» သတင်း

ညောင်ရွှေမြို့တွင် စစ်ဘေးရှောင် ၂၅၀၀ ကျော် စားဝတ်​နေ​ရေးအကူအညီ အရေးပေါ်လိုအပ်နေ

ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့နယ်နှင့် ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုးဗြဲမြို့တို့မှ ပြောင်းရွှေ့လာကြသည့် စစ်​ဘေး​ရှောင်လူဦးရေ ၂၅၀၀ ကျော်တို့ ​ညောင်​ရွှေစစ်​​ဘေး​ရှောင်စခန်းသို့ ​ရောက်ရှိ​နေ​ကြောင်း၊ ညောင်​ရွှေစစ်​ဘေး​ရှောင်စခန်း တာဝန်ရှိသူတစ်ဦးက ယ​နေ့​ခေတ်သို့ ​ပြောသည်။

မရမ်းကုန်းမြို့နယ်တွင် ကားလေးစီးဆင့်တိုက် အမျိုးသားသုံးဦး ဒဏ်ရာရ

အိမ်းစီးကားက လမ်းပြောင်းပြန်ကျော်မောင်းလာရာက Light Truck ကားနှင့်ဝင်တိုက်ခဲ့ပြီး အနောက်မှမောင်းလာသည့် ကားနှစ်စီးနှင့်ပါ ဆင့်တိုက်ခဲ့ကြောင်း မေတ္တာသီတာရေစင် လူမှုကူညီရေးအသင်းမှ အသင်းဝင်တစ်ဦး၏ ပြောကြားချက်အရ သိရသည်။

ရခိုင်ပြည်နယ်တွင်း တစ်ကျော့ပြန်တိုက်ပွဲများကြောင့် ဖမ်းဆီးခံရသူများကို ICRC မှ အကူအညီပေးမည်

နိုဝင်ဘာ ၁၃ ရက်တွင် ရခိုင်ပြည်နယ်၌ တိုက်ပွဲများဖြစ်ပွားခဲ့ပြီးနောက် ဒေသအုပ်ချုပ်ရေးအဖွဲ့မှ ဒေသခံ ၁၀၀ ကျော်ကို ဖမ်းဆီးထားပြီး၊ ရခိုင်ပြည်နယ်အတွင်း ဆက်သွယ်ထား သည့် ကုန်းလမ်းများနှင့် ရေလမ်းကိုပါ ပိတ်ထားကြောင်း သိရသည်။

ပြင်ဦးလွင် တန်ဆောင်တိုင် မီးပုံးပျံပွဲတော်ကို မကျင်းပဖြစ်တော့ ဟုဆို

"မလုပ်ဖြစ်တော့ဘူး။ နယ်မြေမအေးချမ်းတာကြောင့်လည်း ပါမယ်ထင်တယ်။ တိုက်ပွဲဖြစ်တဲ့နေရာနဲ့နီးတော့။ အဲဒီလိုတော့ပြောသံကြားတယ်။" ဟုပြင်ဦးလွင်မြို့ရှိ ဒေသခံတစ်ဦး က ယနေ့ခေတ်သို့ ပြောသည်။

တောင်ကြီး၌ ယနေ့မှ နိုဝင်ဘာ ၂၇ ရက်အထိ ညမထွက်ရအမိန့်အား ယာယီရုတ်သိမ်း

တောင်ကြီးမြို့ရှိ ဟိုတယ် ၃၀၀ ကျော်မှ အခန်းပေါင်း တစ်သောင်းခွဲခန့်မှာလည်း ယခုလအစပိုင်းကတည်းက ကြိုတင်မှာယူထားသူများဖြင့် ပြည့်နေပြီဖြစ်ကြောင်း တောင် ကြီးမြို့ရှိ ဟိုတယ်လုပ်ငန်းရှင်တစ်ဦးထံမှ သိရသည်။

နမ့်ခမ်း၌ တိုက်ပွဲပြင်းထန်နေဆဲဖြစ်ကာ ဒေသခံအချို့ ထိခိုက်ဒဏ်ရာရပြီး နေအိမ်များပျက်စီး

နမ့်ခမ်းမြို့တွင်းနှင့် အနီးတဝိုက် ကျေးရွာများကို လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ပြီး၊ လေကြောင်းတိုက်ခိုက်ခဲ့၍ စာရေးတန်းရပ်ကွက်ရှိ နေအိမ်သုံးလုံး ထိခိုက်ပျက်စီးခဲ့ ကာ ကောင်းတပ်ကျေးရွာနှင့် ပန်းစံကျေးရွာတို့တွင် လက်နက်ကြီးကျည်တစ်လုံးစီ ကျရောက်ခဲ့ကြောင်း သိရသည်။

မြန်မာ့ခရီးသွားကဏ္ဍတွင် ရင်းနှီးမြှုပ်နှံရန် တရုတ်ကို ဖိတ်ခေါ်

“တရုတ်နဲ့ အိန္ဒိယကို ဆိုက်ရောက်ဗီဇာ ခွင့်ပြုပေးထားပြီးပြီဆိုတော့ တရုတ်ခရီးသွားတွေ အထူးဝင်ရောက်လာဖို့ ရှိတယ်။ ဒီနှစ်မှာတော့ ပိုပြီးဝင်ရောက်လာမယ်လို့ ခန့်မှန်းထား တယ်။” ဟု မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ရှမ်းပြည်ကိုးကန့်ဒီမိုကရက်တစ်ပါတီအား ဖျက်သိမ်းကြောင်း ရွေးကောက်ပွဲကော်မရှင် ကြေညာ

"ရွေးကောက်ပွဲကော်မရှင်တွင် နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ထားတဲ့ ရှမ်းပြည်ကိုးကန့်ဒီမိုကရက်တစ်ပါတီကို ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၂၀ ရက်မှစ၍ နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင် ထားခြင်းမှ ပယ်ဖျက်၍ ပါတီအား ဖျက်သိမ်းလိုက်ပါတယ်။" ဟု...

ဂုတ်တွင်းလမ်း မကြာခင်ပြန်လည်အသုံးပြုနိုင်တော့မည်ဟု ဒေသခံများ ဆို

ယနေ့ နိုဝင်ဘာ ၂၀ ရက်၊ နံနက် ၁၀ နာရီခွဲဝန်းကျင်က ဂုတ်တွင်းလမ်းပေါ်ရှိ ပိတ်မိနေသည့်ကားများအား ဦးစားပေးစနစ်ဖြင့် သွားလာခွင့်ပြုထားသော်လည်း မွန်းတည့် ၁၂ နာရီခန့် တွင် သွားလာခွင့် ခေတ္တပြန်လည်ပိတ်ထားကြောင်း ဒေသခံကုန်တင်ယာဥ်မောင်းများထံမှ သိရသည်။

မြန်မာနိုင်ငံရေးပြဿနာက အာဆီယံအတွက် အခက်အခဲဖြစ်နေကြောင်း ဖိလစ်ပိုင်သမ္မတ ဆို

ဖိလစ်ပိုင်သမ္မတ ဖာဒီနန်မာကိုစ့်ဂျူနီယာက "မြန်မာနိုင်ငံရေးနဲ့ လက်နက်ကိုင်ပဋိပက္ခတွေကို ဖြေရှင်းဖို့ အာဆီယံအတွက် တွန်းအားပေးနေပါတယ်။ ဒါပေမယ့် မြန်မာနိုင်ငံရေး ပြဿနာက အလွန့်အလွန်ခက်ခဲရှုပ်ထွေးတဲ့ ပြဿနာမျိုးဖြစ်တယ်။" ဟု ပြောသည်။