» သတင်း

ပဲခူးတစ်မြို့လုံး ရေမြုပ်နေဆဲဖြစ်

နှစ်ပေါင်း ၆၀ နီးပါးအတွင်း စံချိန်တင်မိုးရွာသွန်းမှုနှင့် ပဲခူးမြစ်ရေ မြင့်တက်နေမှုကြောင့် ယမန်နေ့မှစ၍ ပဲခူးမြို့နှင့် အနီးတဝိုက်ဒေသများတွင် ရေနစ်မြှုပ်ခဲ့ပြီး ယမန်နေ့ညပိုင်းနှင့် ယနေ့နံနက်ပိုင်းတို့တွင်လည်း ရေနစ်မြှုပ်နေဆဲဖြစ်ကြောင်း သိရသည်။

ကျိုက်ထိုမြို့တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် တောင်တက်လမ်း၌ မြေသားအက်ကြောင်း ဖြစ်ပေါ်

ကင်မွန်းချောင်းကျေးရွာ ကျိုက်ထီးရိုး တောင်တက်လမ်း၊ မိုင်တိုင်အမှတ် ၇မိုင် ၄ ဖာလုံရှိ ရသေ့တောင် ယာဉ်ရပ်နားစခန်းအနီးတွင် မိုးသည်း ထန်စွာ ရွာသွန်းမှုကြောင့် တောင်တက်ကားလမ်းဘေး အောက်ဘက်ရှိ မြေသားနံရံ အက်ကြောင်းလိုက်ပြီး မြေပြိုကျမှုဖြစ်ပေါ် ခဲ့ကြောင်း သိရသည်။

ဖရူဆိုမြို့နယ်၌ လက်နက်ကြီးကျည် ကျရောက်ပေါကွဲမှုကြောင့် စစ်ဘေးရှောင် ကလေးငယ် သေဆုံး

လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် ယာယီစစ်ရှောင်နေအိမ် ၄ လုံးထက်မနည်း ပျက်စီးခဲ့ပြီး စစ်ရှောင်များ အပြင်ထွက်နေသည့်အချိန် ပေါက်ကွဲမှုဖြစ်ပွားခြင်းဖြစ် သည့်အတွက် ထိခိုက်ဒဏ်ရာရရှိခဲ့ခြင်း မရှိကြောင်း သိရသည်။

စစ်ကိုင်းတိုင်း ကလေးမြို့၌ လူငယ်လေးဦး သေနတ်ဖြင့် ပစ်ခတ်ခံရပြီး တစ်ဦသေဆုံး

သေနတ်ဖြင့် ပစ်ခတ်ခံရပြီး သေဆုံးသူသည် အသက် ၁၇ နှစ်အရွယ် မောင်လျန်မွမ်းစိန်ဖြစ်ပြီး သူငယ်ချင်းများအတူ အောက်တိုဘာ ၆ ရက်၊ ညနေ ၃ နာရီက ကလေးမြို့၊ U - 17 လူငယ်ဘောလုံးပြိုင်ပွဲ ဘောလုံးကန်ရန်သွားစဉ်…

လှည်းကူးမြို့နယ်၌ ရပ်ကွက်နှင့် ​ကျေးရွာများအတွင်း ရေကြီးရေလျှံမှုဖြစ်ပေါ်

ငမိုးရိပ်ရေလှောင်တမံ ရေပြည့်အမှတ်သည် ၁၀၇ ပေရှိပြီး ​အောက်တိုဘာ ၈ ရက်၊ နံနက် ၁၀ နာရီတွင် ရောက်ရှိနေသည့် တမံရေအမှတ်မှာ ၁၁၁ ပေရှိခြင်းကြောင့် ရေပိုလွှဲမှ ၄ ပေအထိ ရေကျော်နေကြောင်း သိရသည်။

ပါလက်စတိုင်းများကို ပြန်လွှတ်ပေးမည်ဆိုလျှင် အစ္စရေးတပ်ဖွဲ့ဝင်များနှင့် နိုင်ငံသားများကို ပြန်လွှတ်ပေးမည်ဟု ဟားမက်စ်အဖွဲ့ ဆို

ဟားမက်စ်အဖွဲ့၏ အလစ်တိုက်ခိုက်ခံရပြီးနောက် အစ္စရေးဝန်ကြီးချုပ် နေတန်ရာဟုက ၎င်းတို့အနေဖြင့် အချိန်ကြာပြီး ခက်ခဲမည့်စစ်ပွဲကို ရင်ဆိုင်နေကြရကြောင်း ထုတ်ဖော်ပြော ဆိုခဲ့သည်။

မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် ပဲခူးမြစ်ရေ စိုးရိမ်ရေမှတ်ထက် တစ်ပေခွဲခန့် မြင့်တတ်လာ

"မိုးက မနေ့ကတည်းကရွာတာ။ ညကလည်း တစ်ညလုံးရွာတာ မတိတ်ဘူး။ ဒီမနက်လည်း တောက်လျှောက်ရွာတာ။ ရေပါ ပါလာတာ။ အိမ်ထဲတောင် ရေကတော်တော်ဝင်နေပြီ။"ဟု ပဲခူးမြို့၊ လိပ်ပြာကန်အနီးတွင် နေထိုင်သူတစ်ဦးက ပြောသည်။

မြန်မာနိုင်ငံ ရှေ့လျှောက်ရမည့်လမ်းတွင် စိန်ခေါ်မှုများရှိနေဆဲဖြစ်ပြီး လူသားချင်း ဆိုင်ရာ စာနာမှုအကူညီများ ဆက်လက်ပံ့ပိုးကူညီမည်ဟု အမေရိကန် ဆို

"ကျွန်တော်တို့ဟာ မြန်မာနိုင်ငံမှာဖြစ်ပွားနေတဲ့ ပဋိပက္ခအတွင်းမှာ လိုအပ်နေတဲ့သူတွေကို ကူညီထောက်ပံ့ပေးမှုတွေ ဆက်လက်လုပ်ဆောင်မှာပါ။ လက်ရှိအချိန်အထိ မြန် မာနိုင်ငံမှာ နေရပ်စွန့်ခွာရသူဦးရေ ၁ ဒသမ ၉ သန်းရှိနေပါတယ်။" ဟု ပြောသည်။

စက်သုံးဆီအရောင်းဆိုင်အချို့၌ ၉၂ ဝယ်မရသည့်ပြဿနာ ကြုံတွေ့နေရ

ဓာတ်ဆီ ၉၂ တစ်လီတာ ကျပ် ၂၀၀၀ အောက် ကျဆင်းလာပြီးနောက် စက်သုံးဆီအရောင်းဆိုင်အချို့၌ ဆီဝယ်မရသည့်ပြဿနာ ကြုံတွေ့နေရကြောင်း အငှားယာဉ်မောင်းများ၏ ပြောပြချက်အရ သိရသည်။

မင်္ဂလာဒုံမြို့နယ်တွင် ယာဉ်တိုက်မှုဖြစ်ပွား အမျိုးသမီးသုံးဦး သေဆုံး

ရွှေမန္တလာ ခရီးသည်တင်ယာဉ်သည် အရှိန်မထိန်းပဲ အလုပ် ဖယ်ရီကားနှင့် Probox ကားအားဝင်တိုက်ခဲ့​ပြီး အမျိုးသမီးသုံးဦး သေဆုံးပြီး၊ ၁၉ ဦးဒဏ်ရာရရှိကြောင်း ပုလဲမီးသတ်တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။