» သတင်း

ပဲခူးတိုင်းရှိ အခြေခံပညာကျောင်း နှစ်ရာကျော်ပြန်ဖွင့်မည်

ပြီးခဲ့သည့်ရက်ပိုင်းက ပဲခူးမြို့ရှိ အထက (၃) ကျောင်းမှာ လာမည့်အောက်တိုဘာ ၁၆ ရက်တွင် ကျောင်းပြန်ဖွင့်မည်ဖြစ်ကာ အောက်တိုဘာ ၁၇ ရက်တွင် စာမေးပွဲစစ်မည်ဟု ကြေ ညာထားသဖြင့် ကျောင်းသားမိဘများနှင့် လူထုအကြား ဝေဖန်မှုများ မြင့်တက်လျက်ရှိနေကြောင်း သိရသည်။

ရေကြီးမှုကြောင့် ပဲခူးမြို့ရှိ လယ်ဧက ငါးသောင်းထက်မနည်း ပျက်စီးဆုံးရှုံး

"ပထမတစ်ကြိမ်ရေကြီးတုန်းက ဒီလောက်မဆိုဘူး။ အခုတစ်ကြိမ်က တော်တော်ဆိုးတယ်။ မကြုံဖူးဘူး။ စပါးကလည်း ရိတ်သိမ်းခါနီးဖြစ်နေပြီ။ အခုတော့ အားလုံးရေမြုပ်ကုန်ပြီ" ဟု စပါးစိုက်တောင်သူတစ်ဦးက ပြောသည်။

တောင်ဥက္ကလာပရှိ DOMINO ကလပ်အား ရှောင်တခင်ဝင်စစ်ဆေး

ထိုသို့ ရှောင်တခင်ဝင်စစ်ရာတွင် ကလပ်အတွင်း၌ အမျိုးသား ၈၇ ဦး၊ အမျိုးသ မီး ၅၅ ဦး စုစုပေါင်း ၁၄၂ ဦးနှင့် ကလပ်မန်နေဂျာတစ်ဦးတို့အားတွေ့ရှိရပြီး မူးယစ်ဆေးဝါးနှင့် ဆက်စပ်၍ တစ်ဦးခြင်းအား စစ်ဆေးရာ မူးယစ်ဆေးဝါးနှင့် ဆက်စပ်ပစ္စည်းများမတွေ့ရ၍…

ဖယ်ခုံရှိ ကျေးရွာအချို့၌ လူကြီးများသာမက လသားအရွယ်ကလေးများပါ အရေပြားကူးစက်ရောဂါ ဖြစ်ပွားနေ

သိကျိတ်ကျေးရွာအုပ်စုရှိ ကျေးရွာ ၅ ရွာထက်မနည်းမှ ဒေသခံတစ်ရာကျော်မှာ လက်၊ ခြေထောက်များအပါအဝင် ခန္ဓာကိုယ်အနှံ့အပြားတွင် ယားယံ၍ အရည်ကြည်အဖုများကဲ့သို့ ထွက်ပေါ်ကာ အရေပြားရောဂါကို ခံစားနေရကြောင်း သိရသည်။

လှည်းကူးမြို့နယ်တွင် စက်ရုံ၊ အလုပ်ရုံနှင့် အထည်ချုပ်ဝန်ထမ်းများ ခွင့်တိုင်မရသဖြင့် အလုပ်ပြန်ဆင်း

လှည်းကူးမြို့နယ်တွင် ရေကြီးရေလျှံဖြစ်စဥ်​ကြောင့် အလုပ်သမားအများအစု ရေဘေးသင့်ဒဏ် ခံစားနေရသော်လည်း စားဝတ်နေရေးအတွက် ရေများကို ဖြတ်ကူးကာ သက်ဆိုင်ရာ စက်ရုံများသို့ လာရောက်အလုပ်ဆင်းကြရခြင်းဖြစ်​ကြောင်း သိရသည်။

အွန်လိုင်းငွေလိမ်ဂိုဏ်းတွင် ပါဝင်သည်ဆိုကာ ဝ အရာရှိဆိုသူနှစ်ဦးကို တရုတ်က ဖမ်းဝရမ်းထုတ်

၎င်းတို့နှစ်ဦးမှာ ကျားဖျန့်ဟုခေါ်သည့် အွန်လိုင်းမှ ငွေကြေးလိမ်လည်သည့် ဂိုဏ်းများနှင့် ဆက်စပ်နေသူများဖြစ်သည်ဟုဆိုထားပြီး သူတို့နှစ်ဦးအား ဖမ်းဆီးပေးပါက တရုတ်ယွမ်ငွေ တစ်သိန်းမှ ငါးသိန်းအထိဆုချီးမြှင့်မည်ဟု တရုတ်ဘက်မှ ကြေညာထားကြောင်း သိရသည်။

ပဲခူးမြို့အနီးရှိ ကျေးရွာများ ရေနစ်မြုပ်မှုကြောင့် လယ်ဧကများစွာ လယ်ဧကများဆုံးရှုံး

မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် ဥက္ကဋ္ဌ ဦးရဲမင်းအောင်က ရေနစ်မြုပ်မှုကို ကြုံတွေ့ခဲ့ရသည့် တောင်သူများအနေဖြင့် သက်ဆိုင်ရာမြို့နယ် အာဏာပိုင်များထံတွင် အကူအညီ တောင်းခံနိုင်ကြောင်း ပြောကြားသော်လည်း မည်သို့ကူညီမည်ဆိုသည်ကို ပြောကြားခြင်းမရှိပေ။

လိုင်ဇာအနီး ပေါက်ကွဲမှုအား နယ်စပ်ဂိတ်တွင် တရုတ်ရဲကစစ်ဆေးနေ ဟုဆို

လိုင်ဇာမြို့အနီး ၂ မိုင်ခန့်အကွာရှိ မုန်လိုင်ခက်စစ်ဘေးရှောင်စခန်းတွင် အောက်တိုဘာ ၉ ရက်၊ ည ၁၁ နာရီဝန်းကျင်က ပြင်းထန်သည့်ပေါက်ကွဲမှု ဖြစ်ပေါ်ခဲ့ပြီး ကလေးငယ် ၁၁ ဦး အပါအဝင် ၂၉ ဦးထက်မနည်း သေဆုံးခဲ့ကာ ထိခိုက်ဒဏ်ရာရရှိသူ…

မှတ်ပုံတင်စမတ်ကတ်များ ရှေ့လတွင် ထုတ်ပေးမည်

မိမိမှတ်ပုံတင်ကို စမတ်ကတ်မှတ်ပုံတင်အဖြစ် ပြောင်းလဲလိုပါက မြို့နယ်လဝကရုံးများတွင် အခမဲ့ပြုလုပ်ပေးနေပြီး မည်သည့်စာရွက်စာတမ်းမှမလိုကြောင်း၊ မိမိမှတ်ပုံတင်ပြရုံဖြင့် ကွန်ပျူတာဖြင့် စကင်ဖတ်ကာ ဂဏန်း ၁၀ လုံး ကုဒ်နံပါတ်ပါဝင်သည့်စလစ်စာရွက် ထုတ်ပေးထားကြောင်း သိရသည်။

ဖားကန့်၌ စားသောက်ဆိုင်ပိုင်ရှင် ပစ်ခတ်ခံရ၍ သေဆုံး

"ဆိုင်ကယ်တစ်စီးနဲ့ လူနှစ်ယောက်ရောက်လာပြီး ဆိုင်ထဲက လူအများရှေ့မှာပဲ ကိုဖက်တီးရဲ့ခေါင်းကို သေနတ်နဲ့နှစ်ချက်ပစ်ပြီး ထွက်ပြေးသွားတာ။ ကိုဖက်တီးက နေရာမှာပဲ သေ ဆုံးသွားပါတယ်။" ဟု ဒေသတွင်းပရဟိတအသင်းတစ်သင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။