» သတင်း

သီပေါ၌ တိုက်ပွဲများ ဆက်လက်ပြင်းထန်မည်ကို ဒေသခံများစိုးရိမ်နေ

ယမန်နေ့ နံနက်ပိုင်းကဖြစ်ပွားသည့် တိုက်ပွဲတွင် နှစ်ဖက်ပစ်ခတ်မှုများအပြင် လက်နက်ကြီးဖြင့် ပစ်ခတ်မှုများကြောင့် ဒေသခံအချို့ ထိခိုက်သေဆုံးကာ ဒဏ်ရာရခဲ့ပြီးနောက် ယမန် နေ့ နေ့လည်ပိုင်းက သီပေါမြို့တွင်းတွင် သွားလာသူနည်းပါးသွားကြောင်း ဒေသခံတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။

မူဆယ် ၁၀၅ မိုင်အနီး လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် ကိုရင်ကြီးတစ်ပါး ဒဏ်ရာရ

“ကိုရင်ကြီးက ကျောင်းဝင်းထဲမှာ ဒီအတိုင်းနေနေတာ။ နှစ်ထပ်ဆောင်နားကို လက်နက်ကြီးကျည်ကျလာပြီး ကျည်စက ပေါင်ကိုမှန်သွားတယ်။ ကိုရင်ကြီးက အသက် ၃၀ ဝန်းကျင် လောက်ရှိမယ်။ အခုတော့ မူဆယ်ဆေးရုံကို ပို့ထားပါတယ်။”

လောက်ကိုင်မြို့တွင် အ​ခြေခံကုန်​စျေးနှုန်း အဆမတန်မြင့်တက်လာ၍ စစ်​ဘေး​ရှောင်များ စားဝတ်​နေ​ရေး အခက်အခဲဖြစ်​နေ

လက်ရှိ အချို့​သောအ​ခြေခံစား​သောက်ကုန်ပစ္စည်းများ ​ရောင်းချ​ပေးသည့် အ​ရောင်းဆိုင်များက လက်ကျန် ဆန်တစ်ပြည်လျှင် ကျပ်လေးသောင်း၊ ကြက်ဥတစ်လုံး ကျပ်နှစ်ထောင် ကျော်ဖြင့် ​ရောင်း​ချ​​ပေးကြောင်း သိရသည်။

တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေးအတွက် မိုင်းလားနယ်စပ်ဂိတ်တစ်ခုသာ သုံးနိုင်

ပြီးခဲ့သည့် အောက်တိုဘာလ ၂၆ ရက်မှစတင်ကာ ရှမ်းပြည်မြောက်ပိုင်းရှိ ဒေသအချို့၌ နှစ်ဖက်ထိတွေ့တိုက်ပွဲများကြောင့် လမ်းများပိတ်ထားလိုက်သဖြင့် တရုတ်-မြန်မာကုန်သွယ် ရေးများ ရပ်ဆိုင်းသွားခဲ့ကြောင်း သိရသည်။

သီပေါ၌ လူနေအိမ်ပေါ် လက်နက်ကြီးကျည်ကျ၍ တစ်ဦးသေဆုံးကာ သုံးဦးဒဏ်ရာရ

သီပေါမြို့အဝင် စံဖိတ်ကွက်သစ်အတွင်း တိုက်ပွဲဖြစ်ပွားစဉ် လူနေအိမ်တစ်လုံးပေါ်သို့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့ကာ အိမ်အတွင်းရှိနေသူ လေးဦးအားထိမှန်ခဲ့ရာ တစ်ဦးသေဆုံးပြီး၊ သုံးဦးပြင်းထန်ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။

တစ်လနီးပါးကြာ တိုက်ပွဲများကြောင့် လူပေါင်းသုံးသိန်းနီးပါး နေရပ်စွန့်ခွာ ထွက်ပြေးနေရ

ရှမ်းပြည်နယ်မြောက်ပိုင်းနှင့် တောင်ပိုင်း၊ စစ်ကိုင်း၊ ကယား၊ ရခိုင်နှင့် ချင်းပြည်နယ်တို့တွင် ပြင်းထန်သည့် တိုက်ပွဲများကြောင့် လူပေါင်း ၂၈၆,၀၀၀ ကျော် နေရပ်စွန့်ခွာ ထွက်ပြေး ခဲ့ရပြီး စိုးရိမ်ဖွယ်ရာအခြေအနေသို့ ရောက်ရှိလာကြောင်း သိရသည်။

အစ္စရေးနှင့် ဟားမက်စ်ကြား ယာယီအပစ်ခတ်ရပ်စဲရန် သဘောတူညီ

အဆိုပါ ယာယီအပစ်ခတ်ရပ်စဲရေး သဘောတူညီမှုအရ ဟားမက်စ်အုပ်စုသည် တစ်ရက်ကို ပြန်ပေးဆွဲထားသူအနည်းဆုံး ၁၀ ဦး ပြန်လွှတ်ပေးသွားမည်ဖြစ်ပြီး၊ အပစ်ခတ်ရပ်စဲရေး သက်တမ်း ထပ်မံတိုးခွင့်ရှိနေကြောင်း သိရသည်။

ကလေးလေဆိပ် လေယာဉ်ပြေးလမ်းပေါ်တွင် ပေါက်ကွဲမှုဖြစ်၍ လေကြောင်းခရီးစဉ် ရပ်နား

ထိုဖြစ်စဉ်နှင့်ပတ်သက်၍ ကလေးလေဆိပ် လေယာဉ်ပြေးလမ်းပေါ်သို့ Drone ဖြင့် Drop Bomb ပစ်ချ၍ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ ထိခိုက်ဒဏ်ရာရသူမရှိကြောင်း နစကမှ သတင်းထုတ်ပြန်ထားသည်။

ရန်ကုန်တွင် ပေါ်တာဆွဲခြင်းမရှိ ဟုဆို

ယခုရက်ပိုင်း၌ ရန်ကုန်မြို့တွင် အသက်မပြည့်သေးသည့် ကလေးငယ်များအပါအဝင် လူငယ်အမျိုးသား ၁၀ ဦးထက်မနည်း ပျောက်ဆုံး လျက်ရှိနေကာ ယနေ့အထိရှာမတွေ့သေးကြောင်း ပျောက်ဆုံးနေသူများ၏ မိသားစုဝင်များက ယနေ့ခေတ်သို့ ပြောသည်။

ငပလီ၌ အုပ်ချုပ်ရေးမှူးလက်မှတ်ဖြင့်သာ စက်သုံးဆီရောင်းချပေး

"ဆိုင်ကယ်တစ်စီးကို ၄၀၀၀ ဖိုးပဲရောင်းပေးတာ၊ အဲ့ဒါရဖို့ တန်းစီနေတာနဲ့တင် ၄၀၀၀ ကုန်ပြီလေ။ ငပလီမှာဆိုင်မရှိဘူး။ ဂျိတ္တောတို့ တခြားနေရာတွေ သွားထည့်ရတာ။ အဲ့မှာ တန်းစီတာနဲ့တင် ရမယ့်ဆီကကုန်​ပြီ။" ဟု ဒေသခံတစ်ဦးက ပြောသည်။