» သတင်း

ပြန်ကြားရေးဝန်ကြီးဟောင်း ဦးရဲထွဋ်အား ပုဒ်မ ၅၀၅ (က)ဖြင့်အမှုဖွင့်၍ ဖမ်းဆီးကြောင်း သတင်းများထွက်ပေါ်နေ

ဦးရဲထွဋ်အား ယမန်နေ့ ည ၈ နာရီခွဲက ရန်ကုန်မြို့၊ အလုံမြို့နယ်ရဲစခန်းတွင် ရန်ကုန်တိုင်းစစ်ဌာနချုပ်မှ တာဝန်ရှိသူတစ်ဦးက တရားလိုပြုလုပ်၍ တိုင်တန်းခြင်းဟု ထွက်ပေါ်နေသော သတင်းများအရ သိရသည်။

ရှမ်းမြောက်ဒေသအချို့၌ လက်နက်ကြီးကျရောက်ပေါက်ကွဲ၍ ကလေးငယ်သုံးဦးနှင့် အမျိုးသမီးတစ်ဦး သေဆုံး

"ကလေးက လက်တစ်ဖက်ပြတ်ကြေသွားတယ်၊ အဲ့ကလေးကို ရွှေလီဆေးရုံကို နေ့လည်က ပို့ပေးပြီးပါပြီ။ သေသွားတဲ့ ကလေးတွေက ၈ နှစ်နဲ့ ၁၂ နှစ်ပါ၊ အိပ်နေချိန်ကြီး အိမ်ပေါ် တည့်တည့်ကျတယ်ပြောတယ်။" ဟု ကူညီပေးခဲ့သည့် လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူက ပြောသည်။

တိုက်ပွဲများကြောင့် ရပ်ဆိုင်းခဲ့ရသည့် မြဝတီနယ်စပ်ကုန်သွယ်ရေး ပုံမှန်အတိုင်း ပြန်လည်ဆောင်ရွက်နေပြီ ဟုဆို

"တိုက်ပွဲစဖြစ်တဲ့ ပထမတစ်ရက်ပဲ ယာယီရပ်ထားတယ်။ ဒီနေ့ကတော့ ကားတွေပုံမှန်ပြန်သွားနေပြီး ကုန်သွယ်ရေး ပြန်လုပ်နေပါတယ်။ အခုထိတော့‌ အခြေအနေက အေးနေသေး တယ်။" ဟု မြဝတီကုန်သွယ်ရေးဇုန်မှ ကုန်သည်တစ်ဦးက ပြောသည်။

ရှမ်း(မြောက်)တွင် တိုက်ပွဲဆက်လက် ပြင်းထန်နေပြီး စစ်ရှောင်နေရသူ ထောင်ချီရှိ

ယမန်နေ့ညမှစ၍ ယနေ့နံနက်ပိုင်းအထိ ချင်းရွှေဟော်၊ သိန္ဒီ၊ ကွတ်ခိုင်၊ နမ့်ခမ်းမြို့နယ်တို့အပါအဝင် ဒေသအချို့တွင် တိုက်ပွဲများ ဆက်လက်ပြင်းထန်စွာ ဖြစ်ပွားလျက်ရှိနေကာ လားရှိုးမြို့မှလည်း ပစ်ခတ်သံအချို့ကြားရကြောင်း ဒေသခံများက ပြောသည်။

ရှမ်း(မြောက်)တွင် တိုက်ပွဲဖြစ်ပွားနေသော်လည်း ရှမ်း(တောင်)ရှိ ဟိုတယ်ဘိုကင်နှင့် ခရီးစဉ်များအား ယနေ့အထိ ဖျက်သိမ်းသူမရှိသေး ဟုဆို

ယခု သီတင်းကျွတ်ရုံးပိတ်ရက်ကာလတွင် တောင်ကြီး၊ အင်းလေး၊ ကလောခရီးစဉ်အတွက် ဟိုတယ်အခန်း ကြိုတင်မှာယူမှုများမှာ ယခုလလယ်ပိုင်းမှစ၍ ပြည့်နေခြင်းဖြစ်ကြောင်း အဆိုပါဒေသရှိ ဟိုတယ်များနှင့် ခရီးသွားကုမ္ပဏီများထံမှ သိရသည်။

တရုတ်နိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးသမားဖြစ်သည့် ဝန်ကြီးချုပ်ဟေင်း လီခကျန်း နှလုံးရောဂါဖြင့် ရုတ်တရက်သေဆုံး

လီခကျန်းသည် ပြီးခဲ့သောနှစ်များအတွင်း တရုတ်အစိုးရအဖွဲ့၏ အဆင့်မြင့်ဆုံး ဒုတိယခေါင်းဆောင်အဖြစ် နှစ်ပေါင်းများစွာကြာ တာဝန်ယူခဲ့သော်လည်း တရုတ်ထိပ်တန်းခေါင်း ဆောင်များနှင့် ဆက်ဆံရေးကောင်းမွန်မှုမရှိဘဲ အထီးကျန်နေခဲ့သူဖြစ်သည်။

ကျောက်မဲ၌ တိုက်ပွဲကြောင့် ဒေသခံတစ်ရာကျော် စစ်ဘေးရှောင်ရ

ယခုရက်ပိုင်းနှင့် ယနေ့နံနက်အတွင်း ဖြစ်ပွားသည့် နှစ်ဖက်လက်နက်ကိုင်အဖွဲ့ များ၏ တိုက်ပွဲများကြောင့် ကျောက်မဲမြို့နယ်၊ နောင်ပိန်အောင်ကျေးရွာသို့ ဒေသခံတစ်ရာကျော် လာရောက်ပြီး စစ်ဘေးတိမ်းရှောင်ရခြင်းဟု သိရသည်။

ရှမ်းပြည်နယ်မြောက်ပိုင်း တိုက်ပွဲများကြောင့် လားရှိုးလေဆိပ်နှင့် ပြည်ထောင်စုလမ်းမကြီးများ ယာယီပိတ်ပင်

"လေဆိပ်လည်း ပိတ်လိုက်ပါတယ်၊ အခုက ကားလမ်းတွေ မြို့အဝင်ဂိတ်တွေလည်း ပိတ်ထားပါတယ်၊ အဲ့ဒီကားလမ်းပိတ်တဲ့ နေရာတွေမှာ ခရီးသွားကားတွေရော၊ ကုန်ကားတွေ ရော၊ ပရဟိတကားတွေရော ပိတ်နေတာလေ။" ဟု ဒေသခံတစ်ဦးက ပြောသည်။

လှည်းကူးနှင့် ဒဂုံမြို့သစ်(အရှေ့ပိုင်း)ရှိ ရက် ၂၀ ကျော် ရေမြုပ်နေသည့် ရပ်ကွက်များအတွက် သောက်သုံးရေနှင့် အစားအသောက်များ လိုအပ်နေ

အဆိုပါနေရာများတွင် ယနေ့အထိ ရေပြန်မကျသေးသည့် ရပ်ကွက်များရှိကာ ထိုရပ်ကွက်များတွင် နေထိုင်သူများသည် ပရဟိတအသင်းများနှင့် လူမှုကူညီရေးအသင်းများ၏ အကူအညီကို အားထားနေရကြောင်း သိရသည်။

ကော့ကရိတ်၌ တိုက်ပွဲဖြစ်ပွားနေခြင်းကြောင့် မြဝတီနယ်စပ်ကုန်သွယ်ရေး ရပ်ဆိုင်းထား

နစကတပ်များနှင့် KNU ၊ PDF ပူးပေါင်းအဖွဲ့တို့အကြား တိုက်ပွဲပြင်းထန်စွာဖြစ်ပွားနေပြီး ယနေ့ နေ့လည် အထိ ဒေသခံအများအပြား ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။