» သတင်း

ရန်ကုန်-မန္တလေး အမြန်လမ်းပေါ်၌ ကားတစ်စီး မြောင်းအတွင်းထိုးကျပြီး နှစ်ဦးသေဆုံး၊ ငါးဦးဒဏ်ရာရ

ယာဉ်တိမ်းမှောက်မှုကြောင့် ကားပေါ် လိုက်ပါလာသည့် အသက် ၅၀ ကျော်အရွယ် ဒေါ်လှလှမြင့်နှင့် ဒေါ်စန်းစန်းမြင့်တို့ သေဆုံးခဲ့ပြီး၊ ယာဉ်မောင်း ညီပြည်စုံ၊ မဖူးပွင့်ဇော်၊ မသူသူစံ၊ မောင်ကြယ်စင်ဟိန်းထက်ဦးတို့ ငါးဦးလည်း ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။

ရေဖြူမြို့၌ ဒေသခံတစ်ထောင်ကျော် ထွက်ပြေးတိမ်းရှောင်နေရ

''ပြီးခဲ့တဲ့ ၁၉ ရက်နေ့ကတည်းက မူးဒူး၊ ခမောင်းချောင်းနဲ့ ဘဝါ အပါအဝင် ရေဖြူမြို့နယ်ထဲက ကျေးရွာငါးရွာလောက်ကို ကုန်းကြောင်းအပြင် ရေကြောင်းပါ စစ်ကြောင်းထိုးနေ တာ။ အဲ့ဒီရွာတွေက ဒေသခံဦးရေ တစ်ထောင်ကျော်အထိ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်ရတယ်။''

ပဲခူးတိုင်း ရေကြီးနစ်မြုပ်မှုတွင် ပျက်စီးခဲ့သော စပါးစိုက်ခင်းများအတွက် ထောက်ပံ့မှုများမရရှိသေး ဟုဆို

မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်အနေဖြင့် ပဲခူးတိုင်းအရှေ့ခြမ်း ရေကြီးနစ်မြုပ်မှုအပေါ် အလှူငွေ ကျပ်သိန်း ၄၀၀ လှူဒါန်းထားပြီး ပြန်လည်ထူထောင်ရေးအတွက် တောင်သူများ ကို ကျပ်သိန်း ၅၀၀ ခန့်‌ ထောက်ပံ့သွားမည်ဖြစ်ကြောင်း ပြောကြားထားသည်။

ရန်ကင်းတွင် မိန်းကလေးငယ်တစ်ဦး ချောင်းထဲပြုတ်ကျ သေဆုံး

မနေ့ညနေက မိုးတအားရွာနေတော့ အဲ့ဒီချောင်းရေက ၁၅ ပေလောက်ရှိတယ်။ ပုံမှန်အချိန်ဆိုရင် လူတရပ်မြုပ်တဲ့ အခြေအနေရှိတယ်။ ကလေးမလေးက ချောင်းစပ်ကနေ ခြေ ချော်ပြီး ချောင်းထဲပြုတ်ကျသွားတယ်လို သူ့အဖေကပြောတယ်။

ငါန်းဇွန်မြို့နယ် လမ်းဦးစီးအရာရှိနှင့် အမျိုးသားတစ်ဦးတို့ ပစ်ခတ်ခံရ၍ သေဆုံး

"လမ်းဦးစီးမှူးက မြင်းခြံမှာ ရုံးလုပ်ငန်းတွေဆောင်ရွက်ပြီး အခြားအမျိုးသားတစ်ဦးနဲ့အတူ ငါန်းဇွန်ကိုပြန်လာချိန် လမ်းမှာအပစ်ခံရတာ။ အချက်ရေက မနည်းဘူး။ ကားမှာတင် ကျည်ပေါက်ရာ အချက် ၂၀ ကျော်တယ်။" ဟု လုံခြုံရေးအဖွဲ့နှင့် နီးစပ်သူတစ်ဦးက ပြောသည်။

ကျောက်ဖြူရေနက်ဆိပ်ကမ်း ပြန်လည်စတင်ရန် လုပ်ဆောင်နေ

ကျောက်ဖြူရေနက်ဆိပ်ကမ်းသည် တရုတ်ခေတ်သစ်ပိုးလမ်းမကြီး BRI ၏ မြန်မာဘက်ခြမ်း ကျောက်ဖြူအထူးစီးပွားရေးဇုန်တွင်ပါဝင်သည့် စက်မှုဇုန်၊ လူနေအိမ်ရာနှင့် ရေနက် ဆိပ်ကိမ်းစီမံကိန်းသုံးခုထဲမှ ကနဦးအကောင်အထည်ဖော်မည့် စီမံကိန်းတစ်ခုဖြစ်သည်။

အားအလွန်ကောင်းသော ဆိုင်ကလုန်းမုန်တိုင်း၏ အဝန်းအဝိုင်း ရခိုင်မြောက်ပိုင်းနှင့် ချင်းပြည်နယ်သို့ ကျရောက်နိုင်

"ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်တွေမှာတော့ မုန်တိုင်းလေပြင်းက တစ်နာရီ မိုင်၂၀ မှ မိုင် ၃၀ ၊ ၃၅ မိုင်ခန့်အထိရှိနိုင်ပြီး မိုးသည်းထန်ကာ တောင်ကျချောင်းရေ ရုတ်တရက်ဆင်း လာပြီး မြေပြိုခြင်း၊ တောင်ပြိုခြင်းတွေ ဖြစ်နိုင်တာကြောင့် အထူးသတိထားကြဖို့လိုပါမယ်။"

စစ်တွေသီတင်းကျွတ်ပွဲတော်တွင် ဇာတ်နှင့်ပျော်ပွဲရွှင်ပွဲများ လုံခြုံရေးအခြေအနေကြောင့် မထည့်တော့ဟုဆို

နှစ်စဉ် အစဉ်လာမပျက် ကျင်းပတတ်သည့် စစ်တွေသီတင်းကျွတ်ပွဲတော်အား တိုက်ပွဲနှင့် ကိုဗစ်ကပ်ဘေးတို့ကြောင့် ၂၀၁၉ ခုနှစ်မှစတင်ပြီး ယခု ၂၀၂၃ ခုနှစ်အထိ ဇာတ်ပွဲနှင့် ပျော်ပွဲရွှင်ပွဲများကို ထည့်သွင်းကျင်းပနိုင်ခြင်း မရှိဖြစ်နေရသည်ဟု သိရသည်။

စားအုန်းဆီရည်ညွှန်းဈေး တစ်ရက်အတွင်း ၃၃၀ ကျပ် ဈေးမြင့်တက်

စားသုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီ အနေဖြင့် တစ်ပတ်ထဲတွင် စားအုန်းဆီရည်ညွှန်းဈေးကို နှစ်ကြိမ်ထုတ်ပြန်လာသည်ကို တွေ့ရသည်။

ရွှေဘိုဆေးရုံအတွင်းသို့ ဗုံးသယ်ယူလာသူ ပေါက်ကွဲမှုဖြစ်၍ ဒဏ်ရာရ

ယမန်နေ့ နံနက် ၁၁ နာရီအချိန်က အသက် ၃၁ နှစ်အရွယ်ရှိ အမျိုးသမီးတစ်ဦး ရွှေဘိုဆေးရုံဝန်းအတွင်းသို့ ဗုံးသယ်ဆောင်ပြီး ဝင်ရောက်လာစဉ် ဆေးရုံအတွင်းသို့အရောက် ပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။