» သတင်း

တိုက်ပွဲများ ပြင်းထန်နေစဉ် ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသဦးစီးအဖွဲ့ ဥက္ကဋ္ဌကို တာဝန်မှရပ်စဲ

ဦးမြင့်ဆွေမှာ ပြီးခဲ့သည့် နိုဝင်ဘာ ၈ ရက်က နေပြည်တော်တွင်ပြုလုပ်သည့် ကာ/လုံအစည်းအဝေးသို့ အထူးဖိတ်ကြားသူတစ်ဦးအနေဖြင့် တက်ရောက်ခဲ့ကာ ရှင်းလင်းပြောကြားမှု များ ပြုလုပ်ခဲ့ကြောင်း နိုင်ငံပိုင်မီဒီယာတွင် သတင်းဖော်ပြချက်အရ သိရပြီး

ငပလီတွင်ပိတ်မိနေသည့် ခရီးသွားများကို ကုန်းလမ်းနှင့် လေကြောင်းမှ ပြန်နိုင်ရန်စီစဉ်နေ ဟုဆို

"ကိုယ်ပိုင်ကားတွေနဲ့ လာတဲ့သူတွေကတော့ သူတို့စီစဉ်ပေးတဲ့ တောင်ကုတ်လမ်းပိုင်းကနေ ပြန်ခွင့်ပြုထားတယ်။ ခရီးသည်တင်ကားတွေကို ပေးမဝင်ဘူး။ ပေးမဝင်တော့ လိုင်း ကားနဲ့လာတဲ့သူတွေက လေယာဉ်နဲ့ ပြန်ရမှာပေါ့။"

လားရှိုးမြို့ အပါအဝင် မြို့နယ်ခြောက်မြို့နယ်ကို ညနေ ၆ နာရီမှ နံနက် ၆ နာရီအတွင်း ညမထွက်ရအမိန့် ထုတ်ပြန်

အဆိုပါ မြို့နယ်ခြောက်မြို့နယ်နှင့် အနီးဝန်းကျင်ဒေသများတွင် နှစ်ဖက်တိုက်ပွဲများ ပြင်းထန်စွာဖြစ်ပွားလျက်ရှိကာ ဒေသခံသောင်းချီ၍ နေရပ်စွန့်ခွာကာ ဘေးလွတ်ရာ နေရာများတွင် နေထိုင်နေရကြောင်း ဒေသတွင်း ကူညီရေးလုပ်ဆောင်နေသူများထံမှ သိရသည်။

စက်သုံးဆီရှိလျက် ရောင်းချမပေးသည့် ရန်ကုန်မြို့မှ စက်သုံးဆီဆိုင်သုံးဆိုင်အား အရေးယူ ဟုဆို

အဆိုပါ စက်သုံးဆီဆိုင်သုံးဆိုင်အား စိစစ်၍ ရေနံနှင့် ရေနံထွက်ပစ္စည်းဆိုင်ရာ ဥပဒေစီမံခန့်ခွဲမှုနည်းလမ်းအရ စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီး ကြပ်ရေးကော်မတီမှ အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

လွိုင်ကော်၌ လေကြောင်းနှင့် လက်နက်ကြီးပစ်ခတ်ခံရမှုတို့ကြောင့် သေဆုံးသူ ၁၉ ဦးထိရှိ

လွိုင်ကော်မြို့၌ လေကြောင်းဖြင့် တိုက်ခိုက်မှုကြောင့် ဒေသခံအမျိုးသား ကိုးဦး၊ အမျိုးသမီး ငါးဦး၊ စုစုပေါင်း ၁၄ ဦးသေဆုံးခဲ့ပြီး လက်နက်ကြီး ကျည် ကျရောက်ပေါက်ကွဲမှုကြောင့် သေဆုံးသူ အမျိုးသားတစ်ဦး၊ အမျိုးသမီးတစ်ဦး စုစုပေါင်း နှစ်ဦးသေဆုံးခဲ့ကြောင်း သိရသည်။

တရုတ်နှင့် မြန်မာနယ်စပ်တွင် ဖြစ်ပွားနေသည့် တိုက်ပွဲများကို အမြန်ဆုံး အပစ်အခတ်ရပ်စဲရန် တရုတ်အစိုးရ ထပ်မံတောင်းဆို

မြန်မာအစိုးရအနေဖြင့် တရုတ်နှင့် မြန်မာနယ်စပ်ဒေသ ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ဖြစ်ပွားနေသည့် လက်နက်ကိုင်ပဋိပက္ခများနှင့် ပတ်သက်ပြီး အပစ်အခတ်ရပ်စဲရန်နှင့် တွေ့ဆုံဆွေးနွေးရန် နိုဝင်ဘာ ၁၄ ရက်နေ့က ထပ်မံတိုက်တွန်းလိုက်သည်။

ငပလီကမ်းခြေတွင် ခရီးသွား ၇၀၀၀ ခန့် ​နေရပ်မပြန်နိုင်ပဲ ပိတ်မိ​နေ ဟုဆို

ရခိုင်ပြည်နယ်၊ သံတွဲမြို့ရှိ ငပလီကမ်း​​ခြေတွင် နိုဝင်ဘာ ၁၅ ရက်အထိ ခရီးသွား ၇၀၀၀ ခန့် ​နေရပ်မပြန်နိုင်ပဲ ပိတ်မိ​နေ​ကြောင်း ရန်ကုန်မြို့​နေ ငပလီကမ်း​ခြေ​ရောက် ခရီးသွား တစ်ဦးက ယ​နေ့​ခေတ်သို့ ​ပြောသည်။

ကြက်သွန်နီ တစ်ပိဿာ လေးထောင်ကျပ်နီးပါးအထိ ဈေးနှုန်မြင့်တက်

အိန္ဒိယနိုင်ငံမှ ပို့ကုန်အခွန် တိုးမြှင့်ပြောင်းလဲလိုက်ခြင်းကြောင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံအနေဖြင့် မြန်မာ့ကြက်သွန်နီကို ပြန်လည်ဝယ်ယူမှု များလာသည့်အတွက် ပြည်တွင်းကြက်သွန်နီ ဈေးနှုန်း မြင့်တက်လာခြင်းဖြစ်ကြောင်း သိရသည်။

လွိုင်ကော်၌ ဒေသခံသောင်းချီ အရေးပေါ် စစ်ဘေးရှောင်နေရ

ယနေ့ နံနက်တွင် လွိုင်ကော်မြို့၌ နှစ်ဖက်တိုက်ပွဲများ ပြင်းထန်စွာဖြစ်ပွာနေကာ လက်နက်ကြီးပစ်ခတ်မှုနှင့် လေကြောင်းတိုက်ခိုက်မှုများရှိနေ၍ ဒေသခံအများအပြား ဘေးလွတ်ရာ နေရာများသို့ ထွက်ပြေးတိမ်းရှောင်ရသည်ဟု သိရသည်။

တရုတ်နိုင်ငံသို့ သစ်သီးတင်ပို့သည့် ကုန်ကားခ ၂၅ သိန်းမှ သိန်း ၇၀ ဖြစ်လာ

တရုတ်နိုင်ငံသို့ သစ်သီးပုံမှန်တင်ပို့နေကြ လမ်းကြောင်းဖြစ်သည့် မန္တလေး-လားရှိုး-မူဆယ် ပြည်ထောင်စုလမ်းမကြီးကို အောက်တိုဘာလ ၂၇ ရက်တွင် ပိတ်ထားလိုက်သဖြင့် မူဆယ် ၁၀၅ မိုင်သို့ သစ်သီးများ တင်ပို့နိုင်ခြင်းမရှိတော့ပဲ...