» သတင်း

ထီစာအုပ်ရေ ၆ သိန်းကျော်ရောင်းရဟု ထုတ်ပြန်ထားသော်လည်း ထီဆိုင်အချို့ လျော့ဈေးဖြင့်ရောင်းနေရ ဟုဆို

"ထီကထိုးမယ့်သူတောင်မရှိဘူး။ ရောင်းလည်းမရောင်းရဘူး။ အခုဆိုရင် လျှော့ဈေးနဲ့ရောင်းတာတောင် ဝယ်မယ့်သူမရှိဘူး။ ထီရောင်းလိုအားက တော်တော်ကိုကျသွားတာ။" ဟု ထီအရောင်းကိုယ်စားလှယ်တစ်ဦးက ပြောသည်။

ဒေသတွင်းလက်နက်ကိုင်အဖွဲ့က ဖမ်းဆီးထားသည့် ထားဝယ်မှ လူမှုကူညီရေးအဖွဲ့ ဥက္ကဌ ပြန်လည်လွတ်မြောက်လာ

ဒေသတွင်းလက်နက်ကိုင်အဖွဲ့က ဖမ်းဆီးထားသည့် ထားဝယ်အခြေစိုက် ဇမ္ဗူသီရိ အရေးပေါ် လူနာကူညီသယ်ဆောင်ရေးအဖွဲ့ ဥက္ကဌ ဦးနိုင်မျိုးသွင်သည် ယခုရက်ပိုင်းက ပြန်လည် လွတ်မြောက်လာခဲ့ကြောင်း အဆိုပါအသင်းနှင့် နီးစပ်သူတစ်ဦးက ယနေ့ခေတ်သို့ အတည်ပြုပြောကြားသည်။

မြန်မာနိုင်ငံရှိ အထည်ချုပ်လုပ်ငန်းတွင် လုပ်ကိုင်နေသော အလုပ်သမားများ ရုန်းကန်နေရ ဟုဆို

"အထည်ချုပ်စက်ရုံ ကြီးကြပ်ရေးတာဝန်ခံဟာ ကျွန်မတို့ကို အချိန်ပိုကြေး မပေးနိုင်တဲ့အကြောင်းကို ပြောထားတယ်။ ဒါပေမယ့် အော်ဒါတွေအများကြီးရှိနေတဲ့အတွက် အချိန်ပိုလုပ်ပေးရမယ်လို့ ပြောထားတယ်။" ဟု ပြောသည်။

ဒဂုံဆိပ်ကမ်းမြို့နယ်၊ (၉၁) ရပ်ကွက်၌ ယာဉ်တိုက်မှုဖြစ်ပွား အမျိးသားတစ်ဦး သေဆုံး

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံဆိပ်ကမ်းမြို့နယ်၊ (၉၁) ရပ်ကွက်၊ ကနောင်လမ်း၊ မင်းသားကြီးနှင့် ပဲခူးမြစ်လမ်းတောင့်တွင် ယာဉ်တိုက်မှုပွားပြီး ယာဉ်မောင်းအမျိုးသားတစ်ဦး သေဆုံး ကြောင်း သိရသည်။

အမျိုးသားကြီးပွားတိုးတက်ရေးကုမ္ပဏီဥက္ကဋ္ဌ ဦးစိုးထွန်းရှိန် ထောင်ဒဏ် ၁၀ နှစ် ချမှတ်ခံရ

ဦးစိုးထွန်းရှိန်ကို ပြည်သူပိုင်ပစ္စည်းကာကွယ်ရေး အက်ဥပဒေ ပုဒ်မ-၃ ဖြင့် ၂၀၂၃ ခုနှစ်၊ စက်တင်ဘာ ၂၇ ရက်၊ နေ့လည်ပိုင်းက ထောင်ဒဏ် ၁၀ နှစ် ချမှတ်လိုက်ခြင်းဖြစ်ကြောင်း ၎င်းနှင့်နီးစပ်သူတစ်ဦးက ယနေ့ခေတ်မီဒီယာသို့ ပြောသည်။

ကော့ကရိတ်မြို့၌ ခရိုင်နှင့် မြို့နယ်လဝကရုံး မီးရှို့ခံရ

စက်တင်ဘာ ၂၇ ရက်၊ ည ၁၁ နာရီခန့်က ကော့ကရိတ်ခရိုင်နှင့် မြို့နယ် လဝကရုံးသို့ အရပ်ဝတ်ဖြင့် လက်နက်ကိုင်ထားသည့်လူသုံးဦး ဝင်ရောက်လာကာ ရုံးအားမီးရှို့ပြီး ပြန်ထွက် သွားခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့နှင့်နီးစပ်သူတစ်ဦးက‌ ပြောသည်။

မိတ္ထီလာ-တောင်ကြီး ပြည်ထောင်စုလမ်းမကြီး၌ ယာဉ်တိုက်မှုဖြစ်ပွား နှစ်ဦးသေဆုံး

ရှမ်းပြည်နယ်၊ မိတ္ထီလာ-တောင်ကြီး ပြည်ထောင်စုလမ်းမကြီး၌ ရပ်ထားသည့် ၆ ဘီးကားအား အရှိန်မထိန်းနိုင်ပဲ မောင်းလာသည့် Hijet ကားက အနောက်မှဝင်တိုက်ခဲ့ရာ အမျိုး သားတစ်ဦးနှင် အမျိုးသမီးတစ်ဦး သေဆုံးသွားကြောင်း သိရသည်။

စစ်ကိုင်းမြို့နယ်ရှိ ကံကြီးကုန်းကျေးရွာ မီးရှို့ခံရ

လူနေအိမ် ၅၀၀ ထက်မနည်းရှိကာ၊ ဒေသခံထောင်ချီ၍ နေထိုင်သည့် အဆိုပါကျေးရွာအား ယမန်နေ့ နံနက်ပိုင်းက မီးရှို့ခံရခြင်းဖြစ်ပြီး နေအိမ် ၅၀ ထက်မနည်း မီးလောင်ပျက်စီး ခဲ့ကြောင်းလည်း သိရသည်။

အာရှလမ်းပေါ်တွင် ဘေလီတံတားဖြတ်ရန် တန်းစီနေသည့်ကားတန်းအား ခရီးသည်တင် ယာဥ်မှ လမ်းချော်၍ ဝင်တိုက်

စက်တင်ဘာ ၂၇ ရက်၊ ညနေလေးနာရီဝန်းကျင်က အာရှလမ်း ဘေလီတံတားအနီး၌ ဘုန်းမြင့်ဇော် ခရီးသည်တင်မော်တော်ယာဉ်သည် တောင်အဆင်းလမ်းတွင်မောင်းနှင်လာစဉ် တံတားအားဖြတ်သန်းရန် တန်းစီနေသည့် ကုန်တင်ယာဉ်အပါအဝင် ယာဉ်ငါးစီးအား ဆင့်တိုက်ခဲ့ကြောင်း သိရသည်။

ဝင်ငွေ၏ ၁၀ ရာခိုင်နှုန်းအခွန်ပေးဆောင်ရမည့်အပေါ် ပြည်ပရောက် မြန်မာလုပ်သားများ ကန့်ကွက်

ထို့အပြင် ပြီးခဲ့သည့် စက်တင်ဘာလ ၂၄ ရက်က ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ UN ရုံးရှေ့တွင် မြန်မာအလုပ်သမားများ စုပေါင်းကန့်ကွက်ဆန္ဒပြခြင်းများ ပြုလုပ်ခဲ့ကြကြောင်း ထို နိုင်ငံရောက် မြန်မာအလုပ်သမားတစ်ဦးက ပြောသည်။