» သတင်း

အုတ်တွင်းမြို့နယ်တွင် ၁၂ ဘီးယာဥ်က တွဲကားအားဝင်တိုက် ၁၂ ဘီးယာဥ်မောင်း သေဆုံး

ရန်ကုန်-မန္တလေးလမ်းဟောင်း အုတ်တွင်းမြို့နယ်တွင် အောက်တိုဘာ ၂၀ ရက်၊ ည ၁၁ နာရီခွဲက Max အအေးကဒ်များနှင့် ရေကဒ်များတင်​ဆောင်လာ​သော ၁၂ ဘီးယာဥ်က ကြက် စာများတင်လာသည့် တွဲကား၏အနောက်ပိုင်းအား ဝင်တိုက်မိခဲ့ခြင်းကြောင့်

တိပ်ခွေ​ပေါင်း ၅၀၀ ​ကျော်အား တစ်​ခွေကျပ် ၄၀၀ ဖြင့် ​စျေး​ရောင်းပွဲ​တော် နှစ်ရက်ကြာကျင်းပ

စတူဒီယို​ခေတ်က ​အောင်မြင်​ကျော်ကြားခဲ့သည့် ​တေးသံရှင်များ၏ တိပ်​ခွေများနှင့် ရှားပါး​တေးတိပ်​ခွေများလည်းပါဝင်ပြီး ပထမတစ်ရက်တည်း အ​ခွေ ၁၅၀ ​ကျော် ​ရောင်းချနိုင်ခဲ့​ပြီး ဒုတိယ​နေ့ နံနက်ပိုင်းတွင် တိပ်​ခွေ ၁၀၀ ​ကျော် ဆက်လက်ရောင်းချနိုင်ခဲ့ကြောင်း သိရသည်။

ရေစကြိုမြို့နယ်၌ အမျိုးသားနှစ်ဦး သတ်ဖြတ်ခံရပြီး နေအိမ် ၅၀ နီးပါး မီးရှို့ခံရ

အဆိုပါ အမျိုးသားနှစ်ဦး သတ်ဖြတ်ခံထားရသည့်နေရာနှင့် မီးရှို့ခံရသည့် ကျေးရွာများအနီးတွင် တပ်နှင့် PDF များ ထိတွေ့တိုက်ပွဲများ ဖြစ်ပွားနေကြောင်း ဒေသခံများထံမှ သိရ သည်။

ဂါဇာဒေသကို မြေပြင်ထိုးစစ်ဆင်နွဲရန် ကြိုးပမ်းနေသော အစ္စရေး၏ ကြိုးပမ်းမှုများကို ဆိုင်းငံ့ထားရန် အနောက်အုပ်စုနိုင်ငံများ လိုလားနေ

ဟားမက်စ်အဖွဲ့က ပြန်ပေးဆွဲထားသူများထဲမှနှစ်ဦးကို ပြန်လည်လွတ်ပေးလိုက်ပြီးနောက် အမေရိကန်နှင့် အနောက်အုပ်စုနိုင်ငံများက အစ္စရေး၏ မြေပြင်ထိုးစစ်ဆင်မှုကို အချိန် ရွှေ့ထားရန် လိုလားနေခြင်းဖြစ်သည်။

အမေရိကန်နှစ်ဦးကို ဟားမက်စ် လက်နက်ကိုင်အဖွဲ့ ပထမဆုံးအကြိမ် ပြန်လွှတ်ပေး

အမေရိကန်နိုင်ငံသား သားအမိနှစ်ဦးဖြစ်သော Judith နှင့် Natalie Raanan တို့သည် ချီကာဂိုမြို့မှ အစ္စရေးနိုင်ငံသို့ သွားရောက်ချိန်အတွင်း ဟားမက်စ် လက်နက်ကိုင်အဖွဲ့၏ တိုက်ခိုက်မှုများနှင့် ရင်ဆိုင်ရကာ ပြန်ပေးဆွဲခံရခြင်းဖြစ်ကြောင်း သိရသည်။

တရားဝင်လိုင်စင်မရှိပဲ အခကြေးငွေယူပြီး ဒူဘိုင်းသို့ အလုပ်သမားပို့ဆောင်ခဲ့သူနှစ်ဦးကို အလုပ်နှင့်ထောင်ဒဏ်များ ချမှတ်

''သူတို့နှစ်ယောက်ကို သက်ဆိုင်ရာက လုပ်ထုံးလုပ်နည်းတွေနဲ့အညီ သတင်းအရ ဖမ်းဆီးစစ်ဆေးခဲ့တာ။ နှစ်ယောက်လုံး ပစ်မှုထင်ရှားတဲ့အတွက် အောင်လံမြို့နယ်တရားရုံးက ပြည်ပအလုပ်အကိုင်ဆိုင်ရာ ဥပဒေပုဒ်မ ၂၆ အရ အမှုတစ်မှုကို အလုပ်နဲ့ထောင်ဒဏ် ၃ နှစ်စီကျခံစေရန် အမိန့်ချမှတ်ခဲ့တာ။''

ဝိုင်းမော်၌ ဆယ်ဘီးကားတိမ်းမှောက်မှု သုံးရက်ကြာအထိ ရှာဖွေကယ်ဆယ်နေရဆဲ ဟုဆို

အဆိုပါ ယာဥ်တိမ်းမှောက်မှုသည် အောက်တိုဘာ ၁၈ ရက်၊ နေ့လည်ပိုင်းကတည်က ဖြစ်ပွားခဲ့ပြီး ကယ်ဆယ်မှုများပြုလုပ်ခဲ့ရာ ယနေ့ အောက်တိုဘာ ၂၁ ရက်နံနက်ပိုင်းအထိ ရှာဖွေကယ်ဆယ်ရေးလုပ်ဆောင်နေကြောင်း သိရသည်။

ဒီပဲယင်း၌ ယနေ့နံနက်တွင် ဒေသခံငါးထောင်နီးပါး စစ်ရှောင်ရ

"ဒီပဲယင်းမြို့ပေါ်က ထွက်လာတဲ့စစ်ကြောင်းက ဒီမနက် ဝဘာနဲ့ မှန်သာနားကို ရောက်လာလို့ အဲ့ဒီရွာတွေအပြင် အနီးတဝိုက်ကရွာတွေက ရွာသားတွေပါ ထွက်ပြေးရတာ။ တိုက် ပွဲဖြစ်ပွါးတာတော့ မရှိသေးဘူး။" ဟု စစ်ရှောင်များအား ကူညီပေးနေသူတစ်ဦးက ပြောကြားသည်။

ဘုရားသုံးဆူ၌ နှစ်လသားအရွယ် ကလေးငယ်နှင့် မိခင်တို့ အက်စစ်ဖြင့်ပက်ခံရ

အက်စစ်ဒဏ်ကြောင့် နှစ်လသားအရွယ်ကလေးငယ်တွင် မျက်စိထိခိုက်ဒဏ်ရာရရှိခဲ့ပြီး မိခင်တွင် လက်နှင့်ဦးခေါင်းအပါအဝင် ခန္ဓာကိုယ်၌ ပြင်းထန်ဒဏ်ရာများရရှိခဲ့ကြောင်း သိရ သည်။

ကျောက်မြောင်း၌ အမျိုးသမီးနှစ်ဦး နေအိမ်အတွင်း အသတ်ခံရ

"အခုတော့ ရဲတွေရောက်နေပြီး စစ်နေကြတယ်။ အသတ်ခံရတာက အိမ်ရှင်အပျိုကြီးနှစ်ယောက်ပါ။ ညထဲက အသတ်ခံရတဲ့ပုံစံလို့တော့ ပြောတယ်။ ပစ္စည်းတွေလည်း ပါသွားတယ်လို့ ကြားတယ်။ အသေးစိတ်တော့ မသိရသေးဘူး။"