» သတင်း

ပဲခူးမြို့အနီးရှိ ကျေးရွာများ ရေနစ်မြုပ်မှုကြောင့် လယ်ဧကများစွာ လယ်ဧကများဆုံးရှုံး

မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် ဥက္ကဋ္ဌ ဦးရဲမင်းအောင်က ရေနစ်မြုပ်မှုကို ကြုံတွေ့ခဲ့ရသည့် တောင်သူများအနေဖြင့် သက်ဆိုင်ရာမြို့နယ် အာဏာပိုင်များထံတွင် အကူအညီ တောင်းခံနိုင်ကြောင်း ပြောကြားသော်လည်း မည်သို့ကူညီမည်ဆိုသည်ကို ပြောကြားခြင်းမရှိပေ။

လိုင်ဇာအနီး ပေါက်ကွဲမှုအား နယ်စပ်ဂိတ်တွင် တရုတ်ရဲကစစ်ဆေးနေ ဟုဆို

လိုင်ဇာမြို့အနီး ၂ မိုင်ခန့်အကွာရှိ မုန်လိုင်ခက်စစ်ဘေးရှောင်စခန်းတွင် အောက်တိုဘာ ၉ ရက်၊ ည ၁၁ နာရီဝန်းကျင်က ပြင်းထန်သည့်ပေါက်ကွဲမှု ဖြစ်ပေါ်ခဲ့ပြီး ကလေးငယ် ၁၁ ဦး အပါအဝင် ၂၉ ဦးထက်မနည်း သေဆုံးခဲ့ကာ ထိခိုက်ဒဏ်ရာရရှိသူ…

မှတ်ပုံတင်စမတ်ကတ်များ ရှေ့လတွင် ထုတ်ပေးမည်

မိမိမှတ်ပုံတင်ကို စမတ်ကတ်မှတ်ပုံတင်အဖြစ် ပြောင်းလဲလိုပါက မြို့နယ်လဝကရုံးများတွင် အခမဲ့ပြုလုပ်ပေးနေပြီး မည်သည့်စာရွက်စာတမ်းမှမလိုကြောင်း၊ မိမိမှတ်ပုံတင်ပြရုံဖြင့် ကွန်ပျူတာဖြင့် စကင်ဖတ်ကာ ဂဏန်း ၁၀ လုံး ကုဒ်နံပါတ်ပါဝင်သည့်စလစ်စာရွက် ထုတ်ပေးထားကြောင်း သိရသည်။

ဖားကန့်၌ စားသောက်ဆိုင်ပိုင်ရှင် ပစ်ခတ်ခံရ၍ သေဆုံး

"ဆိုင်ကယ်တစ်စီးနဲ့ လူနှစ်ယောက်ရောက်လာပြီး ဆိုင်ထဲက လူအများရှေ့မှာပဲ ကိုဖက်တီးရဲ့ခေါင်းကို သေနတ်နဲ့နှစ်ချက်ပစ်ပြီး ထွက်ပြေးသွားတာ။ ကိုဖက်တီးက နေရာမှာပဲ သေ ဆုံးသွားပါတယ်။" ဟု ဒေသတွင်းပရဟိတအသင်းတစ်သင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

အသင်းဝင်ကြေးပေးသွင်းရန် ပျက်ကွက်ခဲ့သည့် အထည်ချုပ်လုပ်ငန်းရှင် ၂၅၀ ကျော်ကို အသင်းဝင်အဖြစ်မှ ရပ်ဆိုင်း

"အထည်ချုပ်‌စက်ရုံတော်တော်များများက အော်ဒါတွေမရလို့ ပိတ်ထားရတာတွေရှိတယ်။ ဆက်ပြီးမလည်ပတ်နိုင်တော့ဘူး။ ရှေ့ဆက်ပြီးတော့လည်း လျော့လာနိုင်တယ်။" ဟု အလုပ်သမားရေးရာ ကူညီဆောင်ရွက်ပေးသူတစ်ဦးက ပြောသည်။

ဟားမက်စ်အဖွဲ့အပြင် လစ်ဘနွန်နိုင်ငံအခြေစိုက် ဟစ်ဘိုလာအဖွဲ့ကို ဒုံးကျည်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း အစ္စရေးစစ်ဘက် ဆို

ပါလက်စတိုင်းသည် အစ္စရေးနိုင်ငံနှင့်အတူ အချုပ်အခြာအာဏာပိုင်နိုင်ငံအဖြစ် ရပ်တည်ခွင့်မရဘူးဆိုလျှင် အရှေ့အလယ်ပိုင်းဒေသတွင် လုံခြုံရေး၊ တည်ငြိမ်ရေး၊ ငြိမ်းချမ်းရေး ရရှိမည်မဟုတ်ကြောင်း ဂျော်ဒန်ဘုရင် အဒူလာက ပြောသည်။

ပုလဲ၌ ရက်ပိုင်းအတွင်း ဒေသခံတစ်သောင်းခွဲ စစ်ရှောင်ရ

အောက်တိုဘာ ၅ ရက်မှစ၍ ပုလဲမြို့နယ်အတွင်းရှိ အင်မထီးနှင့် ဇီးဖြူကုန်းကျေးရွာတို့နှင့် ပုလဲ-ဂန့်ဂေါလမ်းအတိုင်း မင်းတိုင်ပင်ရွာတို့သို့ လာရောက်သော စစ်ကြောင်းများနှင့် PDF အဖွဲ့တို့အကြား အပြန်အလှန်တိုက်ပွဲများ ပြင်းထန်စွာဖြစ်ပွားခဲ့၍ ဒေသခံသောင်းချီ စစ်ဘေးတိမ်းရှောင်ရခြင်းဟု သိရသည်။

စက်သုံးဆီစျေးနှုန်းများ ကျပ် ၂၀၀၀ အထက် ပြန်လည်ရောက်ရှိလာ

"ဆီစျေးကျသွားတဲ့အချိန်တုန်းက သီလဝါမှာ ဆီပြတ်နေလို့ဆိုပြီး ဆိုင်အများစုက မနက်ပိုင်း အရောင်းပြပြီး၊ နေ့ခင်းလောက်ဆို မရှိတော့ဘူးဆိုပြီး မရောင်းကြဘူး။ အခုဆီစျေး ပြန်တက်လာတော့ ဆိုင်တွေတော်တော်များများမှာ ဝယ်လို့ပြန်ရနေပြီ။" ဟု အငှါးယာဉ်မောင်းတစ်ဦးက ပြောသည်။

ကုန်သွယ်ရေးမူဝါဒ အပြောင်းအလဲကြောင့် မောင်တောနယ်စပ်ကုန်သွယ်ရေး ရပ်ဆိုင်းလုနီးပါးဖြစ်နေ

ပြီးခဲ့သည့် စက်တင်ဘာ ၄ ရက်မှစ၍ ဆန်၊ ဆန်ကွဲ၊ ပဲမျိုးစုံ၊ နှမ်း၊ မြေပဲ၊ မြေပဲဆန်၊ ကြက်သွန်နီ စသည့်စိုက်ပျိုးရေးထွက်ကုန်များအပြင် ရေချို၊ ရေငန် ငါးမျိုးစုံကို ယခင် မောင် တောနယ်စပ်မှ တင်ပို့နေရာမှ ယခု…

ပဲခူးမြို့၌ ရေပြန်လည်ကျဆင်းလာ

ယနေ့နံနက်ပိုင်းက ပဲခူးမြို့တွင် နှစ်ပေနီးပါးခန့် ရေပြန်လည်ကျဆင်းလာပြီဖြစ်သော်လည်း လုံးဝပြန်လည်ကျဆင်းခြင်းတော့ မဟုတ်သေးကြောင်း ပဲခူးမြို့အခြေစိုက် ကြီးလေးကြီး လူမှုကူညီရေးအသင်းမှ ကိုမင်းမင်းထွန်းက ယနေ့ခေတ်သို့ ပြောသည်။