» သတင်း

တရားမဝင် ဝင်ရောက်လာသူ တရုတ်နိုင်ငံသား ၁၀၁၇ ဦးကို တရုတ်နိုင်ငံသို့ ပြန်လည် လွှဲပြောင်းပေးအပ်ပြီး ဟုဆို

အဆိုပါ တရားမဝင် ဝင်​ရောက်​နေထိုင်သူများအား ကျိုင်းတုံမြို့နယ်၊ တာချီလိတ်မြို့နယ်၊ မိုင်းဖြတ်မြို့နယ်၊ မိုင်းဆတ်မြို့နယ်၊ မိုင်းယောင်းမြို့နယ်နှင့် မိုင်းပျဉ်းမြို့နယ်တို့တွင် ဖမ်းဆီး ရမိခဲ့ခြင်းဖြစ်​ကြောင်း သိရသည်။

ရန်ကုန်မြို့အတွင်း ဒရုန်း​ရောင်းချခြင်းနှင့် ပျံသန်းခြင်းမပြုရန် ညွှန်ကြားချက်ထုတ်ပြန်

"အရင်တုန်းက ဆိုင်တွေမှာ ရဲတပ်ဖွဲ့က ဒရုန်းနဲ့ ဆက်စပ်စ္စည်းမရောင်းဖို့ လာပြောတာာမျိုးရှိတယ်။ အခုလိုမျိုး ထွေ/အုပ်က စာထုတ်တာကတော့ ပထမဆုံးအကြိမ်ပါပဲ။ ရပ်ကွက်ရုံး ကလည်း ခေါ်ပြောပါတယ်။" ဟု ရန်ကုန်မြို့၊ ပန်းဘဲတန်းမြို့နယ်ရှိ လျှပ်စစ်ပစ္စည်းအရောင်းဆိုင်ပိုင်ရှင်တစ်ဦးက ယ​​နေ့​ခေတ်သို့ ​ပြောသည်။

ဈေးကွက်အတွင်း ဆေးဝါးအချို့ပစ္စည်းများပြတ်နေသလို ဈေးနှုန်းများ မြင့်တက်နေ

"ဆရာဝန်တွေညွှန်ကြားထားတဲ့ဆေးက ဈေးကွက်ထဲမှ လုံးဝမရှိဘူး။ ဆေးရုံကြီးလိုနေရာမျိုးတောင် သွားရှာဝယ်တာ မရဘူး။ ပစ္စည်းပြတ်နေတယ်ပဲပြောတယ်။ ဆေးရုံတော်တော် များများရယ်၊ ဒိုင်တွေမှာတောင် ပစ္စည်းပြတ်နေတယ်။" ဟု ပန်းနာရင်ကြပ်လူနာတစ်ဦးက ပြောသည်။

ရခိုင်ပြည်နယ်၌ တိုက်ပွဲများဖြစ်ပွားပြီးနောက် နေရပ်စွန့်ခွာသူများအတွက် ကူညီပေးရန် ခက်ခဲနေ

တိုက်ပွဲဖြစ်ပွားမှုများကြောင့် ရခိုင်ပြည်နယ်အတွင်းရှိ မောင်တော၊ ကျောက်တော်၊ မင်းပြား၊ ပေါက်တော၊ ပုဏ္ဏားကျွန်း၊ ပလက်ဝ၊ မြောက်ဦးနှင့် အမ်းမြို့ နယ်များ၌ လက်နက်ကြီး ဖြင့် ပစ်ခတ်မှုများကြောင့် ဒေသခံ ၁၁ ဦးသေဆုံးခဲ့ပြီး ၃၀ ဦးကျော် ဒဏ်ရာရရှိခဲ့ကြောင်း…

ပွင့်ဖြူရှိ ကြီးအုံကြီးဝတမံ ရေပိုလွှဲမှ နှစ်ပေခန့် ရေကျော်ကျလျက်ရှိ

ပွင့်ဖြူမြို့နယ်အတွင်း မုန်တိုင်းအရှိန်ကြောင့် မိုးအဆက်မပြတ် ရွာသွန်းလျက်ရှိစဉ် ယမန်နေ့က တမံတာဝန်ရှိသူများ၏ တိုင်းထွာချက်အရ တမံရေပြည့်မှတ်ဖြစ် သည့် ပေ ၃၄၀ အထက်ရှိသော တမံရေပိုလွှဲမှ နှစ်ပေခန့် ရေကျော်ကျလျက်ရှိနေကြောင်း သိရသည်။

ပတ်စ်ပို့စာအုပ်ပြုလုပ်ရန် ဒီဇင်ဘာလအထိသာ ရက်ချိန်းပေးမည်ဟု သတင်းများထွက်ပေါ်နေ

ပတ်စ်ပို့စာအုပ် လျှောက်ထားချက်များနှင့်ပတ်သက်သော ဝန်ဆောင်မှုများအား ၂၀၂၃ ခုနှစ်၊ ၁၂ လပိုင်း၊ ၃၀ ရက်မှစတင်ပြီး ယာယီအကန့်အသတ်မရှိ ရပ်ဆိုင်းသွားမည်ဟု သတင်း များထွက်ပေါ်နေခြင်းဖြစ်သည်။

စားအုန်းဆီ ရည်ညွှန်းဈေးမြင့်၍ လက္ကားဈေးကွက်အတွင်း တစ်ပိဿာ ၉၂၀၀ ကျပ်အထိ မြင့်တက်လာ

ပြီးခဲ့သည့်တစ်ပတ်တွင် စီးပွား/ကူးသန်းဝန်ကြီးဌာနမှ ထုတ်ပြန်သည့် စားအုန်းဆီလက္ကားရည်ညွှန်းဈေးမှာ တစ်ပိဿာကို ၄၆၉၀ ကျပ်ဖြစ်ပြီး၊ ယနေ့ နိုဝင်ဘာလ ၂၀ ရက်တွင် ထုတ်ပြန်သည့် လက္ကားရည်ညွှန်းဈေးမှာ ၄၉၉၀ ကျပ်ဖြစ်သဖြင့် တစ်ပိဿာ ၃၀၀ ကျပ်မြင့်တက်လာခြင်းဖြစ်ကြောင်း သိရသည်။

နမ့်ဆန်၌ လေကြောင်းတိုက်ခိုက်ခံရ၍ ကလေးတစ်ဦးအပါအဝင် နှစ်ဦးသေဆုံး နေအိမ် ၂၅ လုံး မီးလောင်

"တိုက်ပွဲမဖြစ်ပဲနဲ့ ပစ်ခတ်ခံရတယ်လို့ သိရပါတယ်။ ကလေးတစ်ဦးနဲ့ အမျိုးသားတစ်ဦးက နေရာမှာတင် သေဆုံးခဲ့ပြီး၊ အမျိုးသမီးခြောက်ဦးနဲ့ အမျိုးသားနှစ်ဦးက အသက် အန္တရာယ်စိုးရိမ်ရတဲ့ ပြင်းထန်ဒဏ်ရာတွေ ရရှိခဲ့တယ်။"

လွိုင်ကော်၌ ဘုန်းကြီးကျောင်းအတွင်း လက်နက်ကြီးကျည်ကျ ကိုရင်နှစ်ပါး ပျံလွန်တော်မူ

နိုဝင်ဘာ ၁၉ ရက်၊ နံနက်ပိုင်းက လွိုင်ကော်မြို့၊ ဥတ္တရုံ ဘုန်းကြီးကျောင်းအတွင်း လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲပြီး အသက် ၁၉ နှစ်အရွယ် ကိုရင်နှစ်ပါး ပျံလွန်တော်မူခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

လောက်ကိုင်နှင့် တရုတ်နယ်စပ်တွင် မိုးရွာသွန်းမှုကြောင့် စစ်ရှောင်စခန်းများ အခက်အခဲများဖြင့် ရင်ဆိုင်နေရ

စစ်​ဘေး​ရှောင်စခန်းများတွင် ရေကြီးရေလျှံမှုကြောင့် မိုးကာများ လုံလောက်မှုမရှိခြင်းနှင့် စားနပ်ရိက္ခာ ဆန်များလည်း ပြတ်လတ်နေပြီး၊ ထမင်းငတ်ခံ​နေသူများလည်းရှိ​နေ​ကြောင်း စစ်​ဘေး​ရှောင်ဒုက္ခသည်တစ်ဦးက ယ​နေ့​ခေတ်သို့ ​ပြောသည်။