» သတင်း

ယင်းမာပင်နှင့် ဆားလင်းကြီးအစပ် ကျေးရွာများ လေကြောင်းတိုက်ခိုက်ခံရ၍ ဒေသခံထောင်ချီ တိမ်းရှောင်နေရ

ယမန်နေ့ နံနက် ၁၀ နာရီခွဲခန့်က အဆိုပါမြို့နယ်နှစ်ခု၏အစပ်ရှိ ဘိုက်သရပ်ကျေးရွာနှင့် လည်ငှောက်ကျေးရွာအကြားသို့ လေကြောင်းတိုက်ခိုက်ခံရ၍ ဒေသခံထောင်ချီ၍ ထွက် ပြေးတိမ်းရှောင်ရခြင်းဟု သိရသည်။

အငှားယာဥ်မောင်းမှ ခရီးသည်အမျိုးသမီးအား ဓားဖြင့်ထိုးကာ လုယက်မှုဖြစ်

"အတွင်းကြီးပဲ ၇၂ ချုပ်ထားရတာ၊ ခြေထောက်တွေ၊ လက်တွေမှာလည်း ဓားဒဏ်ရာတွေကြီးပဲ၊ လက်တွေခြေတွေအကုန် ဓားနဲ့ဖြတ်လို့ ပါးစပ်နဲ့ကုန်းကိုက်မှ ဓားကလွတ်ကျသွား တာ။ အဲ့ချိန်ပြေးဆင်းလို့ လွတ်လာတာတဲ့။" ဟု ၎င်းက ဆက်လက်ပြောပြသည်။

အုတ်ဖိုမြို့နယ်၌ ကျေးရွာအုပ်ချုပ်ရေးမှူးတစ်ဦး သေနတ်ဖြင့် ပစ်ခတ်ခံရပြီး သေဆုံး

သေနတ်ဖြင့် ပစ်ခတ်ခံရသူသည် အသက် ၄၅ နှစ်ဝန်းကျင် ကြို့ကိုးပင်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးဇော်ဝမ်းဆိုသူဖြစ်ပြီး ယနေ့ အောက်တိုဘာ ၄ ရက်၊ မနက် ၈ နာရီခွဲဝန်းကျင်က နေအိမ်မှ ဆိုင်ကယ်ဖြင့်ထွက်လာချိန် သေနတ်ဖြင့် အနီးကပ်ပစ်သတ်ခံရခြင်းဖြစ်ကြောင်း အုပ်ချုပ်ရေးအဖွဲ့နှင့်…

တာမွေရှိ One Stop Mart ဆိုင်ကို ဓားထောက်လုယက်သူ လူငယ်သုံးဦးအား ဝိုင်းဝန်းဖမ်းဆီးရာ ဖမ်းမိ

ယမန်နေ့ ညနေ ၆ နာရီကျော်က တာမွေမြို့နယ်၊ ကျောက်မြောင်းရပ်ကွက်၊ ဩဘာလမ်းနှင့် ဒဂုံသီရိလမ်းထောင့်တွင် ဖွင့်လှစ်ထားသော One Stop Mart ဆိုင်သို့ လူငယ်လေးဦး ဓားကိုင်ဆောင်ကာ ဝင်ရောက်လာပြီး လုယက်ရန် လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

ထားဝယ်အကျဥ်းထောင်မှ နိုင်ငံရေးအကျဥ်းသား ၁၄ ဦး လွတ်ရက်စေ့၍ ပြန်လည်လွတ်မြောက်

ပြီးခဲ့သည့် အောက်တိုဘာ ၂ ရက်၊ နံနက်ပိုင်းတွင် ထားဝယ်အကျဥ်းထောင်မှ တက္ကသိုလ်ကျောင်းသားသမဂ္ဂ ဥက္ကဋ္ဌဟောင်း အပါအဝင် နိုင်ငံရေးအကျဉ်းသား ၁၄ ဦး ပြန်လည်လွတ် မြောက်လာကြောင်း သိရသည်။

သထုံမြို့နယ်တွင် အငြိမ်းစား တပ်မတော်အရာရှိတစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံရ

ကြာပန်းကျေးရွာ၊ ကရင်စုရပ်၌နေထိုင်သည့် တပ်မတော်အရာရှိ (အငြိမ်းစား) ဦးဝင်းနောင်ဆိုသူဖြစ်ပြီး အောက်တိုဘာ ၃ ရက်၊ ၁၁ နာရီဝန်း ကျင်က နေအိမ်သို့ အမည်မသိ သေနတ်သမားသုံးဦးရောက်လာပြီး သေနတ်ဖြင့် ပစ်သတ်သွားဖြင်းဖြစ်ကြောင်း သိရသည်။

ပြည်ပသို့ လယ်ယာထွက်ကုန်ပစ္စည်းတင်ပို့မှု အမေရိကန်ဒေါ်လာ သန်း ၁၄၀ နီးပါး လျော့ကျနေ

ယခုဘဏ္ဍာနှစ်တွင် ပြည်ပသို့ လယ်ယာထွက်ကုန်တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၁ ဒသမ ၅၁ ဘီလီယံကျော်ရရှိထားပြီး ပြီးခဲ့သည့်ဘဏ္ဍာနှစ်တွင် ကန်ဒေါ်လာ ၁ ဒသမ ၆၅ ဘီလီယံ ကျော် ရရှိထားခြင်းဖြစ်သည်။

အမေရိကန် အောက်လွှတ်တော်ဥက္ကဌကို လွှတ်တော်ကိုယ်စားလှယ်များ ရာထူးမှဖြုတ်ချ

ကီဗင်မက်ကာသီကို အယုံအကြည်မရှိကြောင်းအဆိုကို မဲခွဲဆုံးဖြတ်ခဲ့ရာ အောက်လွှတ်တော် ကိုယ်စားလှယ်များထဲတွင် မက်ကာသီကိုဖယ်ရှားရန် ထောက်ခံမဲ ၂၁၆ မဲ၊ ကန့်ကွက်မဲ ၂၁၀ မဲရရှိခဲ့ကြောင်း သိရသည်။

ညောင်လေးပင်၌ လက်နက်ကြီးကျည်ထိမှန်၍ ကလေးတစ်ဦးအပါအဝင် နှစ်ဦးဒဏ်ရာရ

ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နယ်၊ ငတိုးခင်ကျေးရွာ၌ လက်နက်ကြီးကျည်ထိမှန်၍ အသက် ၉ နှစ်အရွယ် ကလေးတစ်ဦးအပါအဝင် နှစ်ဦးဒဏ်ရာရကြောင်း KNU မှ သတင်းထုတ် ပြန်ထားသည်။

တာချီလိတ်၌ ဆိုင်ကယ်,ကယ်ရီမောင်းသူကို ဓားဖြင့်ထိုးကာ ဆိုင်ကယ်လု

ယမန်နေ့ နေ့လည် ၁ နာရီကျော်က တာချီလိတ်မြို့၊ စျေးဂိတ်၌ ဆိုင်ကယ်,ကယ်ရီမောင်းသူ အမျိုးသားတစ်ဦးထံ အမည်မသိအမျိုးသားတစ်ဦး ရောက်ရှိလာကာ ဆိုင်ကယ်ငှားရမ်း စီးနင်းပြီးနောက် မလိပါကော်ရွာထိပ်ရှိ လယ်ကွင်းအနီးအရောက်၌ ဓားဖြင့်ထိုးကာ ဆိုင်ကယ်အားလုယက်ခဲ့ကြောင်း သိရသည်။