» သတင်း

အကျဥ်း​ထောင်များရှိ အကျဥ်းသူ၊ အကျဥ်းသားများ၏ မိသားစုဝင်များကို ဧည့်​တွေ့ခွင့် ပြုမည်ဟု သတင်းများထွက်ပေါ်

"ကျွန်တော်တို့ဆီမှာတော့ တရားဝင်ထုတ်ပြန်တာ မရှိသေးဘူး။ ဒါပေမယ့် တရားဝင်ထုတ်ပြန်လာရင် အဆင်သင့်ဖြစ်အောင် စီစဉ်နေတာတွေရှိပါတယ်။" ဟု ဧရာဝတီတိုင်းအတွင်း ရှိ အကျဉ်းဦးစီးဌာနမှ ဝန်ထမ်းတစ်ဦးက ယနေ့ခေတ်သို့ ပြောကြားသည်။

လှည်းကူးမြို့နယ်တွင် ရေဘေးသင့်အိမ်ထောင်စု ၂၅၀၀ အတွက် ဆန်နှင့်ဆီများ လှူဒါန်း

ရေကြီး​ရေလျှံမှု​ကြောင့် ​ရေ​ဘေးသင့်ပြည်သူများ စားဝတ်​နေ​ရေး အဆင်​ပြေ​စေရန် ​အောက်တို ဘာ ၂၂ ရက်၊ မွန်းလွဲ ၂ နာရီက ​ရေ​ဘေးသင့်အိမ်​ထောင်စု ၂၅၀၀ အတွက် ဆန်နှင့်ဆီများ လှူဒါန်းခဲ့​ကြောင်း

ပြင်ဦးလမ်းတွင် ခရီးသည်တင်ယာဉ်တစ်စီး ချောက်ထဲထိုးကျ ရှစ်ဦးဒဏ်ရာရ

ယနေ့ နံနက် ၁ နာရီ ခွဲခန့်က မန္တလေး-ပြင်ဦးလွင်လမ်း မိုင်းတိုင်အမှတ် ၁၈/၁ တွင် ခရီးသည်ကိုးဦးလိုက်ပါလာသည့် အန်စာတုန်းကား ဘရိတ်ပေါက်ပြီး ပေ ၅၀ ခန့်ရှိ ချောက်ထဲကို ထိုးကျခဲ့ရာ ၁၀ နှစ်အရွယ် ကလေးငယ်တစ်ဦး…

ငါန်းဇွန်မြို့နယ်၌ အငြိမ်းစား မူလတန်းကျောင်းအုပ်ဆရာကြီးတစ်ဦး ပစ်သတ်ခံရ

သေနတ်ဖြင့် ပစ်သတ်ခံရသည် အသက် ၆၀ ကျော်အရွယ် အငြိမ်းစားမူလတန်းကျောင်းအုပ်မှာ ဦးအောင်ဆန်း ဆိုသူဖြစ်ပြီး ပစ်ခတ်ခံရသည့်အတွက် ဦးခေါင်း၌ ကျည်ဖောက်ဝင် ဒဏ်ရာရရှိပြီး အခင်းဖြစ်နေရာ၌ ‌သေဆုံးသွားခဲ့ကြောင်း သိရသည်။

ကျောက်ကြီး၌ ဆိုင်ကယ်စီးလာသူ အမျိုးသားနှစ်ဦး ပစ်ခတ်ခံရ၍ သေဆုံး

သူတို့နှစ်ဦးက ဦးလေးနဲ့တူ တော်စပ်သူတွေပါ။ ရွာမှာစျေးရောင်းကြတာ။ အခုက စျေးဝယ်ဖို့ မြို့ပေါ်ထွက်လာရင်း လမ်းမှာအပစ်ခံလိုက်ရတာ။ သူတို့စီးလာတဲ့ ဆိုင်ကယ်ကိုလည်း လုသွားတယ်တော့ကြားတယ်။

မူဆယ်မြို့ အမှိုက်ပုံတစ်ခု၌ သေဆုံးနေသူသုံးဦး တွေ့ရှိ

ယမန်နေ့ နံနက် ၁၀ နာရီခန့်တွင် မူဆယ်မြို့နယ်၊ ကျင့်စန်ကျော့သွားသည့်လမ်း ဟိုနောင်းရွာထိပ် အမှိုက်ပုံ၌ အမျိုးသားနှစ်ဦး၊ အမျိုးသမီးတစ်ဦးကို ပလစတစ်အိတ်များနှင့် ထုတ် ထားပြီး ကြိုးများနှင့်တုတ်ထားသည့် ရုပ်အလောင်းသုံးလောင်းတွေ့ရှိကြောင်း

မုန်တိုင်းငယ်၏အရှိန်ကြောင့် လေပြင်းတိုက်ခြင်း၊ မိုးကြီးခြင်း၊ ရုတ်တရက်ရေကြီးခြင်း နှင့် မြေပြိုမှုများဖြစ်နိုင် ဟုဆို

ယနေ့နံနက်အစောပိုင်းအချိန်က မိုး/ဇလ၏ တိုင်းထွာချက်အရ ဘင်္ဂလားပင်လယ်အော်၌ ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်းသည် ပိုမိုအားကောင်းလာကာ မုန်တိုင်းငယ်အဖြစ် သို့ ရောက်ရှိခဲ့ပြီး

မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံနယ်စပ်ကုန်သွယ်ရေး ပုံမှန်ထက်လျော့ကျနေ

ယခင်က ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ကုန်စည်တင်ပို့ရာတွင် စစ်တွေနှင့် မောင်တောကုန်သွယ်ရေးစခန်းများမှ ကုန်စည်များတင်ပို့နိုင်သော်လည်း ယခုအခါ စစ်တွေကုန်သွယ်ရေးစခန်း မှသာ ကုန်စည်များတင်ပို့ရန် ပြောင်းလဲသတ်မှတ်ခဲ့ကြောင်း သိရသည်။

မန္တလေး-လားရှိုးလမ်းမတွင် သံဃာတော်တစ်ပါး ကားတိုက်ခံရပြီး ပျံလွန်တော်မှု

အောက်တိုဘာ ၁၉ ရက်၊ ည ၇နာရီခန့်တွင် မန္တလေး-လားရှိုးလမ်းမ ရွှေထိပ်တန်း လက်ဖက်ရည်ဆိုင်ရှေ့တွင် သက်တော် ၈၃ နှစ်ရှိ သံဃာတော့တစ်ပါး လမ်းဖြတ်ကူးရာ ကားက ဝင်တိုက်ခဲ့ပြီး ထွက်ပြေသွားကြောင်း သုတိတာ လူမှုကူညီရေးအသင်းဝင်တစ်ဦး၏ ပြောကြားချက်အရ သိရသည်။

ဆားလင်းကြီး စစ်ဘေးရှောင်ဒေသအနီး စစ်ကြောင်းဝင်လာ၍ အခက်တွေ့နေဟုဆို

ဆားလင်းကြီးမြို့နယ်ရှိ ယန်စီစက်ရုံသို့ သွယ်တန်းထားသည့် လျှပ်စစ်ဓာတ်အားပေးတာဝါတိုင်ကို မိုင်းခွဲခံရပြီးနောက် စစ်ကြောင်းရောက်ရှိလာပြီး သေနတ်ပစ်ဖောက်မှုများ ပြုလုပ်ခဲ့သောကြောင့် စစ်ဘေးရှောင်များ အပြင်မထွက်ရဲပဲ အချို့မှာတိမ်းရှောင်နေကြောင်း သိရသည်။