» သတင်း

မှတ်ပုံတင်ထားပြီးသည့် အွန်လိုင်းဈေးရောင်းသူများ ဈေးနှုန်းအား CB (Chat Box) လာဟုဆိုလျှင် အရေးယူမည် ဟုဆို

“အွန်လိုင်းမှတ်ပုံတင်ပြီးမှ CB (Chat Box) လာဆိုလို့ရှိရင် စားသုံးသူကာကွယ်ရေး ဥပဒေအရရော၊ ဒီတားမြစ်ချက်အရရော အကျုံးဝင်ပြီးတော့ မလိုလားအပ်တဲ့ပြဿနာတွေ ဖြစ်လာနိုင်တယ်။ CB လာလို့တော့မရဘူး။” ဟု ၎င်းကဆိုသည်။

ကမာရွတ်ရှိ နေအိမ်တစ်လုံး ဗုံးဖြင့်ပစ်ခတ် တိုက်ခိုက်ခံရ

အဆိုပါ တိုက်ခိုက်မှုကို Urban Special Operation (U.S.O) ဆိုသည့်အဖွဲ့က Twitter ရှိ စာမျက်နှာတွင် ၎င်းတို့ လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း၊ တိုက်ခိုက်ရခြင်းမှာ အဆိုပါနေအိမ် မှာ နစက အဖွဲ့ဝင်တစ်ဦး၏ သားဖြစ်သူ၏ နေအိမ်ဖြစ်သောကြောင့်ဟု ရေးသားထားသည်ကို…

မန္တလေးမြို့ပေါ် တစ်နေရာသို့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲ

"လူနေထိုင်ခြင်းမရှိတဲ့ အိမ်ပေါ်ကို လက်နက်ကြီးကျည်ကျပြီး ဘေးအိမ်ကိုပါ ကျည်ထိမှန်တာ။ အသံကတော့ တော်တော်ကျယ်တယ်။ မြို့ပေါ်တိုက်ပွဲလည်းမရှိဘဲ ဘယ်ကကျလာ တာလဲတော့ မသိဘူး။" ဟု ဒေသခံတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။

တရားဝင်လမ်းကြောင်းမှလွှဲရန်နှင့် အခွန်မဖြစ်မနေပေးဆောင်ရန် ပြည်ပရောက် မြန်မာလုပ်သားများကို အေဂျင်စီများ ဖိအားပေး

"အခုဆိုရင် မဖြစ်မနေလွှဲရတော့မယ်။ အေဂျင်စီဘက်က အကြောင်းကြားလာတယ်။ ဘာလို့ဆို တရားဝင်ဗီဇာနဲ့ဖြစ်နေလို့။ ဗီဇာသက်တမ်းတိုးတာတို့ ဘာတို့ဆိုရင် အေဂျင်စီက လုပ်ပေးမှရတာ။" ဟု ဂျပန်ရောက် မြန်မာလုပ်သားတစ်ဦးက ပြောသည်။

ဒေးဒရဲ၌ အမျိုးသားတစ်ဦးကို ပစ်ခတ်ခဲ့သူနှစ်ဦး စက်လှေဖြင့်ထွက်ပြေး

"သေနတ်နဲ့ ၇ ချက်လောက်ပစ်ပြီး ဆိုင်ကယ်ကိုတော့ ထားခဲ့တယ်။ တိုးမြစ်ကမ်းနားမှာ အသင့်ရပ်ထားတဲ့ စက်လှေပေါ်တက်ပြီး မောင်းနှင်ထွက်ပြေးသွားတာ။ ဖမ်းမမိလိုက်ဘူး။" ဟု ဒေသခံတစ်ဦးက ပြောသည်။

ရေး၌ အမျိုးသားတစ်ဦး ပစ်ခတ်ခံရ၍ သေဆုံး

"သေဆုံးသူ ဦးစိုးအောင်က သူ့မိတ်ဆွေ အမျိုးသားနှစ်ဦးနဲ့အတူ ကျောင်းရွာကနေ သူ့ရွာကိုပြန်လာတုန်း ကျောက်မီးချောင်း(တောင်) ရွာအနီးမှာ သေနတ်နဲ့ပစ်ခံရတာ။ ကားကိုလှမ်း ပစ်လိုက်တာ သူ့ကိုထိမှန်သွားတာ။ သူ့မိတ်ဆွေနှစ်ဦးလည်း ဒဏ်ရာရတယ်။" ဟု ဖြစ်စဉ်အားသိိရှသူ ဒေသခံတစ်ဦးက ပြောသည်။

ယခုဘဏ္ဍာနှစ်တွင် စက်မှုကုန်ချောတင်ပို့မှု လျော့ကျနေ

“အထည်ချုပ်စက်ရုံတွေက အရင်ကထက် အော်ဒါရရှိမှု ပိုနည်းသွားတာလည်းပါသလို တော်တော်များများကလည်း ထွက်သွားကြတယ်။ တစ်ချို့စက်ရုံတွေကလည်း အော်ဒါရရှိတာ နည်းလို့ ပိတ်လိုက်ရတာတွေလည်းရှိတယ်။" ဟု အထည်ချုပ်လုပ်ငန်းရှင်တစ်ဦးက ပြောသည်။

တောင်တွင်းကြီး၌ ရေကြီးရေလျှံမှုဖြစ်၍ တစ်ဦးသေဆုံး

"ဒီမှာ တစ်ခါမှ အဲ့ဒီလောက်ရေကြီးတာ မကြုံဖူးဘူး။ ဆိုင်ကယ်တွေ၊ အိုးခွက်တွေ၊ အဝတ်အစားတွေပါ ရေစီးနဲ့အကုန်မျှောကုန်တာ။ တချို့နေရာတွေဆို ရေက လူရဲ့ရင်ဘတ် လောက်အထိ မြှုပ်တာ။ တောင်ပြင်ဘက်တွေဆို ပိုဆိုးတယ်။" ဟု တောင်တွင်းကြီးမြို့ခံ အမျိုးသမီးတစ်ဦးက ပြောကြားသည်။

ကလေးမြို့နယ်တွင် လက်နက်ကြီးကျည်ကျမှုကြောင့် အမျိုးသမီးတစ်ဦး သေဆုံးခဲ့ပြီး အမျိုးသားတစ်ဦးဒဏ်ရာရ

သေဆုံးသူအမျိုးသမီးသည် အင်ဒိုင်းကုန်းရွာမှ အသက် ၃၀ ကျော်အရွယ် ဒေါ် ပဲလှော်ဖြစ်ပြီး အိမ်နီးချင်းဖြစ်သည့် အခြားအမျိုးသားတစ်ဦးလည်း ပြင်းထန်သည့်ဒဏ်ရာများရရှိခဲ့ ကြောင်း ဒေသခံတစ်ဦးကပြောသည်။

တရုတ်ရုပ်ရှင်ဇာတ်ကား “No More Bets” ကို နိုင်ငံအတွင်းပြသခြင်းမပြုရန် ကမ္ဘောဒီးယားအစိုးရ တားမြစ်ပိတ်ပင်

အဆိုပါရုပ်ရှင်ဇာတ်ကားသည် မြန်မာ၊ ကမ္ဘောဒီးယားနိုင်ငံတို့အပါအဝင် အာဆီယံဒေသအတွင်းရှိ နိုင်ငံများတွင် လူကုန်ကူးခံရမှုများနှင့် ပတ်သက်ပြီး ရိုက်ကူးထားခြင်းဖြစ်ကြောင်း သိရသည်။