» သတင်း

လှိုင်သာယာ၌ စားအုန်းဆီ တစ်ပိဿာလျှင် ၆၅၀၀ ကျပ်ဖြင့် ရောင်းချနေသူ ၃ ဦးအား ဖမ်းဆီး

ယမန်နေ့ နေ့လည်က လှိုင်သာယာ (အရှေ့ပိုင်း) မြို့နယ်၊ ရေဥက္ကံကျေးရွာ၊ စက်မှုဇုန် ၃၊ ဗန်းမော်အတွင်းဝန်လမ်းနှင့် ဦးရွှေအိုးလမ်းထောင့်တွင် စားအုန်းဆီများအား စျေးတင်ကာ ရောင်းချနေကြောင်း သတင်းအရ သွားရောက်စစ်ဆေးရာမှ ဖမ်းမိခဲ့ခြင်းဟု သိရသည်။

ပဲခူးတိုင်းအတွင်းရှိ လျှပ်စစ်တာဝါတိုင်အချို့ ယမန်နေ့ညက ဖျက်စီးခံရ

ယမန်နေ့ ည ၁၁ နာရီကျော်က ညောင်လေးပင်မြို့နယ်၊ ရေဖြူကန်ကျေးရွာထိပ်ရှိ မဟာဓါတ်အားလိုင်း၏တာဝါတိုင် မိုင်းထောင်ဖောက်ခွဲ ဖျက်စီးခံခဲရပြီး တာဝါတိုင်အနီးရှိ နေအိမ် တွင်နေထိုင်သူ ကလေးငယ်တစ်ဦးလည်း မိုင်းစထိမှန် ဒဏ်ရာရရှိကြောင်း ကနဦးသတင်းများအရ သိရသည်။

ချောင်းသာကမ်းခြေသို့ ပြည်ပခရီးသွားဧည့် အလာနည်း ဟုဆို

ချောင်းသာတွင် ဟိုတယ်ပေါင်း ၃၂ လုံးရှိပြီး ၂၆ လုံးသာဖွင့်နိုင်သေးကြောင်း၊ အဆိုပါကမ်းခြေသို့ မိုးရာသီတွင် နေ့စဉ် တနင်္လာမှ သောကြာအထိ ပြည်တွင်းခရီးသွား ၆၀၀ ဝန်းကျင်၊ စနေနှင့် တနင်္ဂနွေတွင် ၁၆၀၀ ဝန်းကျင် လာရောက်လည်ပတ်လျက်ရှိကြောင်း သိရသည်။

မြန်မာ-အိန္ဒိယ ကုန်သွယ်သင်္ဘော တိုက်ရိုက်ပြေးဆွဲနိုင်ရန် တင်ပြထား ဟုဆို

အဆိုပါသင်္ဘောကို စစ်တွေမြို့၌ တည်ဆောက်ထားသည့် ကုလားတန်မြစ်ကြောင်း ဘက်စုံသုံး သယ်ယူပိုဆောင်ရေး စီမံကိန်းထဲတွင်ပါဝင်သည့် စစ်တွေဆိပ်ကမ်းသစ် ဆိပ်ခံတံ တားတွင် ဆိုက်ကပ်ခွင့်ပြုနိုင်ရန် စီစဉ်ဆောင်ရွက်ထားကြောင်း သိရသည်။

ထိုင်းရဲတပ်ဖွဲ့ ဒုတိယအကြီးအကဲ၏ နေအိမ်ကို စီးနင်းရှာဖွေခြင်းနှင့် ပတ်သက်ပြီး စုံစမ်းစစ်ဆေးသွားရန် ထိုင်းဝန်ကြီးချုပ် အမိန့်ပေး

ထိုင်းရဲတပ်ဖွဲ့ဒုတိယအကြီးအကဲဖြစ်သူ ရဲချုပ်ကြီး Hakparn သည် တရားမဝင် အွန်လိုင်းလောင်းကစားမှုများတွင် ပါဝင်နေကြောင်း စွပ်စွဲမှုများထွက်ပေါ် လာခဲ့ပြီးနောက် ထိုင်း ဆိုက်ဘာရဲတပ်ဖွဲ့က စီးနင်းခဲ့ခြင်းဖြစ်ကြောင်း သတင်းများထွက်ပေါ်ခဲ့သည်။

ချမ်းမြသာစည်မြို့နယ်တွင် ကျောက်အမှုန့်အိတ်များ စင်ပေါ်ထပ်ရာမှ ပြိုကျ၍ အမျိုးသားနှစ်ဦးပေါ်သို့ပိမိ တစ်ဦးသေဆုံး

စစ်ကိုင်း-မန္တလေးလမ်းပေါ်ရှိ ဂိုထောင်တစ်လုံးအတွင်း၌ အသက် ၁၉ နှစ်အရွယ် အလုပ်သမားတစ်ဦး ကျောက်မှုန့် အိတ်များတင်ဆောင်ရာတွင် စင်ပြိုကျကာ သေဆုံးနေကြောင်း မဏိစလ လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။

ပစ်ခတ်ခံရ၍ ပြည်သူ့ဆေးရုံ၌ ဆေးကုသမှုခံယူနေသည့် ရဲတပ်ဖွဲ့ဝင်တစ်ဦး ထပ်မံပစ်ခတ်ခံရ၍ သေဆုံး

ထိုသို့ ဆေးကုသမှုခံယူနေသည့် ရဲတပ်ဖွဲ့ဝင်အား စက်တင်ဘာ ၂၅ ရက်၊ နေ့လည် ၂ နာရီခန့်က အမည်မသိလက်နက်ကိုင်အဖွဲ့မှ ပြည်သူ့ဆေးရုံဝင်းအတွင်းသို့ ဝင်ရောက်လာပြီး သေနတ်ဖြင့် အနီးကပ်ပစ်ခတ်ခဲ့မှုကြောင့် အခင်းဖြစ်နေရာ၌ သေဆုံးခဲ့ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

ရွှေနှင့် ဒေါ်လာစျေးနှုန်း ဆက်တိုက်ကျဆင်းလာ၊ တစ်ဒေါ်လာ ၃၃၀၀ ကျပ် ဝန်းကျင်နှင့် ရွှေတစ်ကျပ်သား ၃၄ သိန်းကျပ်ဝန်းကျင်သို့ ရောက်ရှိ

"နှစ်ခုစလုံး စျေးနှုန်း တရှိန်ထိုးကို ပြန်ကျလာတာ။ ဒီနေ့လည် ရွှေစျေးက ၃၄ သိန်း ၃ သောင်းကျော်၊ ဒေါ်လာစျေးက ၃၃၂၀ ကျပ်ဝန်းကျင်ကို ကျလာတာ။ တစ်ပတ်အတွင်းမှာ သိသိသာသာကို ကျဆင်းလာတာ။" ဟု ရန်ကုန်မြို့မှ ရွှေ…

ဝန်အားထိန်းညှိမှုများ ရှိနေသည့်အတွက် ရန်ကုန်တွင် လေးနာရီခြားတစ်ကြိမ် လျှပ်စစ်မီးပေးနေ ဟုဆို

ရန်ကုန်တိုင်းဒေသကြီး (အရှေ့ပိုင်း၊ တောင်ပိုင်း၊ မြောက်ပိုင်းခရိုင်များ)အတွင်း တစ်နေ့နှစ်ကြိမ် (၈) နာရီ သို့မဟုတ် တစ်ကြိမ် (၄)နာရီ အလှည့်ကျ ဓာတ်အားပြတ်တောက်မည်ဖြစ် ကြောင်း သိရသည်။

ထောင်ဒဏ် ၂၇ နှစ်ချမှတ်ခံထားရသည့် အသက် ၂၁ အရွယ် နိုင်ငံရေးအကျဉ်းသား တစ်ဦး ထောင်ထဲတွင် ကွယ်လွန်

စက်တင်ဘာ ၂၄ ရက်၊ နေ့လည် ၁၂ နာရီ ၁၅ မိနစ်တွင် အလုပ်နှင့်ထောင်ဒဏ် ၂၇ နှစ်ကျခံနေရသည့် နိုင်ငံရေးအကျဉ်းသား ကိုမင်းဟိန်းခန့်(အားကျယ်) သည် အင်းစိန်ထောင် အတွင်း၌ နှလုံးရပ်ကာ သေဆုံးသွားခဲ့ကြောင်း အင်းစိန်ထောင်နှင့် နီးစပ်သူများထံမှ…