» သတင်း

ရန်ကုန်လေဆိပ်၌ ကျပ်သိန်းပေါင်း လေးသောင်းနီးပါးတန်ဖိုးရှိ ရွှေတုံးများဖမ်းမိ ဟုဆို

ရန်ကုန်လေဆိပ်ရှိ လေဆိပ်(သွင်းကုန်)၌ ခရီးသည်သုံးဦး၏ ဝန်စည်များအတွင်းမှ အဆိုပါ ရွှေတုံးများနှင့်အတူ iPhone 15 ProMax ၂၅၉ လုံးနှင့် အမေရိကန် ဒေါ်လာ တစ်သိန်းနှစ်သောင်းတို့ကို သိမ်းဆည်းရမိကြောင်း သိရသည်။

ကျောက်မဲ၌ စက်သုံးဆီဝယ်ယူရ ခက်ခဲနေပြီး တစ်လီတာ ၃၅၀၀ ကျပ်အထိရှိနေ

စက်သုံးဆီဝယ်ယူရ ခက်ခဲနေပြီး၊ စျေးနှုန်းမြင့်တက်မှုကြောင့် ကျောက်မဲမြို့နယ်အတွင်း စစ်ရှောင်များအား ကူညီပေးနေသည့် ပရဟိတအဖွဲ့များလည်း အခက်အခဲများဖြင့် ကြုံ တွေ့ရကြောင်း သိရသည်။

မြန်မာ-တရုတ် နှစ်နိုင်ငံအကြား လေကြောင်းလိုင်းဖြင့် ကုန်ပစ္စည်းတင်ပို့လိုပါက သက်ဆိုင်ရာအေးဂျင့်ဖြင့် ချိတ်ဆက်ဆောင်ရွက်ရမည် ဟုဆို

MNA လေကြောင်းလိုင်းမှ Cargo Flight ဖြင့် မြန်မာ-တရုတ်နှစ်နိုင်ငံအကြား ပို့ကုန်/သွင်းကုန်လုပ်ငန်းများကို စတင်ဆောင်ရွက်နေပြီဖြစ်ကြောင်း နိုဝင်ဘာ ၄ ရက်တွင် အသိ ပေးကြေညာထားသည်။

သိန္ဒီ၌ စစ်ဘေးရှောင် ရှစ်ထောင်ကျော်ရှိကာ တိုက်ပွဲအတွင်း ပိတ်မိနေသူများရှိ

သိန္ဒီမြို့ပေါ်နှင့် ကျေးရွာများတွင် စစ်ရှောင်စခန်း ၁၀ ခု ထက်မနည်း ဖွင့်လှစ်ထားကာ စစ်ရှောင်သူ ၈၄၀၀ ခန့်ရှိကြောင်း စစ်ရှောင်ကူညီပေးနေသူများက ပြောသည်။ ထို့အပြင် နှစ်ဖက်တိုက်ပွဲများအကြား ပိတ်မိနေသူများလည်းရှိကြောင်း သိရသည်။

အခွန်ကင်းလွတ်ခွင့် ရရှိထားသည့် CMP လုပ်ငန်းအချို့ အခွန်ပေးနေရဆဲ ဟုဆို

ပြည်ပမှတင်သွင်းသည့် ကုန်ကြမ်းအသုံးပြု၍ ပြည်တွင်း၌ထုတ်လုပ်သည့် Cartoon Box၊ Poly Bag၊ Padding၊ Mould အမျိုးမျိုး၊ ဖိနပ်အောက်ခံ ဆိုးလ်ပြားများ စသည်ဖြင့်လုပ်ကိုင်နေသော လုပ်ငန်းများသည် အခွန်အကောက်များ ပေးနေရဆဲဖြစ်ကြောင်း သိရသည်။

ဂါဇာတွင် အပစ်ရပ်ရေးနှင့်ပတ်သက်ပြီး အမေရိကန် နိုင်ငံခြားရေးဝန်ကြီးနှင့် အာရပ်ခေါင်းဆောင်များကြား သဘောထားကွဲလွဲ

သို့သော် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလီကန်က ဂါဇာဒေသအပေါ် တိုက်ခိုက်မှုများ ယာယီရပ်နားထားမည်ဆိုလျှင် ဟားမက်စ် လက်နက်ကိုင်အဖွဲ့များ ပြန်လည်စုဖွဲ့ နိုင်ရန် အခွင့်ရေးပေးသလို ဖြစ်လာနိုင်ကြောင်း တုံ့ပြန်ပြောဆိုခဲ့သည်။

မြန်မာနှင့် ရုရှား ပထမဆုံးအကြိမ် ရေတပ်ချင်း ပူးတွဲစစ်ရေးလေ့ကျင့်ခန်း လုပ်ဆောင်မည် ဟုဆို

ရုရှားနိုင်ငံ၏ ပစီဖိတ်သင်္ဘောအုပ်စုမှ ကြီးမားသောဖျက်သင်္ဘောများဖြစ်သော "Admiral Tributs"သင်္ဘောနှင့် "Admiral Panteleev" သင်္ဘောတို့သည် မြန်မာနိုင်ငံ၊ သီလဝါဆိပ် ကမ်းကို ရောက်ရှိနေပြီဖြစ်ကြောင်း သိရသည်။

ကွမ်းလုံ၌ တိုက်ပွဲကြား ဒေသခံများပိတ်မိနေ ဟုဆို

"ကွမ်းလုံရဲ့အခြေအနေက လက်နက်ကိုင်အဖွဲ့တွေက မြို့ထဲကိုရောက်နေကြတယ်။ တပ်စခန်းကလည်း ပစ်ခတ်တာတွေရှိနေတယ်။ ဒေသခံအများစုက ဘေးလွတ်ရာတွေ ရွေ့ ပြောင်းနေထိုင်ပေမယ့် မြို့ထဲပိတ်မိနေတဲ့သူတွေလည်း အများကြီးရှိတယ်။"

ကြံတစ်တန် ငွေကျပ်တစ်သိန်းခွဲအထိ တိုးမြှင့်ဝယ်ယူလာ

"အခုဒီဈေးနှုန်းက အဆင်ပြေတယ်။ အစက သူတို့ကြေညာတယ့် ၁၁၀,၀၀၀ က အဆင်မပြေဘူး။ အနိမ့်ဆုံး ၁၃၀,၀၀၀ မှအဆင်ပြေမှာ။ ဓာတ်မြေဩဇာတွေ၊ စက်သုံးဆီဈေးတွေ တတ်တာကြောင့် အဆင်မပြေဘူး။ အခုရတဲ့ဈေးက သင့်တင့်မျှတတဲ့ဈေးဖြစ်ပါတယ်။"

ကော့ကရိတ်၌ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲ၍ ကလေးတစ်ဦးအပါအဝင် အမျိုသမီးငါးဦး ဒဏ်ရာရ

ကော့ကရိတ်မြို့နယ်၊ (၁) ရပ်ကွက်၊ ရှမ်းစုရပ်အနီးသို့ ၆၀ မမ အမျိုးအစား လက်နက်ကြီးကျည်တစ်လုံး ကျရောက်ပေါက်ကွဲခဲ့ရာ ထိုနေရာ အနီးတွင်နေထိုင်သူ သုံးနှစ်အရွယ် ကလေးငယ်အပါအဝင် အမျိုးသမီးများ ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။