» သတင်း

ဆန်/ဆန်ကွဲ နယ်ကျော်သယ်ယူခွင့် ပြန်လည်ဖြေလျှော့ပေးလိုက်ဟု MRF ဆို

မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်မှ မြင့်တက်နေသည့်ဆန်ဈေးနှုန်းကို ထိန်းချုပ်ရန်အတွက် အခြားပြည်နယ်နှင့်တိုင်းများမှ တင်ပို့မည့် ဆန်/ဆန်ကွဲအတွက် နယ်ကျော်ခွင့်လက်မှတ် လျှောက်ထားရန်လိုအပ်ကြောင်း အသိပေးထားခြင်းဖြစ်သည်။

ဖော့ပုံးထဲထည့်၍ ဧရာဝတီမြစ်အတွင်း စွန့်ပစ်လိုက်သည့် ကလေးငယ်အား အသက်ရှင် လျက် ကယ်ဆယ်နိုင်ခဲ့

စက်တင်ဘာ ၁၃ရက်၊ နံနက် ၂နာရီဝန်းကျင်က သရက်မြို့၊ တောင်မင်းတည်းရပ်ကွက်ရှိ ဧရာဝတီမြစ်ထဲ၌ ရေစီးနှင့်အတူ မျှောပါလာသော ဖော့ပုံးတစ်ခုအတွင်းမှ ကလေးငိုသံကြား ၍ ဒေသခံများက သွားရောက်ဆယ်ယူရာမှ ကလေးငယ်အား အသက်ရှင်လျက် ကယ်ဆယ်နိုင်ခဲ့ခြင်းဟု သိရသည်။

NGO/INGO များ အစိုးရဌာနအဖွဲ့များ၏ ထောက်ခံချက်ယူ၍ မှတ်ပုံတင် မဖြစ်မနေ လုပ်ရမည်

အာရှ-ပစိဖိတ်ဒေသ ငွေကြေးခဝါချမှု တိုက်ဖျက်ရေးအဖွဲ့၏ အကဲဖြတ်အစီရင်ခံစာအရ ပရဟိတအဖွဲ့များသည် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့ ရာ၌ အသုံးချခံရနိုင်ခြေ များသည့်အတွက်

တရားမဝင်တင်ပို့သည်ဟုဆိုကာ ပြောင်းလုပ်ငန်းရှင်များ ခေါ်ယူစစ်ဆေးခံရပြီးနောက် ပြောင်းတင်ပို့မှု လျော့ကျလာ ဟုဆို

ပြည်တွင်းရှိ ပြောင်းကုန်သည်အများစုသည် အခွန်ကင်းလွတ်ခွင့်ရရှိသည့် ဖေဖော်ဝါရီလမှ ဩဂုတ်လ ၃၁ ရက်အထိ ထိုင်းနိုင်ငံသို့ တင်ပို့ခြင်းဖြစ်ပြီး အဆိုပါကာလ ပြီးဆုံးပါက အခွန်ဖြင့်တင်ပို့ရခြင်းဖြစ်ကြောင်း သိရသည်။

မှော်ဘီ၌ ပစ်ခတ်နိုင်ရန် ချိန်ရွယ်ထားသည့် ရှော့တိုက်ဒုံး ၈ လုံး သိမ်းဆည်းရမိ ဟုဆို

"အနီးက မှော်ဘီလေတပ်စခန်းကို ပစ်ခတ်ဖို့ ချိန်ရွယ်ထားတယ်လို့တော့ ယူဆရပါတယ်။ တကယ်တမ်း ပစ်ခတ်ခဲ့ရင် လူနေရပ်ကွက်တွေကိုပါ ထိခိုက်မှုရှိနိုင်တာပေါ့" ဟု လုံခြုံ ရေးအဖွဲ့နှင့် နီးစပ်သူတစ်ဦးက ပြောကြားသည်။

ဘန်ကောက်ရှိ စျေးဝယ်စင်တာတစ်ခုတွင် စျေးရောင်းချနေသည့် မြန်မာ ၁၈ ဦး ဖမ်းဆီး ခံရ

ဖမ်းဆီးခံရသူများမှာ ဈေးဝယ်စင်တာ၏ ၄ လွှာတွင် ဆိုင်ခန်း ၄ ခန်း၊ ၃ လွှာတွင် ဆိုင်ခန်း ၅ ခန်းနှင့် ၂ လွှာတွင် ဆိုင်ခန်း ၁ ဆိုင်ခန်းတို့၌ အိတ်၊ အဝတ်၊ ဖိနပ်နှင့်…

နယ်စပ်ဖြတ်သန်းခွင့်ကတ် ထုတ်ပေးရာ၌ ဦးစားပေးစာရင်းတွင်ပါရန် ကလေးငှားရမ်းမှု များရှိခဲ့ ဟုဆို

အဆိုပါ တစ်ခါသုံး နယ်စပ်ဖြတ်ကျော်ခွင့်လက်မှတ် TBP ပြုလုပ်လိုသူ များပြားသဖြင့် ကြိုတင်စာရင်းကောက်ယူရာမှာ မသန်စွမ်းများ၊ သက်ကြီးရွယ်အိုများနှင့် ကိုယ်ဝန်ဆောင် များ၊ ကလေးငယ်ပါသည့် မိခင်များအား ဦးစားပေး လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။

စားအုန်းဆီ လက်လီဈေးကွက်အတွင်း ဝယ်မရ၍ မှောင်ခိုဈေးကွက်ကို အားထားနေရ ဟုဆို

မြို့နယ်အလိုက် စားအုန်းဆီများ သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေးနေသော်လည်း နေ့စဥ်စားအုန်းဆီ အသုံးပြုနေရသူများမှာ ဈေးကွက်အတွင်း စားအုန်းဆီ ဝယ်၍မရ ကြောင်း သိရသည်။

တင်သွင်းမည့်ကုန်စည် ၇ မျိုးအတွက် နိုင်ငံခြားငွေ ရောင်းပေးမည်ဟု ကြေညာထား သော်လည်း လုပ်ငန်းရှင်များဝယ်မရ ဟုဆို

"အခုထိတော့မရောင်းပေးဘူး။ Export ရတဲ့ငွေနဲ့ Import ကိုပြန်လုပ်နေရတာ။ သူတို့ကသာ ရောင်းပေးမယ်ပြောတာ။ တစ်ကယ်တမ်းကျ ဝယ်လို့မရဘူး" ဟု သွင်းကုန်လုပ်ငန်းရှင် တစ်ဦးက ပြောသည်။

တိုက်ပွဲကြောင့် ၃ လနီးပါး ပိတ်ဆို့ထားသည့် ကလေး-တမူးကားလမ်း ပြန်ဖွင့်

ထို့ပြင် တမူးမြို့ရှိ မော်တော်ယာဉ်လိုင်းတစ်ခုမှ တာဝန်ရှိသူတစ်ဦးကလည်း "တမူးကနေ ကလေးကိုသွားချင်တဲ့ သူတွေအတွက် ရွှေကဘော်ဂိတ်ကနေ ယာဉ်တွေပြေးဆွဲနေပါပြီ။ ခရီးသည်တစ်ဦးကို သုံးသောင်းကျပ်ပါ။ သုံးဦးထက်ပိုရင်တော့ စျေးလျော့ပေးပါမယ်။" ဟု ပြောကြားသည်။