» သတင်း

ဘိုကလေးမြို့တွင် ရဲသတင်းပေးဆိုသည့် မသူဇာ ပစ်သတ်ခံရမှုနှင့်ပက်သက်၍ အမျိုးသား ၄ ဦး သေဒဏ်ချမှတ်ခံရ

အဆိုပါ သေဆုံးမှုနှင့် ပတ်သက်၍ ဘိုကလေးမြို့နေ ကိုပြည့်စုံဖြိုး ၊ ကိုဇော်ဝင်း ထွန်း၊ ကိုမင်းသူအောင်နှင့် ကိုနိုင်ဝေလင်းတို့ကို ပုဒ်မ ၃၀၂/၁၀၉ ဖြင့် သေဒဏ်ချမှတ်လိုက်ကြောင်း ဖျာပုံမြို့ခံ ဗဟိုတရားရုံးရှေ့နေတစ်ဦး၏ ပြောကြာချက်အရ သိရသည်။

ဖြူးမြို့နယ်၌ ဘေလီတံတားတစ်စင်း မိုင်းခွဲဖျက်ဆီးခံရပြီး လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်နေ

စက်တင်ဘာ ၁၉ ရက်၊ ည ၁၀ နာရီကျော်က ပဲခူးတိုင်း၊ ဖြူးမြို့နယ်၊ ဝဲကြီးတောင်ရွာနှင့် ဝဲကြီးမြောက်ရွာအား ဆက်သွယ်ထားသည့် သံဖြင့်ပြုလုပ်ထားသော ဘေလီတံ တားအား ဒေသတွင်း လက်နက်ကိုင်အဖွဲ့များက မိုင်းခွဲဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အစွန်းရောက် ရာသီဥတုအခြေအနေဖြစ်သည့် အယ်လ်နီညို စတင်ဖြစ်ပေါ်နေ

ထို့ပြင် ကျန်းမာရေးပြသနာများဖြစ်သည့် ရောဂါများ ပြန့်ပွားကူးစက်မှု ပြင်းထန်ခြင်း၊ အစာရေစာ ငတ်မွတ်ခေါင်းပါးခြင်း၊ အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါများ ပိုမိုများပြား လာခြင်းများ ဖြစ်လာနိုင်ကြောင်းလည်း သိရသည်။

နာမည်ကြီး ငွေလဲကောင်တာများအပါအဝင် ငွေလဲကောင်တာ တစ်ရာကျော်အား ဗဟိုဘဏ်လိုင်စင် ရုတ်သိမ်း

"အပိတ်ခံရတဲ့ ကောင်တာအများစုက ငွေလဲစျေး မတည်မငြိမ်ဖြစ်နေလို့ ပိတ်ထားတဲ့ ကောင်တာတွေနဲ့ သူတို့သတ်မှတ်စျေးအတိုင်း မဟုတ်ဘဲ ပြင်ပပေါက်စျေးနဲ့ ရောင်းချကြတဲ့ ကောင်တာအများစုပါ။" ဟု ရန်ကုန်မြို့၌ ငွေလဲကောင်တာ ဖွင့်လှစ်ထားသူတစ်ဦးက ပြောသည်။

ရေစကြိုမြို့၌ သက်တော် ၇၃ နှစ်အရွယ် သံဃာတစ်ပါး သတ်ခံရ

“ဖမ်းဆီးခေါ်ဆောင်ပြီးတော့မှ ဆရာတော်က အသတ်ခံရတာ။ လည်ပင်းမှာတော့ ပြတ်ရှဒဏ်ရာတွေရှိတယ်။ ရုပ်အလောင်းကို အခုမနက်မှတွေ့တာ။” ဟု အထက်ပါပုဂ္ဂိုလ်က ပြောသည်။

လားရှိုးမြို့ CS ဟိုတယ်အနီး ပေါက်ကွဲမှုဖြစ်ပွား တစ်ဦးသေဆုံး ငါးဦးဒဏ်ရာရ

ယနေ့ စက်တင်ဘာ ၁၉ ရက်၊ ညနေ ၅ နာရီခွဲဝန်းကျင်က လားရှိုးမြို့၊ အမှတ် (၂) ရပ်ကွက်၊ စံကောင်းလမ်းနှင့် နှင်းဆီလမ်းထောင့်ရှိ CS Hotel အနီး၌ ဗုံးပေါက် ကွဲမှုဖြစ်ပွားခဲ့ပြီး အမျိုးသားတစ်ဦးသေဆုံးခဲ့​ကြောင်း သိရသည်။

ချောက်မြို့နယ် စည်ပင်ရုံးရှေ့သို့ လက်ပစ်ဗုံးဖြင့် ပစ်ခတ်ခံရ၍ နှစ်ဦးဒဏ်ရာရ ကားတစ်စီး ပျက်စီး

အဆိုပါ လက်ပစ်ဗုံးမှာ ရုံးရှေရှိ အုတ်ခုံအားထိမှန်ကာ အနီး၌ရပ်တန့်ထားသည့် ကားတစ်စီး၏အောက်တွင် ပေါက်ကွဲခဲ့၍ အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့ ထိခိုက်ဒဏ်ရာ ရရှိခဲ့ကာ ကားလည်းပျက်စီးခဲ့ကြောင်း သိရသည်။

ထားဝယ်အခြေစိုက် ဇမ္ဗူသီရိ အရေးပေါ် လူနာကူညီသယ်ဆောင်ရေးအဖွဲ့ ဥက္ကဌကို ဒေသတွင်းလက်နက်ကိုင်အဖွဲ့က ဖမ်းဆီး

တနင်္သာရီတိုင်း၊ ထားဝယ်မြို့မှ ဇမ္ဗူသီရိ အရေးပေါ် လူနာကူညီသယ်ဆောင်ရေးအဖွဲ့ ဥက္ကဌကို ဒေသတွင်းလက်နက်ကိုင်အဖွဲ့က ဖမ်းဆီးထားပြီး ယနေ့ နံနက် သုံးရက်ကြာသည် အထိ အဆက်အသွယ်မရသေးကြောင်း အဆိုပါအသင်းနှင့် နီးစပ်သူများက ယနေ့ခေတ်သို့ ပြောသည်။

ကန့်သတ်ကုန်တွင် ကွမ်းသီးမပါဝင်သော်လည်း စာရွက်စာတမ်း မပြည့်စုံသည့်အတွက် ဖမ်းဆီးခံရခြင်း ဟုဆို

ပြီးခဲ့သည့် စက်တင်ဘာ ၁၆ ရက်၊ မနက်ပိုင်းက ရခိုင်ပြည်နယ်၊ မောင်တောမြို့ နယ်မြောက်ပိုင်း ဂုတ်ပ္ပီတောင်ကျော်လမ်းတွင် သိန်းပေါင်း ၂၃၀၀ ကျော်တန်ဖိုးရှိသည့် ကွမ်းသီးကား ၁၃ စီးကို နစကမှဖမ်းဆီးခဲ့ခြင်းနှင့် ပတ်သက်၍ အထက်ပါပုဂ္ဂိုလ်က ပြောကြားခြင်းဖြစ်သည်။

ယမန်နေ့ ညနေပိုင်းက လှိုင်သာယာ၌ ဖြစ်ပွားခဲ့သည့် ယာဉ်တိုက်မှုမှာ ဝန်ထမ်းကြိုပို့ ယာဉ် ဘရိတ်ပေါက်ခြင်းကြောင့် ဟုဆို

အဆိုပါ ယာဥ်မတော်တဆမှုကြောင့် အမျိုးသမီးနှစ်ဦး၊ အမျိုးသားတစ်ဦးတို့ သေဆုံးခဲ့ပြီး အမျိုးသမီးနှစ်ဦးနှင့် အမျိုးသားသုံးဦးတို့ ထိခိုက်ဒဏ်ရာရရှိခဲ့ကာ ၎င်းတို့ငါးဦးထဲမှ တစ်ဦးမှာ ဆေးရုံရောက်ချိန်တွင် သေဆုံးသွားခဲ့ကြောင်း သိရသည်။