» သတင်း

တရုတ်နှင့် အိန္ဒိယ ကမ္ဘာလှည့်ခရီးသည်များကို ဆိုက်ရောက်ဗီဇာ ခွင့်ပြုမည်

မြန်မာနိုင်ငံအတွင်းသို့ လေကြောင်းခရီးဖြင့် ဝင်ရောက်လာသည့် တရုတ်နိုင်ငံနှင့် အိန္ဒိယနိုင်ငံသား ကမ္ဘာလှည့်ခရီးသည်များအတွက် ဆိုက်ရောက်ဗီဇာ (ကမ္ဘာလှည့်) Tourist Visa On Arrival ကို ခွင့်ပြုသည့်ရက်မှစတင်၍ စမ်းသပ်ကာလ (၃) နှစ် သတ်မှတ်ထားကြောင်း သိရသည်။

ဖားကန့်မြို့၌ အမျိုးသားတစ်ဦး မြေစာကျင်းအတွင်း ပြုတ်ကျပျောက်ဆုံး

ယမန်နေ့ စက်တင်ဘာ ၁၂ ရက်တွင် တောက်ပကြယ်ကုမ္ပဏီ ကျောက်စိမ်းတူး ဖော်ရေးလုပ်ကွက်၌ ကျောက်စိမ်းတူးဖော်နေစဉ် မြေစာကျင်းဟောင်းအတွင်း အမျိုးသားတစ်ဦး ပြုတ်ကျပျောက်ဆုံးခဲ့ကြောင်း သိရသည်။

လားရှိုး၌ မိုးသည်းထန်စွာရွာ၍ တောင်ကျချောင်းရေကြောင့် နေအိမ်များသို့ ရေဝင် ရောက်၊ တစ်ဦးသေဆုံး

မိုးသည်းထန်စွာရွာ၍ တောင်ကျချောင်းရေများ ကျဆင်းမှုကြောင့် အထက်မန်အိုင်ဘက်၊ ရပ်ကွက် (၅)၊ နယ်မြေ (၁၃) ရှိ နေအိမ်တစ်လုံး၏ အုတ်တံတိုင်းပြိုကျရာမှ အိမ်အတွင်း၌ အိပ်ပျော်လျက်ရှိသော လူငယ်တစ်ဦးပေါ်သို့ပိမိ၍ နေရာတွင် သေဆုံးမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဆန်စပါး နယ်စပ်ဖြတ်ကျော် တင်ပို့လိုပါက သက်ဆိုင်ရာဌာနများ၏ ခွင့်ပြုချက်လိုမည်

“ဆန်နဲ့ ဆန်ကွဲကို နယ်စပ်ဖြတ်ကျော် တင်ပို့ချင်ရင် သက်ဆိုင်ရာဌာနတွေရဲ့ ခွင့်ပြုချက်လိုမယ်။ အရင်ကတော့ ဒါမျိုးမရှိဘူး။ မြင့်တက်နေတဲ့ ဆန်စပါးဈေးကို ထိန်းလို့ရအောင်ပါ။ စပါးကို ကြိတ်ခွဲချင်ရင် သက်ဆိုင်ရာ တိုင်းဒေသကြီးအလိုက်ပဲ ကြိတ်ခွဲလို့ရမယ်” ဟု MRF မှ တာဝန်ရှိသူတစ်ဦးက…

လူမှုဖူလုံရေးအာမခံ အလုပ်သမားများ ဆေးရုံတက်ပါက ငွေကြိုတင်ပေးရမည် ဟုဆို

အလုပ်သမားဝန်ကြီးဌာန၊ လူမှုဖူလုံရေးအဖွဲ့မှ အကျုံးဝင်အာမခံ အလုပ်သမားများအနေဖြင့် ၎င်းတို့ဆေးရုံတက်ပါက အာမခံငွေကြေး ကြိုတင်ပေးသွင်းရကြောင်း၊ အာမခံငွေကို နောင်မှ ပြန်လည်ထုတ်ပေးကြောင်း အလုပ်သမားများ၏ ပြောပြချက်အရ သိရသည်။

မြောက်ကိုရီးယားခေါင်းဆောင်နှင့် ရုရှားသမ္မတပူတင်တို့ တွေ့ဆုံဆွေးနွေးမည်

စစ်လက်နက်ပစ္စည်းများ ရောင်းချခြင်း မလုပ်ဆောင်ရန် အမေရိကန်အစိုးရက သတိပေးမှုများရှိနေချိန်တွင် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအမ်သည် စက်တင်ဘာ ၁၂ ရက်နေ့တွင် ရုရှားနိုင်ငံသို့ ရုတ်တရက်ရောက်ရှိလာခဲ့ကြောင်း သိရသည်။

လုပ်ခလစာ ၂၅ ရာခိုင်နှုန်း တရားဝင်လမ်းကြောင်းများဖြစ်သည့် ဘဏ်များမှ လွှဲပါက အဆင်မပြေဟု ပြည်ပရောက် အလုပ်သမားများ ဆို

တရားဝင်က မြန်မာငွေစျေးက အဓိကကျတယ်။ အဲ့တော့အပြင်ကနေ လွှဲကြတယ်။ အဲ့တော့ သူတို့က ဒေါ်လာမရတော့ဘူး။ အဲဒါကြောင့် ဒီအမိန့်ထွက်လာတာ။ မြန်မာမှာ ဂျပန် ပိုက်ဆံပေါက်စျေးက ၂၅ ကျပ်။ တရားဝင်က ပြန်ပို့ရင် ၁၉.၅ ပဲ ကျွန်တော်တို့ရကြတယ်

ရန်ကုန်ဘူတာကြီး အဆင့်မြှင့်တင်မည့်စီမံကိန်း ပျက်ပြယ်သွား

အဆိုပါစီမံကိန်းကို ပြီးခဲ့သည့်အစိုးရလက်ထက်တွင် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ယင်းစီမံကိန်းတစ်ခုလုံးသည် အမေရိကန်ဒေါ်လာ ၂ ဒသမ ၈ ဘီလီယံခန့် ကုန်ကျမည်ဖြစ်ကြောင်း သိရသည်။

သုံးဆယ်မြို့၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး အမျိုးသမီးတစ်ဦး ပစ်ခတ်ခံရ၍ သေဆုံး

"အုပ်ချုပ်ရေးမှူးက သာယာအေးရွာမှာ ဆေးခန်းဖွင့်ထားတဲ့ သူသမီးရဲ့ဆေးခန်းကနေ သားအမိနှစ်ယောက်အတူ ဆိုင်ကယ်နဲ့ပြန်လာတုန်း လမ်းမှာပစ်ခတ်ခံရတာ။ သမီးကတော့ ဒဏ်ရာမရဘူး" ဟု လုံခြုံရေးအဖွဲ့နှင့် နီးစပ်သူတစ်ဦးက ပြောကြားသည်။

တနင်္သာရီတိုင်းတွင် ပြီးခဲ့သည့်လက ဒေသခံသုံးသောင်းခွဲကျော် စစ်ရှောင်ရ

ထားဝယ်မြို့နယ်၊ အရှေ့တောနယ်ရှိ ဝကုန်းကျေးရွာသို့ စစ်ကြောင်းဝင်ရောက်မှုကြောင့် ထိုကျေးရွာအနီးတဝိုက်ရှိ ကျေးရွာများဖြစ်သည့် ရမ္မဇူ၊ ဘဝပင်၊ သင်္ကန်းတုန်း၊ သရက်ငုတ်၊ လိပ်ပြောင်ကြယ် စသည့်ကျေးရွာများမှ ဒေသခံ ၂၀၀၀ ကျော်မှာ နေရပ်စွန့်ခွာခဲ့ရကြောင်း သိရသည်။