» သတင်း

ကယားပြည်နယ်၌ လေတပ်၏ အပေါ့စား တိုက်ခိုက်ရေးလေယာဉ်တစ်စင်း ပျက်ကျ

အဆိုပါလေယာဉ်မှာ စက်ချွတ်ယွင်းမှုကြောင့် ပျက်ကျခဲ့သည်ဟု ပြောကြားသော်လည်း မည်သည့်အမျိုးအစား လေယာဉ်ဖြစ်ကြောင်းနှင့် ကယားပြည်နယ်ရှိ မည်သည့်နေရာသို့ ပျက်ကျခဲ့သည်ကို ပြောဆိုခြင်းတော့ မရှိပေ။

မြန်မာနိုင်ငံနှင့် နယ်စပ်ချင်းထိနေသည့် နေရာများတွင် တည်ငြိမ်ရေးနှင့် လုံခြုံရေး လုပ်ဆောင်သွားမည်ဖြစ်ကြောင်း တရုတ်အစိုးရ ထပ်မံပြောဆို

နှစ်နိုင်ငံနယ်စပ်ဒေသ တည်ငြိမ်ရေးကို ထိန်းသိမ်းနိုင်ရန်အတွက် ပူး ပေါင်းဆောင်ရွက်ရန် မြန်မာနိုင်ငံကို တိုက်တွန်းကြောင်း၊ တိုက်ပွဲများကြောင့် ထိခိုက်သေဆုံးမှုများ ထပ်မံမဖြစ်စေရန် တားဆီးစေလိုကြောင်း

ကသာမြို့၌ အခြေခံပညာကျောင်းများနှင့် ဘဏ်များ ယာယီပိတ်ထားရ

"ကသာမှာတော့ တိုက်ပွဲတွေဖြစ်တာတော့ မရှိဘူး။ ညပိုင်းတွေတော့ လက်နက်သံတွေကြားရတယ်။ တချို့လဲကြောက်ပြီး ​တခြားမြို့တွေကို ပြောင်းကုန်ကြတယ်။ တစ်ချို့ဆိုင်တွေ လည်းပိတ်တယ်။" ဟု ဒေသခံတစ်ဦးက ပြောသည်။

ရန်ကုန်-မြိတ် ရေယာဉ်ခရီးစဥ်များပြန်လည်ပြေးဆွဲရန် စီစဉ်နေ

ယခုအချိန်တွင် ရေး-မြိတ်-ထားဝယ် ကုန်းလမ်းတစ်လျှောက်တွင် မကြာခဏတိုက်ပွဲများ ဖြစ်ပွားနေသဖြင့် ခရီးသည်များ လုံခြုံမှုမရှိသောကြောင့် လေကြောင်းလိုင်းကိုသာ အသုံးပြုနေရသဖြင့် ယခုလို ရေကြောင်း ခရီးစဉ် ပြေးဆွဲနိုင်ရေး စီစဉ်ရခြင်းဖြစ်ကြောင်း သိရသည်။

စစ်ဆေးရေးတင်းကြပ်နေ၍ ညောင်ခါးရှည်ဂိတ်၌ ယာဉ်တန်းပိတ်ဆို့မှု တစ်ပတ်ခန့်ကြာနေပြီ ဟုဆို

ရန်ကုန်မှ မော်လမြိုင်၊ မန္တလေးမှ မော်လမြိုင်သို့ သွားလာနေကြသည့်ကားများမှာ ညောင်ခါးရှည် X-Rays ဂိတ်ဖြတ်ရန် နာရီပေါင်းများစွာ စောင့်ဆိုင်းနေကြရပြီး ကားများပိတ်မိနေချိန်၌ ခရီးသည်များ အပေါ့အပါးသွားရန်ပင် အခက်အခဲများရှိကြောင်း ခရီးသွားလာနေကြသူများက ဆိုသည်။

ရှမ်းပြည်မြောက်ပိုင်မှ စစ်ဘေးရှောင်များအတွက် ကန်ဒေါ်လာတစ်သန်း အသုံးပြုမည်ဟု UNOCHA ဆို

ပဋိပက္ခဒဏ်သင့် ပြည်သူများကို ဝင်ရောက်ကူညီနိုင်ရန် သက်ဆိုင်ရာအဖွဲ့အစည်းအားလုံးက တိုက်ပွဲများကိုရပ်ပြီး အတားအဆီးမဲ့ ဝင်ရောက်ကူညီခွင့်ပြုရန် အရေးကြီးသည်ဟု UNOCHA မှ တောင်းဆိုထားကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။

လားရှိုးမြို့တွင် တစ်နှစ်ခွဲ ကလေးတစ်ဦး ကားတိုက်ခံရပြီး နေရာတွင်သေဆုံး

လားရှိုးမြို့နယ်တွင် (၅၊၆၊၇) အိမ်ရာဝန်းရှေ့တွင် တစ်နှစ်ခွဲအရွယ် မိန်းကလေးတစ်ဦးကို ကားတစ်စီးက ဝင်တိုက်ခဲ့ပြီး ကလေးငယ်မှာ နေရာတွင် ဦးခေါင်ပွင့်ဒဏ်ရာနှင့် သေဆုံးသွားကြောင်း လားရှိုးလူငယ်များ လူမှုကူညီရေးမှ အသင်းဝင်တစ်ဦ၏ ပြောကြားချက်အရ သိရသည်။

မြန်မာနိုင်ငံနှင့် အစ္စရေးနိုင်ငံတို့ရှိ ဗီယက်နမ်နိုင်ငံသားများကို ဗီယက်နမ်အစိုးရ သတိပေးချက်များ ထုတ်ပြန်

ကရင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင်ရှိနေသည့် ဗီယက်နမ်နိုင်ငံသားများ အနေဖြင့်လည်း တတိယနိုင်ငံသို့ သွားရောက်ရန် သို့မဟုတ် ဗီယက်နမ်နိုင်ငံသို့ ပြန်လာစေလိုကြောင်း ဗီယက်နမ် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Pham Thu Hang က ပြောသည်။

နယ်မြေအခြေနေအရ ကသာနှင့် ကောလင်းရှိဘဏ်များ ယာယီပိတ်ထား

"လောလောဆယ်ကတော့ နယ်မြေအခြေအနေအရ ယာယီပိတ်ထားပါတယ်။ ကသာနဲ့ ကောလင်းက ဘဏ်ခွဲတွေပိတ်ထားတယ်။" ဟု KBZ Bank မှ တာဝန်ရှိသူတစ်ဦးက ပြော သည်။

ရှမ်းအရှေ့ဘက်မှ ကုန်ပစ္စည်းများ သယ်ယူရခြင်းကြောင့် စရိတ်ငါးဆခန့် မြင့်တက်လာ ဟုဆို

"ရွှေလီကနေ တိုက်ရိုက်မှာပြီး တရုတ်ဘက်ကနေ မိုင်းလားလမ်းဘက်ကို ပတ်ဝင်တာပေါ့။ ကားကြီးတွေတော့ သွားလို့မရဘူး။ လမ်းကြောင်းက ကုန်ကျစရိတ်များတော့ အရေးတ ကြီးလိုတဲ့ ကုန်တွေပဲ မှာကြတာများတယ်။ ကုန်ကျစရိတ်အရမ်းများတော့ သိပ်တော့မကိုက်ဘူး။"