» သတင်း

ဖားကန့်မြို့၌ နှစ်ဖက်တိုက်ပွဲဖြစ်၍ တစ်ဦးသေဆုံး

ယမန်နေ့ အောက်တိုဘာ ၃ ရက်၊ နံနက် ၁၀ နာရီခန့်မှစတင်ကာ ဖားကန့်မြို့နယ်၊ ဆိုင်းတောင်ရွာ၏ စာသင်ကျောင်းတစ်ခုအနီး၌ ပစ်ခတ်မှုများဖြစ်ပွားခဲ့၍ ကျောင်းသားများ အပြေး အလွှား ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း ဒေသခံများထံမှ သိရသည်။

အငြင်းပွားမှုများ ဖြစ်ပွားခဲ့ပြီးနောက် ကနေဒါသံတမန် ၄၀ ကျော်ကို အိန္ဒိယအစိုးရ နှင်ထုတ်

ကနေဒါနိုင်ငံတွင် နေထိုင်နေသော အိန္ဒိယခွဲထွက်ရေးသမားဖြစ်သလို ဆစ်ဘာသာရေးခေါင်းဆောင်တစ်ဦးဖြစ်သော Hardeep Singh Nijjar ဆိုသူ လုပ်ကြံခံရပြီးနောက် အိန္ဒိယနှင့် ကနေဒါနိုင်ငံကြား တင်းမာမှုများ မြင့်တက်လာခဲ့ကြောင်း သိရသည်။

နွားထိုးကြီး၌ ကြံ့ခိုင်ရေးပါတီဝင်ဆိုသူ လေးဦးသတ်ဖြတ်ခံရ

သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခံရသူလေးဦးသည် ဆူးရစ်ကုန်းကျေးရွာ၊ ကြံ့ခိုင်ရေးပါတီဝင်ဆိုသူ ဦးမောင်တင်၊ ဦးတင်ရွှေ၊ ကိုကျော်မျိုးအောင်၊ ဦးရွှေကျီးတို့ဖြစ်ပြီး ယင်းတို့အား လုံးသည် ဦးရွှေကျီး၏ နေအိမ်ခြံဝန်းအတွင်း၌ ရှိနေချိန် ပစ်ခတ်သတ်ဖြတ်ခံရခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးကပြောသည်။

စက်သုံးဆီစျေးနှုန်းများ နေ့စဉ်နီးပါး ဆက်တိုက်ကျဆင်းလာ

"ဒီရက်ပိုင်း နေ့တိုင်းနီးပါး စျေးတောက်လျောက်ကျနေတာ။ ဒီ့ထက် စျေးထက်ကျပြီး ၂၀၀၀ အောက်ဆို ပိုကောင်းတာပေါ့။ အခုစျေးနှုန်းတွေက လွန်ခဲ့တဲ့သုံးလလောက်ကစျေးကို တော့ ပြန်မရောက်သေးဘူး။" ဟု ရန်ကုန်မြို့မှ အငှားယာဉ်မောင်းတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။

မြန်မာနိုင်ငံသို့ မလည်ပတ်ရန် တရုတ်အချင်းချင်း သတိပေးနေ ဟုဆို

မြန်မာနယ်စပ်တလျှောက်တွင် Online မှတစ်ဆင့် ငွေကြးလိမ်လည်မှုအပါအဝင် တရားမဝင်လုပ်ငန်းများ လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသားများကို မြန်မာ-တရုတ်နှစ်နိုင်ငံမှ တာ ဝန်ရှိသူများမှ တောက်လျှောက်ဖမ်းဆီးခြင်းများ ပြုလုပ်ပြီးနောက် အထက်ပါအတိုင်း သတိပေးချက်များ ထွက်ပေါ်လာခြင်းဖြစ်သည်။

မြဝတီ၌ ဘဏ်ဝန်ထမ်းတစ်ဦး ပစ်ခတ်ခံရ၍ သေဆုံး

"သူက ရုံးအဆင်း အိမ်ပြန်လာတာကို လူနှစ်ယောက်က အနောက်ကနေ ဆိုင်ကယ်နဲ့ကပ်လိုက်လာပြီး သေနတ်နဲ့သုံးချက်ပစ်ပြီးတော့ တောရကျောင်းလမ်းအတိုင်း ဘုန်းကြီး ကျောင်းဘက်ကို ထွက်ပြေးသွားတာ။ ဘာ့ကြောင့်ပစ်တယ်တော့ မသိဘူး။" ဟု မြဝတီမြို့၌ နေထိုင်သူတစ်ဦးက ပြောသည်။

လသာမြို့နယ်တွင် အမျိုးသားတစ်ဦး ပစ်ခတ်ခံရ

ယမန်နေ့ည ၁၀ နာရီခန့်က လသာမြို့နယ်၊ (၂) ရပ်ကွက်၊ အနော်ရထာလမ်းနှင့် ၁၇ လမ်းထိပ်ရှိ လမ်းဘေးတွင် ဖွင့်လှစ်ထားသည့် ထမင်းကြော်ဆိုင်တွင် စားသောက်နေသူ အမျိုး သားတစ်ဦးအား အမည်မသိအမျိုးသားတစ်ဦးက သေနတ်ဖြင့်ပစ်ခတ်၍ ထွက်ပြေးသွားကြောင်း လုံခြုံရေးအဖွဲ့နှင့် နီးစပ်သူတစ်ဦးက…

လမ်းကြောင်းအခက်အခဲကြောင့် မော်ချီးတွင် ဆန်တစ်အိတ် လေးသိန်းဝန်းကျင်အထိ ဈေးမြင့်တက်နေ

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ရွာသစ်မြို့အနီးဝန်းကျင်ရှိ ကျေးရွာအချို့၌ ဇွန်လနောက်ဆုံးပတ်က နှစ်ဖက်လက်နက်ကိုင်တပ်များ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် ဒေသတွင်း ရှိ အဝင်အထွက်လမ်းများအား ပိတ်ထားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ငပလီမြို့၊ ပင်လယ်ကမ်းခြေတွင် သေဆုံးနေသည့် ကျွဲ၊ နွား ၉ ကောင် မျောလာ

ယနေ့ နံနက် ၉ နာရီ မိနစ် ၃၀ ခန့်က ငပလီကမ်းခြေ၌ သေဆုံးနေသည့် ကျွဲ၊ နွား ၉ ကောင် ဒီရေတက်ချိန်တွင် ပင်လယ်၌မျောပါလာပြီး ကမ်းစပ်တွင် သောင်တင်နေကြောင်း သံတွဲ မီးသတ်တပ်ဖွဲ့ မှ…

လွိုင်ကော်မြို့၌ ဓာတ်ကြိုးခိုးဖြုတ်သည်ဟု ယူဆရသည့် အမျိုသားတစ်ဦး ဓာတ်လိုက်သေဆုံး

“အခုမနက်ဖြစ်တာ။ ထရမ်စဖာပေါ်တက်ပြီး ဓာတ်ကြိုးခိုးရင်းကနေ ဓာတ်လိုက်သေတယ်လို့ တာဝန်ရှိသူတွေယူဆနေတယ်။ သေနေတာတွေ့တော့ ထရမ်စဖာအထဲမှာ တွေ့တာ ပါ။" ဟု ဒေသခံ လူမှုကူညီရေးဆောင်ရွက်သူတစ်ဦးက ပြောသည်။