» သတင်း

ဒီပဲယင်း၌ ရှစ်ရက်အတွင်း ဒေသခံ ၁၂ ဦးအား သေဆုံးလျက်တွေ့ရ ဟုဆို

အောက်တိုဘာ ၂၁ ရက်မှ အောက်တိုဘာ ၂၈ ရက်နေ့အထိ (ရှစ်ရက်အတွင်း) တောထဲသို့ စစ်ရှောင်လာသည့် အသက် ၆၀ အရွယ် အမျိုးသားတစ်ဦး၊ သိမ်ဘာကျေးရွာမှ လေးဦးနှင့် အခြားကျေးရွာများမှ ဒေသခံစုစုပေါင်း ၁၂ ဦးအား သေဆုံးလျက်တွေ့ရခြင်းဟု…

ညောင်လေးပင်ခရိုင်အတွင်း စစ်ရှောင်ဒေသခံ ၂၅၀၀ နီးပါး အရေးပေါ် အကူအညီ လိုအပ်နေ

အောက်တိုဘာ ၂၀ ရက်မှ ၂၈ ရက်အတွင်း ညောင်လေးပင်ခရိုင်၌ KNU ပူးပေါင်းအဖွဲ့များနှင့် နစကတပ်များအကြား နှစ်ဖက်အပြန်အလှန် တိုက်ပွဲ ၄ ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့ပြီး လက်နက်ကြီးများဖြင့်ပါ ပစ်ခတ်မှုကြောင့် ဒေသခံများ ထွက်ပြေးတိမ်းရှောင်ရခြင်းဟု သိရသည်။

ကွတ်ခိုင် နမ့်ဖက်ကာရွာ၌ လက်နက်ကြီးကျ၍ နှစ်ဦးသေဆုံး

"အမျိုးသားက ပရဟိတအဖွဲ့က ၊ အမျိုးသမီးကတော့ အရပ်သားပါ။ နှစ်ဦးစလုံးကို ကွတ်ခိုင်ဆေးရုံကိုပို့ပြီး ဒီနေ့တော့ အိမ်ကိုပြန်သယ်သွားပြီ။ မနက်ဖြန် နာရေးပြုလုပ်မယ်။" ဟု ကူညီပေးခဲ့သော ဒေသခံပရဟိတအဖွဲ့ဝင်တစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။

ရှမ်းပြည်မြောက်ပိုင်းတွင် တိုက်ပွဲများကြောင့် ပြောင်းစိုက်တောင်သူများ အခက်တွေ့နေ

ရှမ်းပြည်မြောက်ပိုင်း၊ မြို့နယ်အချို့၌ တိုက်ပွဲများဖြစ်ပွားနေသဖြင့် ပြည်ထောင်စုလမ်းမကြီးများ ပိတ်ထားရခြင်း၊ တံတားများ ကျိုးကျပျက် စီးသွားခြင်းတို့ကြောင့် စိုက်ပျိုးရေးလုပ်ငန်းအတွက် လိုအပ်သည့်ပစ္စည်းများ ဝယ်ယူနိုင်ရန် အခက်အခဲရှိနေကြောင်း သိရသည်။

ဆင်ပေါင်ဝဲ၌ နေအိမ်တွင် စျေးရောင်းနေသူအမျိုးသမီး ပစ်ခတ်ခံရ၍ သေဆုံး

ဆင်ပေါင်ဝဲမြို့နယ်၊ ကြက်မွှေးနှုတ် တဲတိုက်ကျေးရွာရှိ နေအိမ်စျေးဆိုင်၌ စျေးရောင်းချနေသူ အသက် ၂၁ နှစ်အရွယ် အမျိုးသမီးထံသို့ အမည် မသိ လူတစ်စုရောက်ရှိလာပြီး သေနတ်ဖြင့်ပစ်ခတ်ခဲ့ကာ စျေးဆိုင်မျက်နှာကြက်တွင် လက်လုပ်မိုင်းတစ်လုံးထားခဲ့ကြောင်း သိရသည်။

တရုတ်ဘက်သို့ ကြက်သွန်တင်ပို့မှု ရပ်နားထားဟု ကုန်သည်များ ဆို

ရှမ်းပြည်မြောက်ပိုင်းတွင် တိုက်ပွဲများပြင်းထန်စွာဖြစ်ပွားနေသည့်အတွက် တရုတ်ဘက်သို့တင်ပို့သည့်ကုန်ကားများ လမ်းတစ်ဝက်တွင် ရပ်နားထားရပြီး ကုန်စည်စီးဆင်းမှု ရပ်တန့် နေကြောင်းလည်း သိရသည်။

အမေရိကန်နှင့် တောင်ကိုရီးယားတို့ တိုက်လေယာဉ်ပေါင်း ၁၃၀ ပါဝင်သည့် ကြီးမားသော စစ်ရေးလေ့ကျင့်ခန်း လုပ်ဆောင်

မြောက်ကိုရီးယားနှင့် ရုရှားနိုင်ငံကြား စစ်ရေးပူးပေါင်းဆောင်ရွက်မှုများ မြင့်တက်လာခဲ့ပြီးနောက် အမေရိကန်နှင့် တောင်ကိုရီးယားတို့သည် ပူးတွဲစစ်ရေးလေ့ကျင့်ခန်းများကို ပိုမို အရှိန်မြင့်လာခြင်းဖြစ်သည်။

တရုတ်၊ ထိုင်း၊ စင်ကာပူတို့နှင့် ကုန်သွယ်မှုပမာဏအများဆုံး ဆောင်ရွက်ထား

"သူတို့ကသာ ကုန်သွယ်မှုတန်ဖိုးက တတ်လာတယ်ပဲပြောနေတာ။ ကုန်သွယ်မှုကလေ ဒီဘဏ္ဍာနှစ်မှာက တော်တော်လေး သိသိသာသာကိုကျသွားတာ။ ပြောရရင် ပို့ကုန်ကိစ္စပဲပေါ့။ အဓိက အဲဒါပါပဲ။" ဟု ပို့ကုန်လုပ်ငန်းရှင်တစ်ဦးက ပြောသည်။

မူဆယ်မြို့၌ ကြက်ဥတစ်ကတ် တစ်သောင်းရှစ်ထောင်ကျပ်ထိ ဈေးမြင့်တက်

အောက်တိုဘာ ၂၇ ရက်၊ နံနက်ပိုင်းတွင် ရှမ်းပြည်နယ်(မြောက်ပိုင်း)၌ လက်နက်ကိုင်သုံးဖွဲ့နှင့် နစကတို့ ထိတွေ့တိုက်ပွဲများဖြစ်ပွားခဲ့ပြီး လားရှိုး-ချင်းရွှေဟော် ပြည်ထောင်စုလမ်း မကြီးနှင့် လားရှိုး-မူဆယ် ပြည်ထောင်စုကားလမ်းမကြီးတို့အား အရေးပေါ် ပိတ်ပင်ထားကြောင်း သိရသည်။

ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်း စားသောက်ကုန်စည်များအား စျေးတင်မရောင်းရန်နှင့် ညမထွက်ရအမိန့် ထုတ်ပြန်

လတ်တလောတိုက်ပွဲများကြောင့် လားရှိုး၊ မူဆယ်အပါအဝင် ရှမ်းပြည်နယ်(မြောက်ပိုင်း)ရှိ ဒေသအချို့တွင် အခြေခံစားသောက်ကုန်စည်စျေးနှုန်း များ တဖြည်းဖြည်းမြင့်တက်လာကြောင်း ဒေသခံများက ပြောကြားသည်။