» သတင်း

လှိုင်သာယာ၌ ယာဥ်တိုက်မှုဖြစ် ၄ ဦးသေဆုံး ကားအောက်ပိမိနေသူများရှိဟု ကနဦးသိရ

"ယာဥ်တိုက်မှုက လူတော်တော်ထိထားတယ်။ လက်တလောတော့ သေဆုံးသူလေးယောက် ထွက်ထားတယ်။ ကားအောက်မှာလဲ ပိမိနေတဲ့လူတွေရှိတယ်။ အခုကတော့ ကယ် ဆယ်ရေးလုပ်နေတုန်းပါပဲ။" ဟု မြို့နယ်ပရဟိတအသင်းမှ တာဝန်ရှိသူကပြောသည်။

ဆားလင်းကြီး စစ်ဘေးရှောင်ခန်းများမှ ဒေသခံစစ်ရှောင်များ ထပ်မံရှောင်တိမ်းနေရ

အဆိုပါ စစ်ကြောင်းသည် ဝမ်ပေါင်ကုမ္ပဏီသို့ ရိက္ခာလာပို့သည့် စစ်ကြောင်းဟု သိရပြီး ညောင်ပင်ကြီးကျေးရွာမှ စစ်ရှောင်နေသည့် ဒေသခံများရှိရာ ပုလဲမြို့သို့သွားသည့်လမ်းအ တိုင်း ဝင်ရောက်လာသည့်အတွက် စစ်ရှောင်စခန်းတွင် ရှောင်တိမ်းနေသည့် ဒေသခံအချို့ အခြားနေရာများသို့ ထပ်မံရှောင်တိမ်းနေကြရခြင်းဖြစ်သည်။

ထိုင်း၌ တရားမဝင်နေထိုင်သူ မြန်မာအမျိုးသမီးထံမှ M- 16 ကျည်ခွံ ၉၂၀ နှင့် ကျည်ကတ်များ ဖမ်းမိ

ဆန်ခလာဘူရီခရိုင်ရှိ ကျေးရွာတစ်ရွာတွင် ပုဂ္ဂလိကပိုင် ပစ္စည်းပို့ဆောင်သည့် ကုမ္ပဏီတစ်ခုသို့ ကျည်ဆံများဟု ယူဆရသည့် ပါဆယ်တစ်ထုတ် ရောက်ရှိနေကြောင်း ကုမ္ပဏီဝန် ထမ်းတစ်ဦးက ထိုင်းရဲတပ်ဖွဲ့သို့ သတင်းပေးပို့ရာမှ ရဲတပ်ဖွဲ့က သွားရောက်စစ်ဆေးခဲ့ကြောင်း သိရသည်။

မဟာမြိုင်လမ်း၌ အတက်ကားများ ပြန်လည်သွားလာနေပြီ ဟုဆို

ယမန်နေ့ စက်တင်ဘာလ ၁၇ ရက်၊ နေ့လည် ၁ နာရီခွဲကျော်က ပြန်လည်သွားလာနိုင်ခြင်းဖြစ်ပြီး အဆိုပါလမ်းသည် ၃ ရက်ကျော်ကြာ သွားလာရန်ခက်ခဲနေပြီး ယာဥ်ကြောပိတ်ဆို့ ခဲ့ခြင်းဖြစ်သည်။

အရှေပိုင်းတက္ကသိုလ် ကျောင်းသားသမဂ္ဂဥက္ကဋ္ဌ မဆုရည်လင်းအား အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေဖြင့် ထပ်မံတရားစွဲဆို

စက်တင်ဘာ ၈ ရက်နှင့် ၁၄ ရက်တို့တွင် မဆုရည်လင်းအား ရုံးထုတ်စစ်ဆေးခဲ့ပြီးနောက် အရှေ့ပိုင်းခရိုင်တရားရုံးမှ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀-ည ဖြင့် ထပ်မံ တရားစွဲဆိုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ပြင်ပဈေးကွက်တွင် မျက်နှာသိများကိုသာ စားအုန်းဆီ ရောင်းချပေးရဲသည်ဟု လက်လီ ဆိုင်များ ဆို

ပြီးခဲ့သည့် ဩဂုတ် ၃၁ မှစ၍ မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းမှ စားအုန်းဆီ လက်လီ/လက္ကားဈေးကွက်အတွင်း တစ်ပိသာလျှင် ရည်ညွှန်းဈေး ၄၈၀၀ ကျပ် ဖြင့်ရောင်းချရန် ညွှန်ကြားထားသော်လည်း

ပုလဲ၌ ရက်ပိုင်းအတွင်း ဒေသခံ ကိုးထောင်ဝန်းကျင် စစ်ရှောင်နေရ

"စစ်ကြောင်းဝင်တဲ့အပြင် လက်နက်ကြီးတွေနဲ့ပါ ပစ်ခတ်တာတွေရှိတော့ အနီးက ကျေးရွာတွေမှာ ဘယ်သူမှမနေရဲတော့ဘဲ ထွက်ပြေးတိမ်းရှောင်ကြရတာ" ဟု ဒေသတွင်းစစ် ရှောင်များအား ကူညီပေးနေသူတစ်ဦးက ပြောကြားသည်။

နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းအရ အဖြေရှာရေး ဆောင်ရွက်မည်ဟု KNU တပ်မဟာ (၇) ဘားအံခရိုင်ဥက္ကဌ စာထုတ်

အလားတူ ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလအတွင်းကလည်း KNU တပ်မဟာ (၆) ဒူးပလာယာခရိုင်ဥက္ကဌဖြစ်သူ ပဒိုစောရွှေမောင်းက ၎င်းအနေ ဖြင့် NCA စာချုပ်အတိုင်း သဘောထားရပ်တည်ထားကြောင်း ထုတ်ပြန်ပြောဆိုမှုများ ရှိခဲ့သည်။

အခြေခံစားသောက်ကုန်ဈေးနှုန်း ကြီးမြင့်မှုကြောင့် စစ်ဘေးရှောင်များ အခက်တွေ့နေ

ဆားလင်းကြီးမြို့နယ်၊ ညောင်ပင်ကြီးကျေးရွာအုပ်စု အနီးတဝိုက်ရှိ ကျေးရွာများမှ ဒေသခံစစ်ဘေးရှောင် တစ်ထောင်ခန့်သည် နေရပ်သို့မပြန်နိုင်သည်မှာ သုံးလကျော်ကြာမြင့်နေ ပြီး စားဝတ်နေရေး အခက်အခဲအပြင် နေရာထိုင်ခင်းအတွက်ပါ ခက်ခဲနေကြောင်း သိရသည်။

သံဖြူဇရပ်မြို့၌ ဓာတ်တိုင်ပေါ်မှ မီးကြိုးခိုးယူသူတစ်ဦး ဓာတ်လိုက်သေဆုံး

သံဖြူဇရပ်မြို့၊ အောင်ကုသိုလ်ရပ်ကွက်ရှိ ဓာတ်တိုင်ပေါ်မှ မီးကြိုခိုးယူရန်ကြိုးစားသည့် အမျိုးသားတစ်ဦးအား ဓာတ်လိုက်သေဆုံးနေသည်ကို သိရ၍ ဓာတ်တိုင်ပေါ်မှာ အောက်သို့ ကြိုးနှင် ချပေးခဲ့ကြောင်း စေတနာရှင် လူမှုကယ်ဆယ်ရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။