» သတင်း

အစ္စရေးကို စစ်ရေးအကူညီအဖြစ် အမေရိကန်ဒေါ်လာ ၁၄ ဒသမ ၅ဘီလျံနီးပါး ကူညီပေးရန် အမေရိကန်လွှတ်တော် ခွင့်ပြု

အမေရိကန် လွှတ်တော်ကိုယ်စားလှယ်များသည် အစ္စရေးကို စစ်ရေးအကူအညီပေးရန်အတွက် မဲခွဲဆုံးဖြတ်ခဲ့ရာ အစ္စရေးကိုကူညီထောက်ပံ့ပေးရန် ၂၂၆ မဲ၊ ကန့်ကွက်မဲ ၁၉၆ မဲ ရရှိခဲ့ကြောင်း သိရသည်။

တောင်သာနှင့် ငါန်းဇွန်း၌ ဒေသခံသုံးဦးကို သေဆုံးလျက်တွေ့ရှိ

တောင်သာမြို့နယ်၊ ကင်းဇလုပ်ကျေးရွာမှ အသက် ၆၂ နှစ်အရွယ် ဦးစန်းအောင်နှင့် အသက် ၅၂ နှစ်အရွယ် ဦးကံဝင်းတို့အား ရွာ၏မြောက် ဘက် နှစ်မိုင်ကျော်ခန့်တွင် သေနတ်ဒဏ်ရာများဖြင့် သေဆုံးလျက်တွေ့ရကြောင်း ဒေသခံတစ်ဦးက ပြောသည်။

တရုတ်-မြန်မာ နယ်စပ်ဒေသတွင် ပိတ်မိနေသည့် ထိုင်းနိုင်ငံသား ၁၆၀ ကျော်ကို မိခင်နိုင်ငံသို့ ပြန်လည်ခေါ်ယူရန် ထိုင်းအစိုးရ ကြိုးပမ်း

မြန်မာနိုင်ငံ၊ ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ပြီးခဲ့သောသီတင်းပတ်က နစကတပ်နှင့် တိုင်းရင်းသား လက်နက်ကိုင်သုံးဖွဲ့ကြား တိုက်ပွဲများစတင်ဖြစ်ပွားခဲ့ရာ ထိုင်းနိုင်ငံသားများ အပါအဝင် နိုင်ငံခြားသားများ နယ်စပ်ဒေသတွင် ပိတ်မိနေကြောင်း သိရသည်။

သင်္ဘောသားများ၏ လစာဝင်ငွေခွန် ကြိုတင်ဆောင်ရမည့်အပေါ် ဖြေလျှော့ပေးရန် သက်ဆိုင်ရာသို့တင်ပြမည် ဟုဆို

သင်္ဘောသား လစာဝင်ငွေခွန် ကြိုတင်ဆောင်ရာတွင် ကြုံတွေ့လာမည့် အခက်အခဲတင်ပြချက်များကို စာရင်းမှတ်ယူပြီး၊ ယနေ့ နိုဝင်ဘာ လ ၃ ရက်တွင် ပြည်တွင်းအခွန် ဦးစီးဌာနသို့ တင်ပြသွားမည်ဖြစ်ကြောင်း သိရသည်။

မော်တင်စွန်းဘုရားအနီး ပင်လယ်ပြင်တွင် ရိုဟင်ဂျာ ၁၆၇ ဦးနှင့် လှေလုပ်သား ၁၀ ဦးကို ဖမ်းဆီး

စစ်ရေယာဉ်-၅၅၃ မှ တိုက်ကင်းလှည့် လည်ဆောင်ရွက်နေစဉ် မသင်္ကာဖွယ် စက်လှေနှစ်စီးကို စစ်ဆေးရာမှ စက်လှေပေါ်၌ တင်ဆောင်လာ သည့် ရိုဟင်ဂျာ၊ ကျား ၈၀ ဦး၊ မ ၈၇ ဦးနှင့် ၎င်းတို့ကို ခေါ် ဆောင်လာသည့်…

တွံ့တေးတူးမြောင်းအတွင်း စစ်ရေယာဉ်ငယ်တစ်စီးအား တိုက်ခိုက်ခဲ့ ဟုဆို

တွံ့တေးတူးမြောင်း၊ ၁၆ မိုင်ခန့်အတွင်း လုံခြုံရေးဆောင်ရွက်ရန် ရပ်တန့်ထားသည့် စစ်ရေယာဉ်ငယ်တစ်စီးအား တွံ့တေးပြည်သူ့ကာကွယ်ရေး အဖွဲ့က ၄၀ မမ ဗုံးသီးဖြင့် ပစ်ခတ်ကာ လက်နက်ငယ်များဖြင့် တိုက်ခိုက်ကြောင်း ထိုအဖွဲ့ကသတင်းထုတ်ပြန်သည်။

လမ်းတွင်ပိတ်မိနေသည့် ရေထွက်ကုန်များကို နီးစပ်ရာမြို့များ၌ ရောင်းချနေရ ဟုဆို

"တိုက်ပွဲတွေစဖြစ်ကတည်းက လမ်းပိတ်တော့ ပျက်စီးလွယ်တဲ့ သစ်သီးတို့၊ ဂဏာန်းနဲ့ ငါးရှဉ့်တို့ကို ကားရောက်တဲ့နေရာမှာ ရတဲ့ဈေးနဲ့ အရှုံးခံပြီးရောင်းနေကြရတယ်။ အဲဒီ လိုမှမရောင်းရင်လည်း အကုန်ပစ်ရတော့မှာ။" ဟု နယ်စပ်ကုန်သည်တစ်ဦးက ပြောသည်။

ရှမ်း(မြောက်)၌ တိုက်ပွဲများ ဆက်လက်ပြင်းထန်နေဆဲဖြစ်ပြီး စစ်ရှောင်ဦးရေ နှစ်သောင်းနီးပါး ရှိလာ

လားရှိုးမြို့ပေါ်၌ သီရိမင်္ဂလာ မန်ဆူရှမ်းဘုန်းတော်ကြီးကျောင်းအပြင် ဟိုနမ့်၊ ဟိုပိတ်၊ မိုင်းတင်၊ ကုန်းသာ၊ မန်အိုင်၊ တာပုံ၊ ကောင်းခန် စသည့်ဘုန်းတော်ကြီးကျောင်းများတွင် လည်း လာရောက်စစ်ဘေးရှောင်သူလူဦးရေ ထောင်ချီ၍ရှိနေ ကြောင်း သိရသည်။

မြန်မာစစ်ဘေး​ရှောင် ၄၀ ကျော် အိန္ဒိယနိုင်ငံတွင် ဖမ်းဆီးခံရ

ဖမ်းဆီးခံရသူ ၄၀ ကျော်တွင် အမျိုးသမီးများနှင့် ကလေးသူငယ်များအား အိန္ဒိယနိုင်ငံအာဏာပိုင်များက ပြန်လွှတ်ပေးခဲ့ပြီး အချို့ကို အိန္ဒိယအကျဉ်း ထောင်သို့ ပို့​ဆောင်ထား​ကြောင်း India For Myanmar အဖွဲ့ တာဝန်ရှိသူတစ်ဦးက ယ​နေ့​ခေတ်သို့ ​ပြောသည်။

ကန့်သတ်ချက်ထက် ကျော်လွန်သည့် ပို့ကုန်များကို တရုတ်ဘက်မှ အခွန် ၆၅ ရာခိုင်နှုန်း တိုးကောက်မည်

လာမည့် ၂၀၂၄ ခုနှစ်တွင် တရုတ်နိုင်ငံသို့ တင်ပို့နေသည့် မြန်မာ့လယ်ယာထွက်ကုန် သုံးမျိုးဖြစ်သည့် ဆန်၊ ဂျုံနှင့် ပြောင်းတို့ကို အကန့်အသတ်ဖြင့်သာ တရုတ်နိုင်ငံသို့ တင်သွင်းခွင့် ပြုမည်ဖြစ်ကြောင်း ထိုကြေညာချက်တွင် ပါရှိသည်။