» သတင်း

ပြည်ပခရီးသွားဧည့်သည်များကို ပုဂံဇုန်ဝင်ကြေး တိုးမြှင့်ကောက်ခံမည်

ယခင်က ပုဂံဇုန်ဝင်ကြေးကို နိုင်ငံခြားသား ခရီးသွားတစ်ဦးလျှင် ၂၅၀၀၀ ကျပ်ကောက်ခံခဲ့ပြီး လည်ပတ်ခွင့်ကိုလည်း (၅)ရက် ခွင့်ပြုပေးခဲ့ကြောင်း၊ ထို့ပြင် ပုဂံရှေးဟောင်းယဉ်ကျေး မှုနယ်မြေသို့ လာရောက်လည်ပတ်သူများ တစ်ဆက်တစ်စပ်တည်း သွားရောက်နိုင်သည့် ခရီးစဥ်သစ် ၇ ခုကိုလည်း ဖော်ဆောင်ထားကြောင်း သိရသည်။

မူမမှန်သည့်ပုံစံမျိုးဖြင့် ဈေးကစားမှုများရှိနေ၍ အရေးယူမည်

ပြည်တွင်းတွင် ဆန်ဈေးနှုန်းများ မြင့်တက်လာအောင် ရည်ရွယ်ချက်ရှိရှိ မူမမှန်သည့် ရောင်းဝယ်မှုပုံစံမျိုးဖြင့် ဝင်ရောက်ဈေးကစားနေမှုများရှိနေ၍ အရေးယူသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်ဥက္ကဌ ဦးရဲ မင်းအောင်ကပြောသည်။

ရန်ကုန်၌ အင်အား ၅ ဒသမ ၁ အဆင့်ရှိ ငလျင်လှုပ်ခတ်

ယနေ့ စက်တင်ဘာ ၂၃ ရက်၊ ည ၈ နာရီ ၅၅ မိနစ်ဝန်းကျင်က ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ်များ၌ ငလျင်လှုပ်ခတ်ခဲ့ပြီး အထပ်မြင့်တိုက်များ၌ နေထိုင်သူများမှာ ပိုမိုသိသာစွာ ခံစား ခဲ့ရကြောင်း တိုက်ခန်းနေပြည်သူများထံမှ သိရသည်။

Belt and Road စီမံကိန်းတွင်ပါဝင်မှုကို ရပ်ဆိုင်းဖွယ်ရှိနေဟု အီတလီအစိုးရ ဆို

အီတလီသည် အမေရိကန်၏ အဓိကမဟာမိတ်နိုင်ငံဖြစ်ကြောင်း၊ အဆိုပါစီမံကိန်းမှာ အီတလီနိုင်ငံပါဝင်မှုများက အီတလီအတွက် ကြီးမားသော အကျိုးကျေးဇူးရရှိမည်မဟုတ် ကြောင်း အီတလီ နိုင်ငံခြားရေးဝန်ကြီးက ထပ်မံပြောဆိုသည်။

မော်ရိုကို နိုင်ငံတွင်လှုပ်ခတ်ခဲ့သော အင်အားပြင်းငလျင်ကြောင့် လူပေါင်း ၃ သန်းနီးပါး ဆိုးကျိုးများ ရင်ဆိုင်နေရ ဟုဆို

မော်ရိုကိုနိုင်ငံတွင် စက်တင်ဘာ ၈ ရက်နေ့က လှုပ်ခတ်ခဲ့သော ပြင်းအား ၆ ဒသမ ၉ အဆင့်ရှိ ငလျင်ကြောင့် လူပေါင်း ၂၉၀၀ ကျော်သေဆုံးခဲ့ပြီး သေဆုံး၊ ထိခိုက်ပျက်စီးမှုအများ ဆုံးက တောတောင်ဧရိယာများနှင့် နီးစပ်သောရွာများတွင် နေထိုင်နေသူများဖြစ်ကြောင်း…

စစ်ကိုင်းမြို့၌ ကျေးရွာအုပ်ချုပ်ရေးမှူးတစ်ဦး သေနတ်ဖြင့် ပစ်ခတ်ခံရပြီး သေဆုံး

သေနတ်ဖြင့် ပစ်ခတ်ခံရသူသည် အသက် ၄၀ ကျော်အရွယ် ဦးသန်းဥာဏ်ဝင်းဖြစ်ပြီး စကျင်ကျေးရွာရှိ ၎င်း၏နေအိမ်အတွင်းရှိနေချိန် ပစ်ခတ်ခံရပြီး သေဆုံးခဲ့ခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးကပြောသည်။

ဆန်ဈေးများကျလာပြီဟု ဆန်စပါးအသင်းချုပ်ဥက္က ဆို

အသင်းချုပ်ဥက္ကဌက အထက်ပါအတိုင်းဆိုသော်လည်း လက်တွေ့တွင်မူ ဆန်ဈေးနှုန်းမှာ ကျဆင်းခြင်းမရှိဘဲ ဈေးကွက်အတွင်း အမြင့်ဈေးများဖြင့်သာ ရောင်းချနေကြကြောင်း သိရသည်။

နိုင်ငံခြားသုံးငွေ ကြီးကြပ်ရေးကော်မတီ ဥက္ကဌနေရာ အပြောင်းအလဲဖြစ်

ယခင် နိုင်ငံခြားသုံးငွေ ကြီးကြပ်ရေးကော်မတီဥက္ကဌအဖြစ် တာဝန်ယူထားသူ နစကအဖွဲ့ဝင် ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း၏ နေရာတွင် ဗိုလ်ချုပ်ကြီး မြထွန်းဦးအား အပြောင်း အလဲပြုလုပ်ခဲ့ခြင်းဟု သိရသည်။

စစ်ကိုင်း၌ နေ့လည် ၁၂ နာရီနောက်ပိုင်း မထွက်ရဆိုသည့် မာရှယ်လောမှာ ကောလာဟလသာဖြစ်

ပြီးခဲ့သည့် စက်တင်ဘာ ၁၈ ရက်၊ နေ့လည်ပိုင်းမှစတင်ကာ စစ်ကိုင်းတိုင်းအတွင်း နေ့လည် ၁၂ နာရီမထွက်ရ၊ နေ့လည် ၂ နာရီမထွက်ရ၊ ပစ်မိန့်၊ မာရှယ်လောစသည်ဖြင့် သတင်း များပျံ့နှံ့ခဲ့ပြီး ယနေ့ချိန်ထိ ဒေသခံများမှာ စိုးရိမ်မှုများရှိခဲ့ကြောင်း သိရသည်။

ရေမြို့နယ်တွင် ချေးငွေဝန်ထမ်းအမျိုးသမီး ငွေများလုယက်ခံရပြီး ဒဏ်ရာရရှိ

ချေးငွေဝန်ထမ်း အမျိုးသမီးသည် အစင်ကျေးရွာမှ အသက် ၂၆ နှစ်အရွယ် မဇင်မာဝင်းဖြစ်ကြောင်း၊ ၎င်းသည် ဝဲဘက်လက်ဖျံ အရိုးအက်ဒဏ်ရာနှင့် ပြင်ပထိ ခိုက်ဒဏ်ရာများ ရရှိခဲ့ပြီး ချေးငွေ ၁၀ သိန်းကျော်ပါ လုယက်ခံလိုက်ရကြောင်း ရဲတပ်ဖွဲ့နှင့်နီးစပ်သူတစ်ဦးက ပြောသည်။