» သတင်း

မူဆယ်မြို့ရှိ နာမကျန်းသူအချို့ သွားလာရေးအခက်ခဲကြောင့် ဆေးရုံသို့ အချိန်မီမပို့နိုင်ပဲ သေဆုံးမှုရှိနေ ဟုဆို

တိုက်ပွဲများ ဖြစ်ပွားခြင်းမရှိသော်လည်း မန္တလေး-လားရှိုး-မူဆယ်လမ်းပိုင်းကို အောက်တိုဘာလ ၂၇ ရက်မှစတင်ကာ ပိတ်ထားခဲ့ပြီး သိန္နီမြို့ရှိ နမ္မတူချောင်းတံတား ပါ ပျက်စီးနေသဖြင့် အရေးပေါ် နာမကျန်းဖြစ်နေသူများကို လားရှိုးနှင့် မန္တလေးဆေးရုံများသို့ ပို့ဆောင်နိုင်ခြင်း မရှိတော့ကြောင်း သိရသည်။

တရုတ်အစိုးရက မြန်မာနိုင်ငံမြောက်ပိုင်းသို့ တရုတ်နိုင်ငံသားများ ခရီးသွားခြင်းမလုပ်ရန် တားမြစ်

မြန်မာနိုင်ငံ ရှမ်းပြည်နယ်မြောက်ပိုင်းတွင် တိုက်ပွဲများဖြစ်လာခဲ့ပြီးနောက် တရုတ်အစိုးရသည် တရုတ်နိုင်ငံသားများကို မြန်မာနိုင်ငံမြောက်ပိုင်းသို့ ခရီးသွားရောက်ခြင်း မပြုလုပ်ရန် တိုက်တွန်းသတိပေးလိုက်ကြောင်း သိရသည်။

ဟားမက်စ် လက်နက်ကိုင်အဖွဲ့အပေါ် ပြုလုပ်နေသည့် အစ္စရေး၏စစ်ဆင်ရေးသည် တစ်စုံတရာမှားယွင်းနေဟု ကုလအတွင်းရေးမှူးချုပ် ဝေဖန်

အစ္စရေးနိုင်ငံသည် ပါလက်စတိုင်း လက်နက်ကိုင်အဖွဲ့၏ တိုက်ခိုက်မှုများကို လက်တုံ့ပြန်တိုက်ခိုက်ရန်အတွက် အောက်တိုဘာ ၇ ရက်နေ့တည်းက ဂါဇာဒေသကို ဝန်းရံပိတ်ဆို့ကာ တိုက်ခိုက်ခဲ့ရာ ပါလက်စတိုင်းလူမျိုး တစ်သောင်းကျော် သေဆုံးခဲ့ရကြောင်း သိရသည်။

လားရှိုး၌ ကျောက်တောင်ပေါ်မှ ကျောက်တုံးများလိမ့်ကျ၍ အိမ်အချို့ပိမိကာ သုံးဦးဒဏ်ရာရ

နေအိမ်များအား ကျောက်တုံးပိမိ၍ အနီးရှိ အသက် ၁၃ နှစ်အရွယ်ကလေးငယ်၊ ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦးနှင့် အသက် ၆၀ ဝန်းကျင် အမျိုးသမီးတစ်ဦးတို့ ထိခိုက်ဒဏ်ရာ အနည်းငယ်ရရှိခဲ့ပြီး လားရှိုးဆေးရုံ၌ ဆေးကုသမှုခံယူခဲ့ရကြောင်း သိရသည်။

မူဆယ်နှင့် ချင်းရွှေဟော် နယ်စပ်ဂိတ်များမှ လိုင်စင်ရရှိပြီးသော ပစ္စည်းများကို အခြားဂိတ်များမှ ပြောင်းလဲတင်ပို့ခွင့်ပြုမည်

လုံခြုံရေးအခြေ‌အနေ‌အနေများအရ မြန်မာ-တရုတ်ကုန်သွယ်ရေး ဆောင်ရွက်လျက်ရှိသည့် မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေး‌ဇုန်နှင့် ချင်းရွှေဟော် ကုန်သွယ်ရေးစခန်း တို့မှ တင်ပို့၊ တင်သွင်းခြင်းလုပ်ငန်းများ ဆောင်ရွက်ရန် အခက်အခဲရှိနေကြောင်း

တိုင်းပြည် အစိတ်စိတ်အမွှာမွှာကွဲသွားနိုင်ကြောင်း ကာ/လုံတွင် ယာယီသမ္မတ ပြောကြား

"ယခုကဲ့သို့ စွမ်းစွမ်းတမံ မဆောင်ရွက်ပါက တိုင်းပြည် အစိတ်စိတ်အမွှာမွှာကွဲသွားနိုင်ကြောင်း၊ သေသေချာချာ စနစ်တကျကိုင်တွယ်သွားရန်လိုကြောင်း။" ဟု ယာယီသမ္မတ ဦးမြင့်ဆွေက ပြောကြားခဲ့သည်။

အမြန်လမ်းပေါ်၌ ယာဉ်တစ်စီးတိမ်းမှောက်၊ ဦးဇင်းတစ်ပါး ပျံလွန်တော်မူ

ပျံလွန်သွားသည့် ဦးဇင်းသည် သက်တော် ၄၆ နှစ်၊ ဝါတော် ၂၅ ဝါရှိပြီး ဘွဲ့အမည်မှာ ဦးဝိဇယသိဒ္ဓိဖြစ်ကြောင်း၊ ရန်ကုန်၊ တာမွေမြို့နယ်၊ မေတ္တာညွန့်ရပ်ကွက်၊ လက်ဝဲမင်းဒင်လမ်းရှိ ဓမ္မပါလကျောင်း၏ တိုက်ပိုင်ဆရာတော်ဖြစ် ကြောင်း သိရသည်။

တီးတိန်၌ ကားဗုံးကွဲ၍ သုံးဦးသေဆုံး

"ပေါက်ကွဲအားက တော်တော်ပြင်းတယ်။ ကားက စုပ်ပြတ်သပ်သွားပြီး ကားပေါ်ပါတဲ့လူတွေက အလောင်းတောင်ပြန်မရဘူး။ အသားစတွေပဲ ကျန်ခဲ့တာ။" ဟု ဒေသခံတစ်ဦးက ပြောကြားသည်။

မြန်မာအပါအဝင် နိုင်ငံလေးနိုင်ငံမှ ဆန်တန်ချိန်တစ်သန်း အင်ဒိုနီးရှား ဝယ်ယူမည်

လက်ရှိတွင် Bulog သည် နိုင်ငံလေးနိုင်ငံနှင့် ဆန်တန်ချိန်တစ်သန်းအတွက် တင်သွင်းခွင့်စာချုပ်များ ချုပ်ဆိုထားကြောင်း သိရသည်။ အဆိုပါ နိုင်ငံလေးနိုင်ငံမှာ ထိုင်း၊ ဗီယက်နမ်၊ မြန်မာနှင့် ပါကစ္စတန်နိုင်ငံတို့ဖြစ်ကြောင်း သိရသည်။

လာမည့်ပြောင်းစိုက်ရာသီတွင် ရှမ်းမြောက်ဒေသ၌ ပြောင်းစိုက်ဧက ထက်ဝက်ခန့် လျော့ကျနိုင်

တစ်ကျော့ပြန် တိုက်ပွဲများကြောင့် ရှမ်းပြည်မြောက်ပိုင်းဒေသများရှိ ပြောင်းစိုက်တောင်သူများအနေဖြင့် ပြောင်းမျိုးစေ့နှင့် ဓာတ်မြေဩဇာဝယ် ယူရန် ခက်ခဲနေမှုများကြောင့် ပြောင်းစိုက်ဧကများ လျော့ကျနိုင်ကြောင်း ပြောင်းစိုက်တောင်သူများက ခန့်မှန်းနေကြသည်။