» သတင်း

အမေရိကန်က အစ္စရေးကို ထောက်ခံကြောင်းပြသမှုအဖြစ် လေယာဉ်တင်သင်္ဘောတစ်စီး ထပ်မံစေလွှတ်

အမေရိကန်သည် အစ္စရေးနှင့် ဟားမက်စ်အဖွဲ့ကြား စစ်ပွဲစတင်ခဲ့ပြီးနောက် နှစ်ရက်အကြာတွင် မြေထဲပင်လယ်ဒေသသို့ လေယာဉ်တင်သင်္ဘောတစ်စီးကို ပထမဆုံး စေလွှတ်ခဲ့ပြီး နောက် ရက်ပိုင်းအကြာတွင် USS Eisenhower အမည်ရှိ လေယာဉ်တင်သင်္ဘောအုပ်စုကို ထပ်မံစေလွှတ်ခဲ့ခြင်းဖြစ်သည်။

ရေစကြိုမြို့နယ် စာသင်ကျောင်းတစ်ခု၌ လက်နက်နှင့် ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိ

အခြေခံပညာအထက်တန်းကျောင်းအတွင်းမှ လက်လုပ်သေနတ်အရှည် ၂၁ လက်၊ လက်လုပ်သေနတ်အတို တစ်လက်၊ လက်လုပ်အာပီဂျီ သုံး လက်၊ လက်လုပ်စိန်ပြောင်း ၁၇ လက်နှင့် ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိခဲ့ကြောင်း ရဲတပ်ဖွဲ့နှင့်နီးစပ်သူတစ်ဦးက ပြောသည်။

စစ်တောင်းမြစ်ရေ တောင်ငူမြို့၌ စိုးရိမ်ရေမှတ် ရောက်နေ

"ဒီမနက်အထိတော့ ရေနစ်မြှုပ်တာ မရှိသေးဘူး။ မြစ်ထဲမှာတော့ ရေက သိသိသာသာကိုမြင့်တက်နေတာ။ သတိနဲ့တော့ နေ,နေရတာပေါ့။ မိုးမရွာတာလည်း ကံကောင်းတယ် ပြောရမယ်။ မိုးရွာရင်တော့ မလွယ်ဘူး။" ဟု အဆိုပါဒေသခံက ပြောကြားသည်။

ငါန်းဇွန်၌ Drop Bomb ကျရောက်ပေါက်ကွဲမှုကြောင့် လသားအရွယ် ကလေးငယ်တစ်ဦး ဒဏ်ရာရ

"ဒေသခံ ဦးအေးချမ်းဝင်းရဲ့ နေအိမ်ခြံဝန်းထဲကို Drop Bomb ပြုတ်ကျပြီး ပေါက်ကွဲသွားတာ။ အဲ့ဒီအချိန် ၉ လအရွယ် သူ့သားလေးက ကုလားထိုင်ပေါ် အိပ်ပျော်နေချိန် ဗုံးစက သူ့ကိုထိမှန်သွားတာ။ ဆေးကုသမှုခံယူနေပါတယ်။ အသက်အန္တရာယ်တော့ မစိုးရိမ်ရဘူး။"

တနင်္သာရီမြို့နယ်၌ မြတ်မန္တလာထွန်း ခရီးသည်ယာဉ် မိုင်းဆွဲတိုက်ခိုက်ခံရ

အဆိုပါ မိုင်းဆွဲတိုက်ခိုက်ခံရခြင်းကြောင့် ကား၏ဘေးမှန်များ ထိခိုက်ပျက်စီးခဲ့ပြီး ယာဉ်ပေါ်လိုက်ပါလာသည့် ယာဉ်ဝန်ထမ်းများ၊ ခရီးသည်များ ထိခိုက်မှုမရှိ ခဲ့ကြောင်း တနင်္သာရီ မြို့အခြေစိုက် လူမှုကူညီရေးအဖွဲ့တစ်ခုမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ဂါဇာဒေသကို အစ္စရေးတပ်ဖွဲ့ဝင်များ မြေပြင်ထိုးစစ်ဆင်နွဲမှု စတင်လိုက်ကြောင်း အစ္စရေးဝန်ကြီးချုပ် ကြေညာ

ဂါဇာ ပြည်ထဲရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူတစ်ဦးက "ဂါဇာမြို့ကနေ ဂါဇာမြောက်ပိုင်းက ပြည်သူတွေကို ပြောလိုပါတယ်။ အိမ်ထဲမှာသာ နေထိုင်စေလိုတယ်။ ကိုယ်နေရာမှာ သာ ကိုယ်နေထိုင်စေလိုတယ်။" ဟုပြောသည်။

တနင်္သာရီမြို့နယ်၌ လက်နက်ကြီးကျည် ထိမှန်မှုကြောင့် အသက် ၁၀ နှစ်အရွယ် ကလေးတစ်ဦး သေဆုံးခဲ့ပြီး လေးဦးဒဏ်ရာရ

''လက်နက်ကြီးနဲ့ ၁၀ ချက်ထက်မနည်း ပစ်ခံရတာ။ ဒါ့ကြောင့် အခုလို သေဆုံးဒဏ်ရာရတဲ့သူ များတာပေါ့။ သေဆုံးသွားတဲ့ကလေးက သစ်ပင်ခြောက်ကျေးရွာက ၁၀ နှစ်အရွယ် ကလေးလေးပါ။ ဘယ်အဖွဲ့က ပစ်နေလဲတော့မသိဘူး။ တိုက်ပွဲဖြစ်နေတာလည်းမရှိဘူး။''

ရေစကြို၌ ဒေသခံထောင်ချီ အရေးပေါ် စစ်ဘေးရှောင်ရ

"ဒီဘက်တွေကို စစ်ကြောင်းတစ်ခါမှတော့ ဝင်တာမရှိဘူး။ အခုမှဝင်တာ။ ရေလည်ကျွန်းဒေသဆိုတော့ အနီးတဝိုက် ပတ်ပတ်လည်နေရာတွေကနေ ဝင်လာတယ်လို့ သိရတယ်။ တိုက်ပွဲတွေလည်း ဖြစ်လာနိုင်တော့ အမြန်ဆုံးထွက်ပြေးတိမ်းရှောင်ရတာ။" ဟု ဒေသတွင်း စစ်ရှောင်ကူညီပေးသူတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။

ကော့ကရိတ်၌ စာသင်ကျောင်းအနီး Drop Bomb ကျရောက်ပေါက်ကွဲ၍ ကျောင်းသူတစ်ဦး သေဆုံးကာ သုံးဦးဒဏ်ရာရ

"မနေ့က ခလရ ၉၇ ကို Drop Bomb နဲ့ရော လက်နက်ကြီးနဲ့ရော ပစ်ပြီးတိုက်တာမှာ Drop Bomb တစ်လုံးက စာသင်ကျောင်းနားကို ပြုတ်ကျပြီး ကျောင်းသူလေးတွေကို ထိမှန် သွားတာ။ လေးဦးစလုံးကို ဆေးရုံကို အချိန်မှီပို့ပေးခဲ့ပေမဲ့…

လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် ကလေးတစ်ဦးသေဆုံး ရှစ်ဦးဒဏ်ရာရ

ပြီးခဲ့သည့် အောက်တိုဘာ ၁၁ ရက်နှင့် ၁၂ ရက်တို့တွင် ကျောက်ကြီးမြို့နယ်၊ ရွာကန့်လန့်ကျေးရွာနှင့် မုန်းမြို့နယ်၊ သေနပ်ကွင်းကျေးရွာတို့၌ လက်နက်ကြီးကျည် ကျရောက်မှုကြောင့် အသက် ၁၃ နှစ်အရွယ် ကလေးတစ်ဦးသေဆုံးခဲ့ပြီး ရှစ်ဦးထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း ဒေသခံတစ်ဦးက ပြောသည်။