» သတင်း

ပင်လယ်ရေကြောင်းမှ ကုန်သွယ်မှုတန်ဖိုး ကျဆင်းလာ

ပင်လယ်ရေကြောင်းမှ ပြည်ပသို့ ပို့ကုန်တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၄ ‌ဒသမ ၇၁ ဘီလီယံရရှိထားပြီး အလားတူကာလတွင် အမေရိကန်ဒေါ်လာ ၅ ဒသမ ၇၆ ဘီလီယံရရှိထားပြီး ကန်ဒေါ်လာ ၁ ဒသမ ၀၅ ဘီလီယံလျော့ကျနေခြင်းဖြစ်သည်။

အမြန်လမ်း၌ ယာဉ်မတော်တဆမှုကြောင့် သေဆုံးသူ ယခင်နှစ်ထက် ပိုများလာ

အမြန်လမ်းမှာ ယာဉ်မတော်တဆမှုဖြစ်တာ ယဉ်မောင်းပေါ့ဆတာလည်းပါတယ်။ ခရီးအဝေးကြီးသွားထားတဲ့ကားရဲ့ကြံ့ခိုင်မှု သေချာမစစ်ထားဘူး။ နောက်တစ်ခုက အမြန်လမ်းက နှစ်ကြာလာတော့ တစ်ချို့ ပျက်စီးနေတဲ့ လမ်းပိုင်းတွေကြောင့်လည်းပါတယ်။

ရန်ကုန်-ချောင်းသာခရီးစဥ် ပထမဆုံးပြေးဆွဲမည့် အပျော်စီးဇိမ်ခံသင်္ဘော ဘိုကင်ပြည့်သွားပြီ ဟုဆို

"ရန်ကုန်ကနေ ၂၂ ရက်နေ့ထွက်မယ်။ ၂၄ ရက်နေ့ချောင်းသာကိုရောက်မယ်။ အခုကတော့လက်မှတ်ကပြည့်သွားပြီ။ ဒီသင်္ဘောက ရန်ကုန်ကိုပြန်လာဖို့မရှိပါဘူး။ ချောင်းသာကို အခြေပြုပြီး တခြားခရီးစဉ်တွေကို ပြေးဆွဲပေးသွားမှာဖြစ်ပါတယ်။"ဟု အဆိုပါကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ရေဦးအနောက်ခြမ်းရှိ ကျေးရွာများမှ ဒေသခံရှစ်ထောင်ခန့် အရေးပေါ် စစ်ရှောင်နေရ

စစ်ရှောင်အများစုမှာ အနီးအနားရှိ ကျေးရွာများသို့ ထွက်ပြေးတိမ်းရှောင်မှုများရှိသကဲ့သို့ တောစပ်များနှင့် လယ်ကွင်း၊ ယာကွင်း စသည့်ကွင်းပြင်များ၌ တဲများထိုး၍ ယာယီနေထိုင် လျက် ရှိနေကြောင်း သိရသည်။

တရုတ်ဘက်မှ ဖမ်းဝရမ်းထုတ်ထားသူ ဝ အရာရှိနှစ်ဦးအား မြန်မာဘက်မှလည်း ဝရမ်းထုတ်

ဖမ်းဝရမ်းထုတ်ခံရသူနှစ်ဦးမှာ လက်ရှိအချိန်အထိ တရုတ်ရဲတပ်ဖွဲ့၏ ဖမ်းဆီးခံရခြင်းမရှိသေးဘဲ ၎င်းတို့နှစ်ဦးမည်သည့်နေရာတွင် ရှိနေကြောင်းကို မသိရှိကြောင်း လက်နက်ကိုင် အဖွဲ့တစ်ဖွဲ့နှင့် နီးစပ်သူတစ်ဦးက ပြောကြားသည်။

ရန်ကင်းစင်တာ အပေါ်ထပ် လူနေတိုက်ခန်း မီးလောင်၊ လူထိခိုက်မှုမရှိ

"ရန်ကင်းစင်တာအပေါ်ထပ်က လူနေတိုက်ခန်းမှာပါ၊ တိုက်ခန်းက ပြင်နေတုန်းမို့ လူမနေဘူးလို့တော့ကြားတယ်။ ထိခိုက်မှုတွေတော့ မရှိဘူးကြားတယ်။" ဟု ရန်ကင်းမြို့နယ်၌ နေထိုင်သူတစ်ဦးက ပြောသည်။

ပြည်တွင်းဆန်ဈေးကွက်အတွင်း ဆန်လက်ကားဈေး ပြန်တက်လာ

မိုးစပါးများ ရိတ်သိမ်းခါနီးချိန် ဖြစ်သော်လည်း ဆန်အဟောင်းများ ဈေးနှုန်းပြန်တက်လာပြီး လက်ကားဈေးကွက်အတွင်း ရွှေဘိုပေါ်ဆန်းနှင့် ဧရာဝတီပေါ်ဆန်း ဆန်အမျိုးအစားများ တစ်အိတ်လျှင် ကျပ်တစ်ထောင်ခန့် ဈေးပြန်လည်မြင့်တက်လာကြောင်း သိရသည်။

ပြည်ပတွင် အလုပ်လုပ်ကိုင်သူများ အခွန်ကင်းရှင်းကြောင်း မပြနိုင်ပါက ပတ်စ်ပို့စ်သက်တမ်း တိုးပေးတော့မည်မဟုတ်

“ဝင်ငွေခွန် တင်ပြရမှာပေါ့။ ဒါမှ ပတ်စ်ပို့စ် သက်တမ်းတိုးလို့ရမယ်။ ဒီလကစပြီး ဝင်ငွေခွန်ဆောင်ရမယ်။ ဒီမှာ အဆင်မပြေလို့ နိုင်ငံခြားထွက်ပြီး အလုပ်လုပ်တာ။ အခုတော့ ဝင်ငွေ ခွန်ပါ ထပ်ပေးရတော့မယ်။”

ငွေလိမ်ဂိုဏ်းတွင်ပါဝင်သည့် တရုတ်က ဖမ်းဝရမ်းထုတ်ထားသည့် အရာရှိနှစ်ဦးကို ဝတပ်ဖွဲ့မှ ထုတ်ပယ်

ပါတီ၏ပေါ်လစ်ဗျူရို အမြဲတမ်းကော်မတီက လေ့လာပြီးနောက် ဝ ပြည်အစိုးရ၏ ဂုဏ်သိက္ခာ နှင့် ပတ်ဝန်းကျင်နိုင်ငံများနှင့် မိတ်ဝတ်မပျက်ဆက်ဆံရေးကို ထိန်းသိမ်းရန်အတွက် ၎င်းတို့နှစ်ဦးအား ရာထူးမှထုတ်ပယ်ခဲ့ကြောင်း ထုတ်ပြန်ထားသည်။

မန္တလေး-မြစ်ကြီးနားကားလမ်းပေါ် မိုင်းကွဲမှုကြောင့် ယာဉ်နောက်လိုက်တစ်ဦး သေဆုံး

ထိုသို့ မိုင်းပေါက်ကွဲစဉ် မန္တလေးမှ မြစ်ကြီးနားသို့ ကုန်များတင်ဆောင်၍ မောင်းနှင်လာသော ၂၂ ဘီးတွဲကားအားထိမှန်ကာ ယာဉ်ပေါ်ပါ ယာဉ်နောက်လိုက်မှာ မိုင်းစထိမှန်ဒဏ်ရာများ ရရှိ၍ နေရာ၌ပင် သေဆုံးသွားကြောင်း သိရသည်။