» သတင်း

မြန်မာ-တရုတ်နယ်စပ်ကုန်သွယ်ရေး ၁၀၀ ရာခိုင်နှုန်း ရပ်တန့်နေပြီ ဟုဆို

တိုက်ပွဲဖြစ်ပွားချိန်တွင် လမ်း၌ပိတ်မိနေသည့် ကုန်တင်ကား ထောင်နှင့်ချီရှိနေပြီး ယင်းတွင် သစ်သီးဝလံကား အများဆုံးပါဝင်နေသည့်အပြင် အသီးအနှံများပုတ်၍ ပစ်ရ သည့်အတွက် ဆုံးရှုံးမှုများလည်းရှိနေကြောင်း ကုန်သည်များ၏ပြောပြချက်အရ သိရသည်။

ဂျပန်တံတားပေါ်၌ YBS ၉ က Delivery စက်ဘီးအားတိုက်မိ စက်ဘီးသမား သေဆုံး

မင်္ဂလာတောင်ညွန့်မြို့နယ်၊ ၁၅ ပေ ဂျပန်တံတားပေါ် ၌ မင်္ဂလာဈေးဘက်မှတက်လာသည့် YBS ၉ (မီနီဘတ်စ်) သည် FC Express မှ အမြန်ချောပို့ Delivery စက်ဘီးကို ဝင်တိုက်မိခဲ့ကြောင်း သိရသည်။

ကျောက်ဆည်၌ တိ/မွေးကု လက်ထောက်ညွှန်ကြားရေးမှူး တစ်ဦးပစ်ခတ်ခံရ

ကျောက်ဆည်မြို့နယ်မှ တိ/မွေးကု လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာကျော်မင်းဦးသည် တံစိုးဂိတ်ရပ်ကွက်၌ ဖွင့်လှစ်ထားသည့် ၎င်း၏ဆေးဆိုင်အား သွားရောက်ဖွင့်လှစ်စဉ် ပစ်ခတ်ခံခဲ့ရ ခြင်းဖြစ်ကြောင်း သိရသည်။

လုပ်ငန်းခွင်တွင် လက်ညိုးတစ်ချောင်းဆုံးရှုံးသွားသူ မြန်မာလုပ်သားတစ်ဦး ထိုင်းဘတ်နှစ်သိန်း​ကျော် နစ်နာကြေးရ

မြန်မာလုပ်သားအမျိုးသမီး မဇင်မာနွယ်ဝင်းသည် လုပ်ငန်းခွင်အတွင်း အလုပ်လုပ်နေချိန် သံရိုက်စက်၏ ချို့ယွင်းမှုကြောင့် ညာဘက်လက်ညိုးတစ်ချောင်း ဖြတ်လိုက်ရပြီး၊ ဆေးကုသစရိတ်ကိုလည်း မိမိကိုယ်ပိုင်ဝင်ငွေမှ ကျခံသုံးစွဲခဲ့ရသဖြင့်

ရောဘတ် စစ်​ရှောင်စခန်းတွင် ကိုယ်အင်္ဂါမသန်စွမ်းသူများနှင့် သက်ကြီးဘိုးဘွားများ စားနပ်ရိက္ခာအကူအညီ လိုအပ်​နေ

လက်ရှိ ​ရောဘတ် စစ်​ရှောင်စခန်းတွင် ကိုယ်အင်္ဂါ မသန်စွမ်းသူများတွင် အသက် ၁၀ နှစ်မှ အသက် ၆၀ ​ကျော် စုစု​ပေါင်း ၈၃ ဦးရှိပြီး၊ ကိုယ်အင်္ဂါ မသန်စွမ်း ကလေးငယ်အချို့သည် ပညာသင်ကြားမှုတစ်ပိုင်းတစဖြင့် ရပ်တန့်ခဲ့ရသူများရှိခဲ့​ကြောင်း သိရသည်။

ဒီပဲယင်း၌ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲ၍ အမျိုးသမီးနှစ်ဦး သေဆုံး

ယမန်နေ့ညနေပိုင်းက ဒီပဲယင်းမြို့နယ်၊ လက်ယက်ကုန်းကျေးရွာအတွင်းသို့ လက်နက်ကြီးကျည်တစ်လုံး ကျရောက်ပေါက်ကွဲခဲ့ရာ ကျေးရွာအတွင်းနေထိုင်သူ အမျိုးသမီးလေးဦး အား ထိမှန်ခဲ့ပြီး နှစ်ဦးသေဆုံးကာ နှစ်ဦးထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။

မိုဘိုင်းငွေကြေး အလိမ်ခံရပါက တိုင်ကြားရန် ဗဟိုဘဏ်က ထုတ်ပြန်ထားသော်လည်း အဆင်မပြေ ဟုဆို

ထို့ပြင် Call Center နှင့် တိုင်တန်းချက်လက်ခံသည့်စင်တာမှ တောင်းခံသည့်အချက်အလက်များကို ချက်ချင်းပံ့ပိုးပေးရန်နှင့် သက်ဆိုင်ရာ နယ်မြေရဲစခန်းတွင် သွားရောက်အမှုဖွင့် ရမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

ဟားမက်စ် လက်နက်ကိုင်အဖွဲ့ ရွေးချယ်စရာ တတိယနည်းလမ်းမရှိကြောင်း အစ္စရေးစစ်ဘက် သတိပေး

အစ္စရေးကာကွယ်ရေးဝန်ကြီး ဂယ်လန့်က "ဟားမက်စ် လက်နက်ကိုင်အဖွဲ့အတွက် တတိယရွေးချယ်စရာဆိုတာ ရှိမှာမဟုတ်ဘူး။" ဟု နိုဝင်ဘာ ၁ ရက်နေ့ က နိုင်ငံပိုင်ရုပ်သံက တဆင့် မိန့်ခွန်းပြောဆိုချိန်အတွင်း ထည့်သွင်းပြောဆိုခဲ့သည်။

ဖရဲစိုက်တောင်သူများအနေဖြင့် မူဆယ်လမ်းကြောင်း ပိတ်ထားသည့်အတွက် ထိုင်းနိုင်ငံသို့ တင်ပို့မည်

"အထက်ဘက်က ပိတ်ထားတော့ အောက်ဘက်ကိုပြောင်းပြီး တင်ပို့ဖို့လုပ်နေတယ်။ မော်လမြိုင်၊ ဘားအံတို့ဘက်ကနေ ပို့ဖို့အတွက် ပွဲစားတွေနဲ့ ညှိနေတယ်" ဟု ဖရဲစိုက်တောင် သူတစ်ဦးက ပြောသည်။

ကြူကုတ်၌ လေကြောင်းတိုက်ခိုက်ခံရ၍ ဒေသခံနှစ်ဦးသေဆုံးကာ ငါးဦးဒဏ်ရာရ

လေကြောင်းတိုက်ခိုက်ခံရ၍ သေဆုံးသူနှစ်ဦးမှာ ဒေသခံအမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့ ဖြစ်ကြောင်း၊ ကလေးငယ်များအပါအဝင် ဒဏ်ရာရရှိသူငါးဦးမှာ တရုတ်နိုင်ငံရှိ ဆေးရုံတစ်ရုံ၌ ဆေးကုသမှုခံယူနေရကြောင်း သိရသည်။