» သတင်း

မြောက်ဦးနှင့် မင်းပြား၌ ပစ်ခတ်ခံရ၍ သုံးဦးသေဆုံးကာ သုံးဦးထိခိုက်ဒဏ်ရာရ

"အဲ့အချိန်က ဒီဘက်မှာ ဘာတိုက်ပွဲမှမဖြစ်ဘူး။ ပြည်သူတွေ သွားကြလာကြ၊ ဈေးဝယ်ကြနဲ့ ဟိုသွားဒီသွား၊ ကျောင်းတက်တာတွေရော အကုန်ရှိတာ။ တိုက်ပွဲဖြစ်တာမရှိပဲနဲ့ကို ပစ်တာ။ တစ်ယောက်က အဲ့နေရာမှာပဲသေတယ်။ အမျိုးသားနှစ်ယောက်ပါ။"

ထိုင်းဆောက်လုပ်ရေးလုပ်ငန်းတွင် အလုပ်လုပ်နေသည့် မြန်မာနိုင်ငံသား ၁၈၀ ကျော် အလုပ်ထုတ်ခံရ

အလုပ်ရှင်သည် ၎င်းတို့ကို လုပ်ခလစာမပေးသည်မှာ နှစ်လရှိနေပြီး ရရန်ရှိသောလစာများ ပြန်လည်ရရှိရန်အတွက် သက်ဆိုင်ရာအဖွဲ့စည်းများမှ ကူညီပေးစေလိုကြောင်း မြန်မာ အလုပ်သမားများက တောင်းဆိုထားသည်။

ရေထွက်ကုန်နှင့် လယ်ယာထွက်ကုန်ပစ္စည်းများ အမ်းမြို့၌ပိတ်မိနေ ဟုဆို

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ် အနောက်တောင်ပိုင်း မေယုကမ်း ( မယူ ကမ်း)ရှိ ဒုံးပိုက်နှင့် ချိန်ခါလီ နယ်ခြားစောင့်စခန်းများကို ရက္ခိုင့်တပ်တော် (AA) မှ ဝင်ရောက်တိုက် ခိုက်ပြီး နောက်တိုက်ပွဲများဖြစ်ပွားနေကြောင်း သိရသည်။

ရခိုင်ရှိ ဒေသအများအပြား၌ ရေလမ်း၊ ကုန်လမ်းအားလုံးကို ယနေ့မှစ၍ သွားလာခွင့်ပိတ်ဆို့

"စစ်တွေကနေ ဘယ်ကိုမှသွားမရတော့ဘူး။ ပိတ်လိုက်ပြီ။ ရေယာဥ်ရော၊ ကုန်းလမ်းရော ပိတ်ထားတယ်။ အမ်းဘက်မှာဆို ကုန်ကားတွေ ပိတ်မိတယ်ပြောကြတယ်။ ရေယာဥ် ကလည်း စစ်တွေအဝင်အထွက်အားလုံးကို နစက,ကပိတ်ခိုင်းတာလေ။"

ရှမ်းမြောက်တိုက်ပွဲများဖြစ်နေသော်လည်း တောင်ကြီးတန်ဆောင်တိုင် မီးပုံးပျံပွဲတော်အတွက် ဟိုတယ်များအခန်းပြည့်နေ ဟုဆို

အဆိုပါ မီးပုံပျံပွဲတော်ကို နိုဝင်ဘာလ ၂၁ ရက်မှ ၂၇ အထိ တစ်ပတ်ကြာ ပြုလုပ်သွားမည်ဖြစ်ပြီး နှစ်နှစ်ကျော်ရပ်နားခဲ့ရာမှ ယခုနှစ်တွင် စည်ကားသိုက်မြိုက်စွာ ပြန်လည်ကျင်းပ သွားမည်ဖြစ်ကြောင်း သိရသည်။

ရခိုင်၌ တိုက်ပွဲများ ပြန်လည်ဖြစ်ပွား၊ ဒေသခံများ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်လျက်ရှိ

ရခိုင်ပြည်နယ်အတွင်း ယနေ့ဖြစ်ပွားသည့် တိုက်ပွဲများကြောင့် စစ်တွေမြို့အပါအဝင် မြို့နယ်အများအပြားသို့ ဆက်သွယ်ထားသည့် ကားလမ်းများနှင့် ရေကြောင်းလမ်းများကို ပိတ်လိုက်ကြောင်း ဒေသခံများက ပြောကြားသည်။

လွိုင်ကော်မြို့၌ လက်နက်ကြီးပစ်ခံရ၍ နှစ်ဦးသေဆုံးကာ ၁၅ ဦးထိခိုက်ဒဏ်ရာရ

"လက်နက်ကြီးထိလို့ဆိုပြီး ဆက်သွယ်လာပေမယ့်၊ ဘယ်လိုမှသွားလို့မရဘူး၊ တိုက်ပွဲဖြစ်နေတော့လေ။ ဒီနေ့ထိ( နိုဝင်ဘာ ၁၂)ကို သွားမရသေးဘူး။ ကျည်ထိမှန်တဲ့ လူနာ ၁၅ ဦးဝန်း ကျင်ရှိတယ်လို့ကြားတယ်။ အချိန်မီဆေးမကုနိုင်လို့ သေသွားတဲ့သူနှစ်ဦးရှိတယ်။" ဟု ဒေသခံတစ်ဦးက ပြောသည်။

ရန်ကုန်တွင် စက်သုံးဆီ ဝယ်ယူရ ခက်ခဲနေသော်လည်း 92 နှင့် ဒီဇယ် ဂါလံသန်းလေးဆယ်ကျော်ရှိ ဟုဆို

ပြည်တွင်း၌ စက်သုံးဆီအလုံအလောက်ရှိကာ 92 အမျိုး အစားဓာတ်ဆီနှင့် ဒီဇယ်ဆီ ဂါလံသန်းလေးဆယ်ကျော်ရှိကြောင်း နစက ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ယနေ့တွင် ပြောကြားသည်။

သင်္ဃန်းကျွန်း၌ ဘေးတွဲဆိုင်ကယ်နှင့် အိမ်စီးကားတိုက် လေးဦးဒဏ်ရာရ

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ်၊ လေးထောင့်ကန်လမ်းမကြီး၌ ဘေးတွဲဆိုင်ကယ်နှင့် အိမ်စီးကားတိုက်မိပြီး လေးဦးဒဏ်ရာရှိကာ တစ်ဦးမှာစိုးရိမ်ရကြောင်း သိရသည်။

နမ့်ခမ်း၌ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲ၍ နေအိမ် ၆ လုံး မီးလောင်

"တိုက်ပွဲဖြစ်ပွားတာမရှိပဲနဲ့ လက်နက်ကြီးကျရောက်တာ။ တချို့အိမ်မှာ ဂတ်စ်အိုးတွေ၊ ဆိုင်ကယ်တွေ၊ ဓာတ်ဆီတွေနဲ့ မီးစက်ပါရှိတော့ မီးလောင်တာက ပိုများသွားတာ။ နမ့်ခမ်းမီး သတ်က မီးလာသတ်ပေးပေမဲ့ အိမ်ခြောက်လုံး ပြာကျသွားတယ်။"