» သတင်း

သထုံမြို့နယ်၌ ခရီးသည်တင်ယာဉ်တစ်စီးမိုင်းထိ ရှစ်ဦးဒဏ်ရာရ

"အမျိုးသားလေးဦးနဲ့ အမျိုးသမီးလေးဦး စုစုပေါင်းရှစ်ဦး ဒဏ်ရာရတယ်။ ကျွန်တော်တို့က ဖြစ်တဲ့နေရာကနေ ဆေးရုံကိုပို့လိုက်တာ။ ဒဏ်ရာတွေက အသေးစားဒဏ်ရာတွေပဲ ရကြတယ်။ ကျန်တာတော့ အသေးစိတ်မသိရဘူး"

ရှမ်း‌ပြည်မြောက်ပိုင်းရှိ ဘဏ်အချို့ ယာယီပိတ်ထား၊ ပြန်ဖွင့်မည့်ရက် ကြေညာပေးမည် ဟုဆို

"အခုကတော့ပိတ်ထားပါတယ်။ အောက်တိုဘာ ၃၁ ရက်ကစပြီး ပိတ်ထားတာပါ။ ပြန်ဖွင့်မယ့်နေ့ကို တရားဝင် page (အွန်လိုင်းစာမျက်နှာ) တွေမှာ ကြေညာပေးသွားမယ်" ဟု ပြည်တွင်းဘဏ်တစ်ခုမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

အစ္စရေးကို ယီမင်နိုင်ငံအခြေစိုက် ဟူသီလက်နက်ကိုင်အဖွဲ့က တာဝေးပစ် ဒုံးကျည်များဖြင့် စတင်တိုက်ခိုက်

ဟူသီလက်နက်ကိုင်အဖွဲ့က "ဂါဇာဒေသကို အစ္စရေးရဲ့ ကျူးကျော်တိုက်ခိုက်မှုတွေ ရပ်တန့်တဲ့အချိန်အထိ ဒရုန်းတွေ၊ ဒုံးကျည်တွေနဲ့ အရှိန်မြင့်တိုက်ခိုက်မှုတွေ ဆက်လုပ်ဆောင် သွားမယ်။" ဟုဆိုသည်။

မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန် ရပ်ဆိုင်းသွား၍ ကုန်သည်များ အရှုံးပေါ်

လားရှိုး-မူဆယ် ပြည်ထောင်စုလမ်းမကြီးကို ပိတ်ထားလိုက်သဖြင့် ကုန်ကားများ မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်အတွင်းနှင့် အပြင်ဘက်တို့တွင် ကုန်ကားအစီးရေနှစ်ရာနီးပါး ပိတ်မိနေကြောင်း သိရသည်။

မြန်မာနိုင်ငံရှိ လူပုဂ္ဂိုလ်၊ အဖွဲ့စည်းများကို အမေရိကန်၊ ဗြိတိန်နှင့် ကနေဒါနိုင်ငံတို့ ပိတ်ဆို့မှုများ ထပ်မံချမှတ်

ထိုအပြင် ဗြိတိန်နိုင်ငံနှင့် ကနေဒါနိုင်ငံတို့ကလည်း နစကနှင့်ဆက်နွယ်သော အဖွဲ့စည်းများ၊ လူပုဂ္ဂိုလ်များကို ပစ်မှတ်ထားပိတ်ဆို့မှုများ ထပ်မံချမှတ်ခဲ့ရာ ဗြိတိန်အစိုးရက လူပုဂ္ဂိုလ် ငါးဦး၊ အဖွဲ့စည်းတစ်ခုတို့ကို ပစ်မှတ်ထားပိတ်ဆို့မှု ချမှတ်ခဲ့ကြောင်း သိရသည်။

လွိုင်ကော်မြို့နယ်၌ လူနေအိမ်ပေါ် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲ၍ ကလေးသုံးဦးအပါအဝင် ငါးဦးဒဏ်ရာရ

လွိုင်လင်မြို့ရှိ ကျေးရွာနှစ်ရွာသို့ အောက်တိုဘာ ၂၉ ရက်နှင့် ၃၀ ရက်တွင် လက်နက်ကြီးဖြင့် ပစ်ခတ်ခံရခြင်းဖြစ်ကာ လူနေအိမ်များပေါ်သို့ ကျရောက် ပေါက်ကွဲခဲ့၍ ကလေးငယ် သုံးဦး၊ အမျိုးသမီးတစ်ဦးနှင့် အသက်ကြီးပိုင်း အမျိုးသားတစ်ဦးတို့ ကျည်ထိမှန်ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။

ရှမ်းပြည်မှ ကြက်သွန်ဖြူ(ရှမ်းဥ) ဈေးနှုန်းနှစ်ဆမြင့်တက်၊ ဆိုင်အချို့ ပစ္စည်းပြတ်နေ ဟုဆို

ပြီးခဲ့သည့် အောက်တိုဘာလ ပထမပတ်အတွင်း ကြက်သွန်ဖြူ(ရှမ်းဥ) လက္ကားဈေး တစ်ပိဿာလျှင် ၇၅၀၀ ကျပ်သာရှိရမှ ယခုနိုဝင်ဘာလ ပထမပတ်အတွင်း ၁၅၀၀၀ ကျပ်အထိ ဖြစ်လာပြီး ကြက်သွန်ဖြူဈေးကွက်အတွင်း ဈေးအမြင့်ဆုံးဖြစ်သည့်...

နမ့်ခမ်းမြို့တွင် လူနေအိမ်တစ်လုံးပေါ်သို့ လက်နက်ကြီးကျည်ကျ ဈေးဆိုင်နှင့်နေအိမ်များ ပိတ်ထား

"ကိစ္စရှိမှ အပြင်ထွက်ကြတယ်။ အုန်း၊ ဒိုင်းဆို လူတွေထွက်ပြေးလိုက်ကြ၊ အိမ်ထဲတွေမှာ ပုန်းနေလိုက်ကြပဲ နေရတယ်။ တချို့တော့ ဘေးလွတ်မယ်ထင်တဲ့နေရာကို ထွက်ပြေးကြ တာပဲ။" ဟု နမ့်ခမ်းမြို့၌ နေထိုင်သူတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။

မိုးစပါးသစ်ပေါ်ချိန်တွင် စပါးဝယ်လှောင်သူများ အဝယ်လိုက်နေ၍ ဆန်ဈေး မြင့်တက်လာ

အောက်တိုဘာလလယ်မှ စတင်ကာ မိုးစပါးသစ် ရိတ်သိမ်းပြီးချိန်တွင် လှောင်လက်သမားများက နယ်အထိပါ စပါးဆင်းဝယ်ကြသဖြင့် စပါးဈေးများ တက်လာသလို ဆန်ဈေးပါ လိုက်မြင့်တက်လာကြောင်း ဆန်ကုန်သည်များက ပြောသည်။

သိန္ဒီ၌ စစ်ရှောင်တစ်ထောင်ကျော် ရှိနေပြီး စားနပ်ရိက္ခာများ လိုအပ်နေ

"တိုက်ပွဲကြောင့် စျေးက တအားကြီးသွားတယ်။ ဆန်ကြမ်းတစ်အိတ်ကို တစ်သိန်းသုံးသောင်းနဲ့ ဝယ်ရတယ်။ ကြက်ဥတွေလည်း စျေးတက်တယ်။ စက်သုံးဆီတွေလည်း ဝယ်လို့ မရဘူး။" ဟု သိန္ဒီမြို့၌နေထိုင်သူတစ်ဦးက ပြောသည်။