» သတင်း

ငါန်းဇွန်၌ အမျိုးသမီးနှစ်ဦး သေနတ်ဒဏ်ရာဖြင့် သေဆုံး

"သေဆုံးသူတစ်ဦးက အဲ့ဒီကျေးရွာ ကျေးလက်ကျန်းမာရေးဆေးခန်းမှာ တာဝန်ကျတဲ့ ကျန်းမာရေးမှူး ဒေါ်တိုးတိုးသန်းနဲ့ သူမနဲ့အတူနေတဲ့ မအေးမွန်ကျော်ဆိုတဲ့ တစ်ယောက်ပါ။ ဘာ့ကြောင့်အသတ်ခံရတယ်တော့ မသိဘူး။" ဟု ဒေသခံတစ်ဦးက ပြောသည်။

ကရင်နီပြည်နယ်တွင် တိုက်ပွဲများကြောင့် တစ်ပတ်အတွင်း သေဆုံးသူ ၄၀ ကျော်အထိ ရှိလာ

ကယား(ကရင်နီ)ပြည်နယ်၊ လွိုင်ကော်မြို့အနီးတစ်ဝိုက်ရှိဒေသများ၌ လက်နက်ကြီးပစ်ခတ်ခံရခြင်း၊ လေယာဥ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခံရခြင်းများကြောင့် သေဆုံးသူ ၄၀ ဦးကျော်ရှိ လာခဲ့ကြောင်း ကရင်နီလူ့အခွင့်အရေးအဖွဲ့မှ သိရသည်။

လောက်ကိုင်မြို့တွင် ပိတ်မိနေသည့် ထိုင်းနိုင်ငံသား ၄၁ ဦး မိခင်နိုင်ငံသို့ ဘေးကင်းစွာဖြင့် ပြန်လည်ရောက်ရှိ

ရှမ်းပြည်နယ်၊ ကျိုင်းတုံမြို့ကို ရောက်ရှိနေသည့် အဆိုပါထိုင်းနိုင်ငံသား ၄၁ ဦးသည် မြန်မာအစိုးရ စီစဉ်ပေးသည့် ဘက်စ်ကား ဖြင့် ထိုင်းနှင့် မြန်မာ အမှတ်(၁) ချစ်ကြည်ရေးတံတားကို သွားရောက်ခဲ့ရကြောင်း သိရသည်။

တောင်တရုတ်ပင်လယ်အတွင်း တင်းမာမှုများကို တရုတ်သမ္မတနှင့် ဖိလစ်ပိုင်သမ္မတို့ တွေ့ဆုံဆွေးနွေး

ဖိလစ်ပိုင်သမ္မတနှင့် တရုတ်သမ္မတတို့သည် အမေရိကန်နိုင်ငံတွင် ကျင်းပသော အေပက်ထိပ်သီးအစည်းအဝေးအတွင်း တွေ့ဆုံခဲ့ရာ တောင်တရုတ်ပင်လယ်အတွင်း တင်းမာမှုများ မြင့်တက်နေခြင်းကို ဖြေလျော့ရန် အဓိကထား ဆွေးနွေးခဲ့ခြင်းဖြစ်သည်။

ရှမ်းမြောက်တွင် ရာသီဥတုကြောင့် စစ်ရှောင်လမ်းများ ပျက်စီးနေသဖြင့် ဒေသခံများအခက်ကြုံ

ယမန်နေ့ နေ့လည်ပိုင်းက မူဆယ်-နမ့်ခမ်း-မိုင်းဝီး-နမ်မတူ တောလမ်းပိုင်းများတွင် မိုရွာသွန်မှုကြောင့် တောလမ်းများမှာ သွားလာရန်ခက်နေကြောင်း ကမ်းလက် လူမှုကူညီရေးမှ အသင်းဝင်တစ်ဦး၏ ပြောကြားချက်အရ သိသည်။

လွိုင်ကော်ခရိုင်တရားရုံး တိုက်ပွဲကြောင့် မီးလောင်

နှစ်ဖက်တိုက်ပွဲအတွင်း လေကြောင်းတိုက်ခိုက်မှုကြောင့် ခရိုင်တရားရုံးအနီးရှိ ဆောက်လုပ်ရေးရုံး ဝန်ထမ်းအိမ်ယာအတွင်းမှ နေအိမ်တံခါးပေါက်များ ပွင့်ထွက်ခြင်း၊ မှန်ကွဲခြင်းများ ဖြစ်ပေါ်ခဲ့ပြီး ထိုနေရာတွင် နေထိုင်သူများ စစ်ဘေးတိမ်းရှောင်ခဲ့ရသည်ဟု ဒေသခံတစ်ဦးက ပြောသည်။

ကရင်နီဒေသစစ်ရှောင်များ ပအို့ဝ်းအဖွဲ့နယ်မြေသို့ လာရောက်စစ်ရှောင်နိုင် ဟုဆို

ထို့ပြင် NCA ပါ ပြဌာန်းချက်များနှင့်အညီ စစ်ရှောင်များကို လုံခြုံရေး၊ စားဝတ်နေရေး၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများကို ဆောင်ရွက်ပေးနိုင်ရန် ကူညီ ကယ်ဆယ်ရေးအဖွဲ့ကိုလည်း ဖွဲ့စည်းခဲ့ကာ၊ ဆက်သွယ်နိုင်ကြောင်း သိရသည်။

အမြန်လမ်းရှိ တိုးဂိတ်အချို့တွင် ည ၁၀ နာရီနောက်ပိုင်း ဖြတ်သန်းခွင့် ပိတ်ပင်

"အမြန်လမ်းမှာ ၂၄ နာရီဖြတ်သန်းခွင့်ပြုထားတယ်လို့ အသိပေးကြေညာမှုတွေ ရှိနေပေမယ့် အချို့တိုးဂိတ်​တွေမှာ ည ၁၀ နာရီနောက်ပိုင်းဆို ဖြတ်သန်းသွားခွင့် မပြုတော့ပါဘူး။ ညဘက်သွားလာသူတွေအနေနဲ့ မနက် ၄ နာရီအချိန်မှ ပြန်လည်ဖြတ်သန်းခွင့်ပြုပါတယ်။ ညဘက်မှာ လမ်းမှာပဲအိပ်ကြရတယ်။"

မွန်နှင့်ကရင်ပြည်နယ်အား ဆက်သွယ်ထားသည့် အတ္ထရံတံတား တိုက်ပွဲကြောင့်ပျက်စီး

အတ္ထရံမြစ်အား ဖြတ်သန်းတည်ဆောက်ထားကာ ပြည်နယ်နှစ်ခုအား ဆက်သွယ်ထားပြီး ချောင်းနှစ်ခွတံတားဟုလည်းခေါ်ဆိုသည့် အဆိုပါတံတားအား ဒေသတွင်းလက်နက်ကိုင် အဖွဲ့က သိမ်းပိုက်ပြီးနောက် ယမန်နေ့က တိုက်ပွဲဖြစ်ပွားစဉ်အတွင်း တံတားပျက်စီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အွန်လိုင်းမှလိမ်လည်မှုကျူးလွန်နေသည့် တရုတ်နိုင်ငံသားများ ဒီဇင်ဘာ ၃၁ ရက်နေ့အတွင်း လာရောက်အဖမ်းခံရန် ယူနန်ရဲတပ်ဖွဲ့ တိုက်တွန်း

တရုတ်နိုင်ငံသာများသည် မိခင်နိုင်ငံသို့ ပြန်မလာခင် သက်ဆိုင်ရာရဲတပ်ဖွဲ့ထံ အနည်းဆုံး ၇ ရက် ကြိုတင်အကြောင်းကြားရမည်ဖြစ်ကြောင်း၊ တရားဝင်လမ်းကြောင်းမှ တရုတ်နိုင် ငံသို့ ပြန်လာရမည်ဖြစ်ကြောင်း တရုတ်ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။