးနှင့် ဟားမက်စ်တို့သည် ဖမ်းဆီးထားသူများ ပြန်လွှတ်ပေးရန်နှင့် လူသားချင်းဆိုင်ရာ စာနာမှုအကူအညီ ပေးနိုင်ရန်အတွက် ၄ ရက်ကြာ အပစ်အခတ်ရပ်စဲထားရန် နိုဝင်ဘာ ၂၂ ရက်နေ့က သဘောတူညီခဲ့ကြောင်း သိရသည်။

ရခိုင်ပြည်နယ်ရှိ ဒေသအချို့တွင် ဆက်သွယ်​ရေးဖုန်းလိုင်းနှင့် အင်တာနက်လိုင်းများ ဖြတ်တောက်ခံရ

စစ်​တွေမြို့နယ်၊ ​ကျောက်ဖြူမြို့နယ်အပါအဝင် ​​နေရာ​ဒေသအချို့တွင် ကျန်းမာ​ရေး၊ လူမှု​ရေး၊ အ​ရေး​ပေါ် စစ်​ဘေး​ရှောင်​ရေးတို့အတွက် ဆက်သွယ်​ရေးဖုန်းလိုင်းနှင့် အင်တာနက် လိုင်းများ ပြတ်တောက်မှု​ကြောင့် အခက်အခဲများဖြစ်​ပေါ်​နေ​ကြောင်း ​ဒေသခံများ၏ ​ပြောဆိုချက်အရ သိရသည်။

ပန်ဆိုင်း၌ တိုက်ပွဲအတွင်းပိတ်မိနေသည့် သံဃာတော်နှင့် ကိုရင်အပါး ၈၀ ကျော် မူဆယ်သို့ စစ်ဘေးရှောင်

တိုက်ပွဲများအတွင်း ပိတ်မိနေသည့် ပန်ဆိုင်းမြို့နယ်၊ ကောင်းခန်ကျေးရွာမှ သံဃာနှင့် ကိုရင်အပါး ၈၀ ကျော်ကို ယမန်နေ့က မူဆယ်မြို့၊ တောင်ရပ်ကွက်၊ ဇေတဝန်ကမ္မဌာန်းကျောင်းသို့ ကူညီပို့ဆောင်ခဲ့ကြောင်း မူဆယ်မြို့အခြေစိုက် HMS ပရဟိတအသင်းမှ အသင်းသားတစ်ဦးက ပြောသည်။

ကျင်စန်းကျော့ နယ်စပ်ကုန်သွယ်ရေးဂိတ်အတွင်း ဒရုန်းဗုံးကျ၍ ကုန်ကားများ မီးလောင်နေ

ကျင်စန်းကျော့ နယ်စပ်ကုန်သွယ်ရေးဂိတ်အနီးရှိ 7 ဟွာဂျင်ကုမ္ပဏီပိုင်သည့် ကားဝင်းအတွင်း ဒရုန်းဗုံးကျရောက်ပေါက် ကွဲခဲ့ပြီး ကုန်အပြည့်တင်ဆောင်ထားသည့်ကားများ မီးလောင်ကျွမ်းခဲ့ကာ ယခုအချိန်အထိ မီးငြှိမ်းသတ်နိုင်ခြင်းမရှိသေးကြောင်း သိရသည်။