» သတင်း

သိန္နီတိုက်ပွဲကြောင့် နေအိမ်အချို့ပျက်စီးပြီး ဒေသခံတစ်ထောင်ကျော် စစ်ရှောင်ရ

"အောက်တိုဘာ ၅ ရက်ကစပြီး အဲ့ဒီအဝေးပြေးလမ်းတစ်လျှောက်မှာ တိုက်ပွဲဖြစ်တာ။ တိုက်ပွဲက ရက်ဆက်ဖြစ်ပြီး တော်တော်ပြင်းထန်တယ်။ လက်နက်ကြီးထိလို့ ဒေသခံတစ်ဦး ဒဏ်ရာရပြီး ဒီနေ့အထိ ဒေသခံတစ်ထောင်ကျော် တိမ်းရှောင်နေရတုန်းပဲ။"

ကျောက်ဆည် ဆင်ကပွဲ ဆင်ရုပ်ပေါင်း ၁၀၀ ကျော်ဖြင့် ကျင်းပမည်

"မနှစ်ကတော့လုပ်တယ်။ ဒါပေမယ့် ဆင်ရုပ်စီးရေကနည်းတယ်။ အကျဉ်းချုံးလုပ်တဲ့သဘောပေါ့။ ကိုဗစ်နဲ့ နိုင်ငံရေးတွေကြောင့် မလုပ်ဖြစ်တာနှစ်နှစ်ရှိပြီ။ ဒီနှစ်မှာတော့ ပြန်ပြီး စည်းကားသိုက်မြိုက်စွာ ကျင်းပသွားမယ်လို့ သိရတယ်။"

ပေါက်မြို့နယ်တွင် လယ်သမားနှစ်ဦး အသတ်ခံရ

သေနတ်ဖြင့် ပစ်သတ်ခံရသူနှစ်ဦးမှာ ပေါက်မြို့နယ်၊ ရေခါးကျေးရွာနှင့် မန်ကျည်းဂုဏ်ကျေးရွာမှဖြစ်ပြီး မည်သည့်လက်နက်ကိုင်အဖွဲ့က ပစ်သတ်သွားကြောင်းကို မသိရှိရသေး ကြောင်း ဒေသခံများထံမှ သိရသည်။

ရန်ကုန်-မန္တလေး ရထားလမ်းပိုင်း၌ သံလမ်းအချို့ မိုင်းခွဲဖျက်ဆီးခံရ

ထို့သို့ ရထားခရီးစဉ်များ ခေတ္တရပ်နားခဲ့ရ၍ ခရီးသည် ၁၂၀၀ ကျော်နှင့် ကုန်ရထားခရီးစဉ်များ လမ်းခရီးကြန့်ကြာမှု အခက်အခဲကြုံတွေ့ခဲ့ရပြီး ယမန်နေ့ နံနက် ၈ နာရီခွဲတွင် သံ လမ်းများ ပြင်ဆင်ပြီးစီးခဲ့၍ ရပ်နားထားရာ ဘူတာအသီးသီးမှ ပြန်လည်ထွက်ခွာနိုင်ခဲ့ကြောင်း သိရသည်။

မန္တလေး ကျောက်တော်ကြီးဘုရားပွဲစျေးအနီး အမှိုက်ပုံးအတွင်းမှ ပေါက်ကွဲမှုဖြစ်၊ စျေးသည်တစ်ဦး ဒဏ်ရာရ

အောက်တိုဘာ ၂၅ ရက်၊ နေ့လည် ၂ နာရီကျော်က အဆိုပါ ဘုရားပွဲစျေးအနီးရှိ စည်ပင်သာယာအမှိုက်ပုံးအတွင်းမှ ပေါက်ကွဲမှုဖြစ်ပေါ်ခဲ့ရာ ထိုနေရာအနီး စျေးရောင်းချ နေသည့် အမျိုးသားတစ်ဦး အမှိုက်ပုံးစများ ထိမှန်၍ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ပို့ကုန်လုပ်ငန်းရှင်များကို ငွေကြေးနှင့် အခွန်သက်သာခွင့်ပေးရန် စီစဉ်နေ

"ဒါနဲ့ပတ်သက်ပြီး အခုထိတော့သီးခြားမရှိသေးပါဘူး။ အခုထိတော့ ပို့ကုန်လုပ်ငန်းရှင်တွေက လိုင်စင်တွေကို လုပ်တဲ့နေရာမှာ ကြာနေတာပေါ့။ လိုင်စင်ကို ဦးစားပေးချပေးဖို့ ကျွန်တော်တို့ တင်ပြဖို့ရှိတယ်။" ဟု ပို့ကုန်လုပ်ငန်းရှင်တစ်ဦးက ပြောသည်။

ဆင်မကြီးမိုမို၏ အသက် ၇၀ နှစ်ပြည့် မွေးနေ့ပွဲကို သုံးရက်ကြာ ကျင်းပမည်

"မိုမိုရဲ့ မွေးနေ့ပွဲကို လာရောက်ကြမယ့်သူတွေအတွက် ပျော်ရွှင်စရာ အစီအစဉ်တွေနဲ့ ကျင်းပသွားမယ်။ လပြည့်နေ့ကျမှ ‌သံဃာတွေကို ဆွမ်းကပ်တာနဲ့ ကိတ်ခွဲတာလုပ်မယ်။ အချိန်ကတော့ မနက် ၉ ခွဲနဲ့ ၁၀ နာရီကြားပေါ့။"

ဒေါ်အောင်ဆန်းစုကြည်နှင့် ထောင်ဝင်စာတွေ့ခွင့်ရရန် စီစဉ်နေကြောင်း သတင်းများထွက်ပေါ်

ဒေါ်အောင်ဆန်းစုကြည်သည် နှစ်,နှစ်ကျော်ကာလအတွင်း တရားစွဲဆိုခံရသည့်အမှုပေါင်း ၁၉ မှုအား ရင်ဆိုင်ခဲ့ရပြီးနောက် ထောင်ဒဏ် ၃၃ နှစ် ချမှတ်ခံခဲ့ရကာ ပြီးခဲ့သည့် ဩဂုတ်လ ၁ ရက်က အမှု ၅ မှုအတွက် ၆ နှစ်လွတ်ငြိမ်းချမ်းသာခွင့်ရခဲ့ပြီး လက်ရှိတွင်…

အသင်းမဝင်ထားသည့် ကုန်ကားများကို လိုင်စင်သက်တမ်းတိုးခြင်း လုပ်ပေးမည်မဟုတ် ဟုဆို

အဝေးပြေးကုန်စည်ပို့ဆောင်ရေးကို E-lock စနစ်ကျင့်သုံးနိုင်ရေး အကောင်အထည်ဖော် ဆောင်ရွက်နေသည့်အတွက် ၉ တန်နှင့်အထက် ကုန်တင်ယာဉ်များအနေဖြင့် အသင်းတစ် ခုခုဝင်ထားကြရန် အသိပေးထားသည်။

မွေးကင်းစကလေးငယ်တစ်ဦး လမ်းဘေးတွင် စွန့်ပစ်ထား၍ သရုပ်​ဆောင် ခိုင်နှင်း‌ဝေ ခေါ်ယူစောင့်ရှောက်

ရန်ကုန်တိုင်း၊ မရမ်းကုန်းမြို့နယ်၊ မြစံပယ်လမ်းဘေးတွင် အချင်းတန်းလန်းဖြင့် မွေးကင်းစ ကလေးငယ်တစ်ဦးအား စွန့်ပစ်ထားသည်ကို အောက်တိုဘာ ၂၃ ရက်၊ ည ၉ နာရီက တွေ့ရှိခဲ့ရာ သရုပ်​​ဆောင် ခိုင်နှင်း‌ဝေက ခေါ်ယူစောင့်ရှောက်ခဲ့ကြောင်း သိရသည်။