» သတင်း

ပြည်တွင်းရွှေစျေး တရိပ်ရိပ်မြင့်တက်၊ အခေါက်ရွှေတစ်ကျပ်သား ၃၆ သိန်းကျော်သို့ ရောက်ရှိ

"ဒီရက်ပိုင်းအတွင်း နေတိုင်းကို စျေးတက်လာတာ။ နိုဝင်ဘာ ၁၃ ရက်က ၃၅ သိန်း၊ မနေ့က (နိုဝင်ဘာ ၁၄ ရက်) နေ့ခင်းက ၃၅ သိန်း ၄ သောင်းကနေ ညနေပိုင်းမှာ ၃၆ သိန်းကို…

ဒိုက်ဦးနှင့် ပြွန်တန်ဆာဘူတာအကြားရှိ တံတားပေါ်တွင် မိုင်းပေါက်ကွဲ

ရန်ကုန်-မန္တလေး ရထားလမ်းမကြီး၏ ဒိုက်ဦးဘူတာနှင့် ပြွန်တန်ဆာဘူတာအကြား မိုင်တိုင် (၈၅/၁-၂)ရှိ တံတားအမှတ် (၁၁၆ /A) အနီးတွင် မိုင်းပေါက် ကွဲ၍ တံတားအစွန် ကွန်ကရစ်ခုံ သုံးပေပတ်လည်ခန့် ပျက်စီးခဲ့ပြီး အဆိုပါနေရာအနီးတွင် လက်လုပ်မိုင်းများတွေ့ရှိရကြောင်း သိရသည်။

ရခိုင်တွင် ရေထွက်ကုန်ကဏ္ဍအတွက် နိုင်ငံခြားရင်းနှီးမြုပ်နှံမှုဝင်ရောက် ဟုဆို

ငါး၊ ပုစွန်၊ ဂဏန်းပျော့ ပြုပြင်ထုတ်လုပ်မည့် FDI လုပ်ငန်း၌ အမေရိကန်ဒေါ် လာ (ဝ ဒသမ ၅) သန်း ရင်းနှီးမြှုပ်နှံသွားမည်ဖြစ်ပြီး၊ သောက်ရေသန့်ထုတ်လုပ်မည့် နိုင်ငံသားပိုင် လုပ်ငန်းသည် ကျပ်သန်း ၁,၀၀၀ ရင်းနှီးမြှုပ်နှံသွားမည်ဖြစ်ကြောင်း သိရသည်။

တရုတ်အဝယ်ရပ်သဖြင့် ပြည်တွင်းပဲဈေးကွက် အရောင်းအဝယ်အေးပြီး ဈေးကောင်းမရ ဟုဆို

ရှမ်းပြည်နယ်မြောက်ပိုင်းရှိ မြို့နယ် ၂၂ ခုအနက်၊ မြို့နယ် ၉ ခုတို့တွင် တိုက်ပွဲများစတင်ဖြစ်ပွားခဲ့ပြီးနောက် မန္တလေး-လားရှိုး-မူဆယ် ပြည် ထောင်စုလမ်းမကြီးကို ပိတ်ထားလိုက်သဖြင့် တရုတ်နိုင်ငံနှင့် နယ်စပ်ကုန်သွယ်ရေးများ ရပ်ဆိုင်းသွားခဲ့ကြောင်း သိရသည်။

ထီးချိုင့်၌ တိုက်ပွဲကြောင့် ဒေသခံတစ်ရာကျော်သေဆုံး ဟုဆို

သေဆုံးသူအရေအတွက်မှာ ရာချီရှိကြောင်း၊ လေကြောင်းတိုက်ခိုက်မှုနှင့် လက်နက်ကြီးထိမှန်မှုတို့ကြောင့် သေဆုံးရခြင်းဖြစ်ကြောင်း ဒေသတွင်းလက်နက်ကိုင်အဖွဲ့ဖြစ်သည့် ထီး ချိုင့် PDF အဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူက ပြည်ပအခြေစိုက်သတင်းဌာနအချို့သို့ ဖြေကြားထားသည်ကို တွေ့ရသည်။

ဆားလင်းကြီး စစ်ဘေးရှောင်များ၏ လိုအပ်ချက် ၁၀ ရာခိုင်နှုန်းကိုသာ ဖြည့်ဆည်းပေးနိုင်သေး ဟုဆို

နေရပ်မပြန်နိုင်သေးသည့် စစ်ဘေးရှောင်များသည် ဘုန်းကြီးကျောင်းများနှင့် စာသင်ကျောင်း၌ အခင်းမရှိပဲ သံမံတလင်းမှာ အိပ်နေရသဖြင့် ရာသီဥတုအေးလာသောကြောင့် အိပ်ယာခင်းနှင့် စောင်များ အရေးပေါ်လိုအပ်နေကြောင်း သိရသည်။

တရုတ်တာလော့ဂိတ်ကို ဖြတ်သန်းမည့် ပို့ကုန်/သွင်းကုန်များအတွက် အခွန်ထက်ဝက် လျှော့ပေးမည်

အထက်၏ညွှန်ကြားချက်အရ အခွန်ဦးစီးဌာနမှ အထူးဒေသ(၄) မိုင်းလား-တရုတ်နိုင်ငံ တာလော့စစ်ဆေးဂိတ်၌ ဖြတ်သန်းသွားလာသည့် ကုန်စည်များကို အောက်ပါအတိုင်း အခွန် ယာယီလျှော့ပေါ့ပေးမည်ဖြစ်ကြောင်း အသိပေးကြေညာထားသည်။

လောက်ကိုင်နှင့် ကုန်းကြမ်းမြို့တို့တွင် ညနေ ၆ နာရီမှ နံနက် ၆ နာရီအထိ ညမထွက်ရအမိန့် ထုတ်ပြန်

လက်ရှိတွင် လောက်ကိုင်မြို့အနီး၌ နှစ်ဖက်တိုက်ပွဲများ ပြင်းထန်စွာဖြစ်ပွားလျက်ရှိနေကာ ဒေသခံတစ်သောင်းကျော်မှာ စစ်ရှောင်စခန်းတွင် နေထိုင်နေရကြောင်း ဒေသတွင်း သတင်းများအရ သိရသည်။

စက်သုံးဆီ ပုံမှန်အတိုင်း ဝယ်ယူ၍‌ရနေပြီဟု ထုတ်ပြန်ထားသော်လည်း အရောင်းဆိုင်အချို့၌ ဓာတ်ဆီဝယ်ယူ၍မရ ဟုဆို

"ဆီကဝယ်ရတာ အခက်အခဲဖြစ်နေတော့ ချွေတာမောင်းနေရတယ်။ ကားတောင်ထွက်တစ်ရက်၊ မထွက်တစ်ရက်ဖြစ်နေတာ။ ဆီလိုက်ရှာဝယ်ရင်းနဲ့ ရှိတဲ့ဆီတောင် ကုန်တယ်။ တောက်လျှောက်ဒီလိုဆိုရင် အဆင်မပြေဘူး။" ဟု ၎င်းကဆက်လက်ပြောကြားသည်။

တိုက်ပွဲများပြင်းထန်နေ၍ ရန်ကုန်-လွိုင်ကော် လေကြောင်းခရီးစဥ်အား နိုဝင်ဘာလကုန်ထိ ရပ်နား

ရန်ကုန်-လွိုင်ကော် ခရီးစဥ်များအား သောကြာနေ့နှင့် တနင်္ဂနွေနေ့များတွင် ပုံမှန်ပြေးဆွဲပေးလျက်ရှိသော်လည်း ပြီးခဲ့သည့် နိုဝင်ဘာ ၁၁ ရက်က စတင်ဖြစ်ပွားခဲ့သည့်တိုက်ပွဲမှာ ယနေ့ချိန်အထိ ပြင်းထန်နေသဖြင့် လေကြောင်းခရီးစဥ်ပါ ရပ်နားထားခြင်းဖြစ်ကြောင်း သိရသည်။