» သတင်း

အကျဥ်း​ထောင်များရှိ သေဒဏ်အမိန့်နှင့် ထောင်တစ်သက် အမိန့်ကျခံရများကို မိသားစုဝင်များနှင့် လူချင်းဧည့်​တွေ့ခွင့်ပြု

သတ်မှတ်ချက်များအရ သေဒဏ်အမိန့်နှင့် ထောင်တစ်သက်ကျခံရသူများကို လစဥ် ပထမဆုံးအပတ် တနင်္ဂနွေနေ့တိုင်း တစ်လတစ်ကြိမ် တွေ့ခွင့်ပြုသွားမည်ဖြစ်​ကြောင်း ရန်ကုန်အင်းစိန်အကျဥ်း​ထောင် တာဝန်ရှိသူတစ်ဦးက ယ​နေ့​ခေတ်သို့ ​ပြောသည်။

အစ္စရေးနှင့် ဟားမက်စ်စစ်ပွဲကြောင့် ကုလသမဂ္ဂဝန်ထမ်း ၉၀ နီးပါး သေဆုံး

အစ္စရေးနှင့် ဟားမက်စ် လက်နက်ကိုင်အဖွဲ့ကြား ဖြစ်ပွားနေသည့်စစ်ပွဲ တစ်လနီးပါးအတွင်း ကုလသမဂ္ဂဝန်ထမ်းဦး အနည်းဆုံး ၈၈ ဦး သေဆုံးခဲ့ကြောင်း ကုလသမဂ္ဂအဖွဲ့ အကြီး အကဲများက ပြောသည်။

ကောလင်းမြို့တွင်း တိုက်ပွဲများကြောင့် ထီးချိုင့်မြို့ပေါ်ရှိဒေသခံများ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရ

ကောလင်းမြို့ပေါ်တွင် နှစ်ဖက်ထိတွေ့တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး ယနေ့ နိုဝင်ဘာလ ၇ ရက်တွင် အဆိုပါတိုက်ပွဲများ ရပ်တန့်နေပြီး၊ ပစ်ခတ်မှုများမရှိ တော့‌ကြောင်း ကောလင်းမြို့ပေါ်တိုက်ပွဲများကြားတွင် ပိတ်မိနေသည့် ပြည်သူများကို ကယ်ထုတ်ပေးခဲ့သည့် ဒေသခံတစ်ဦးက ပြောသည်။

ကျောက်မဲ၌ စစ်ဘေးရှောင်သူ တစ်ထောင်ကျော်အထိ ရှိလာ

"စစ်ရှောင်တွေက တစ်နေ့ထက်တစ်နေ့ ပိုပိုများလာတာ။ ရွာတွေဘက်မှာတင် ရှစ်ရာကျော်လောက်ရှိတယ်။ မြို့နဲ့နီးတဲ့ နေရာတွေမှာလည်း လေး၊ ငါးရာလောက်တော့ရှိတယ်။" ဟု စစ်ဘေးရှောင်များကို ကူညီနေသူတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။

အောက်တိုဘာလမှစတင်ကာ ဆန်တန်ချိန်နှစ်သိန်းခန့် တင်ပို့မည်ဟု ခန့်မှန်းထားသော်လည်း တစ်သိန်းကျော်သာ တင်ပို့ထား

ယခုဘဏ္ဍာနှစ်၏ မီနီဘတ်ဂျက်ကာလအတွင်း ပြည်ပဆန်တင်ပို့မှု ကျဆင်းလာကြောင်း၊ ထို့ကြောင်း Export ကာလဖြစ်သည့် အောက်တိုဘာ၊ နိုဝင်ဘာ၊ ဒီဇင်ဘာလတွင် ဆန်တန် ချိန် ခုနှစ်သိန်းနီးပါး တင်ပို့မည်ဖြစ်ကြောင်း MRF မှ ပြောကြားထားသည်။

ဆန်စပါးသိုလှောင်မှုအတွက် အွန်လိုင်းစနစ်ဖြင့် မှတ်ပုံတင်ရမည် ဟုဆို

ဆန်စပါး သိုလှောင်မှုများအတွက် ကောက်ခံမည့် အွန်လိုင်းမှတ်ပုံတင်ကြေးကို ကုဗပေဈေးနှုန်းဖြင့် တွက်ချက်မည်ဖြစ်ပြီး မှတ်ပုံတင်ကြေးအတွက် တစ်နှစ်စာကို ကျပ်ငါးသောင်းမှ စတင်ကောက်ခံမည်ဖြစ်ကြောင်း သိရသည်။

နယ်စပ်အရေးအတွက် မြန်မာနိုင်ငံကို တရုတ်နိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်ရန် တရုတ်အစိုးရ တိုက်တွန်း

ပြီးခဲ့သောရက်ပိုင်းက မြန်မာတပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကြား တိုက်ပွဲများဖြစ်ပွားခဲ့ပြီးနောက် မြန်မာနိုင်ငံဘက်ခြမ်းမှပစ်လိုက်သော ကျည်ဆံများ တရုတ်နိုင်ငံဘက်ခြမ်းကို နိုဝင်ဘာ ၄ ရက် နေ့တွင် ကျရောက်ခဲ့ပြီးနောက်

လောက်ကိုင်တွင် တရုတ်ပြည်မှသယ်​ဆောင်လာ​သည့် ဆန်အိတ်များကို အလုအယက် ဝယ်ယူ​နေ

အဆိုပါ တရုတ်နိုင်ငံထုတ် ဆန်အိတ်များကို လောက်ကိုင်မြို့နယ်တွင် ကားကွင်းအထွက်ပေါက်၌ ရောင်းပေးနေခြင်းဖြစ်​ကြောင်း လောက်ကိုင်မြို့နယ် သတင်း​ထောက် ကိုစိုးနိုင်က ယ​နေ့​ခေတ်သို့ ​ပြောသည်။

မူဆယ်တွင် ပရဟိတအသင်းတစ်ခုက အ​ခြေခံစား​သောက်ကုန်များကို စျေးနှုန်းသက်သာစွာဖြင့် ​ရောင်းချ​ပေး

ကမ်းလက်ကူညီ ပရဟိတအသင်း(မူဆယ်)က တရုတ်ပြည်မှ ဝယ်ယူလာသည့် ကြက်ဥတစ်လုံးကို ကျပ် ၄၀၀ ၊ ဆန်တစ်ပြည် ၄၅၀၀ ကျပ်၊ ဆန် ၂၄ ပြည်တစ်အိတ် တစ်သိန်းကျပ် နှင့် ဆီသုံးပိသာ ၂၅,၀၀၀ ကျပ်တို့ဖြင့် ပြန်လည်ရောင်းချပေးခဲ့​ကြောင်း…

ပြည်ပပို့မည့် ဆန် ၃ တန်လျှင်တစ်အိတ်နှုန်း အရန်ဆန်ပေးသွင်းရမည် ဟုဆို

အရန်ဆန်ပေးသွင်းခြင်းကို ယခု(နိုဝင်ဘာလ)တွင် စတင်ဆောင်ရွက်သွားမည်ဖြစ်ပြီး ယင်းပေးသွင်းရမည့် ၃ တန် ၁ အိတ် အရန်ဆန်များ၏ ၄ ပုံ ၁ ပုံဖြစ် သည့် ၂၅ ရာခိုင်နှုန်းကို Physical အဖြစ် သတ်မှတ်သိုလှောင်ရုံသို့ တစ်ပတ်အတွင်း…