» သတင်း

တနင်္သာရီတိုင်းတွင် ပြီးခဲ့သည့်တစ်လအတွင်း လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲ မှုကြောင့် လူ ၂၀ ကျော်သေဆုံးခဲ့ရပြီး ၃၀ နီးပါးဒဏ်ရာများရရှိခဲ့

သြဂုတ်လ ၁ ရက်မှ ၃၁ ရက်အထိ တစ်လအတွင်း တနင်္သာရီတိုင်းအတွင်းရှိ ကျေးရွာများတွင် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့သဖြင့် ကျည်စထိမှန်ကာ သေဆုံးသူ ၂၀ ကျော်နှင့် ထိခိုက်ဒဏ်ရာရရှိသူ ၃၀ နီးပါးထိရှိခဲ့ကြောင်း

တင်ပို့မည့်ပမာဏအတိုင်း လက်ဝယ်တွင် ၁၀၀ ရာခိုင်နှုန်းဆန်ရှိမှသာ ပြည်ပတင်ပို့ခွင့် လိုင်စင် ထုတ်ပေးမည်

ပြည်တွင်းဆန်ဈေးနှုန်း မြင့်တက်မှုကြောင့် ပြည်ပဆန်တင်ပို့မှု ခေတ္တရပ်နားထားမည်ဟု မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်မှ အသိပေးပြောဆိုထားပြီးနောက်ပိုင်း ယင်းကဲ့သို့ ပြောင်း လဲသတ်မှတ်လိုက်ခြင်းဖြစ်သည်။

တောင်တရုတ်ပင်လယ်အတွင်း ပိုင်နက်နယ်မြေ အငြင်းပွားမှုများကို အင်အားသုံး ဖြေရှင်းခြင်းများ မလုပ်ဆောင်ရန် အမေရိကန်နှင့် ဗီယက်နမ်အစိုးရတို့ ပူးတွဲတောင်းဆို

ပြီးခဲ့သည့် သီတင်းပတ်များအတွင်း တရုတ်ကမ်းခြေစောင့်သင်္ဘောက ဖိလစ်ပိုင် ကမ်းခြေစောင့်သင်္ဘောကို ကြားဖြတ်ဟန့်တားကာ မီးသတ်ပိုက်ဖြင့် ထိုးခဲ့မှုနှင့်အတူ တောင်တ ရုတ်ပင်လယ်တွင် တင်းမာမှုများ ပိုမိုမြင့်တက်လာခဲ့နေကြောင်း သိရသည်။

ရွှေနှင့် ဒေါ်လာစျေးနှုန်းများ ရက်ပိုင်းအတွင်း နေ့စဉ်နီးပါး စျေးကျဆင်းလာ

ပြီးခဲ့သည့် စက်တင်ဘာ ၁ ရက်က ပြည်တွင်းစျေးကွက်၌ အခေါက်ရွှေ တစ်ကျပ်သားလျှင် ၃၈ သိန်းနီးပါးနှင့် အမေရိကန်တစ်ဒေါ်လာလျှင် ၃၇၀၀ ကျပ်ဝန်းကျင် ရောက်ရှိနေခဲ့ရာမှ နေ့စဉ်နီးပါး စျေးနှုန်းကျဆင်းလျှက်ရှိလာခဲ့ပြီး ယနေ့တွင်

တစ်ပြည် ၂၅၀၀ ဖြင့် ရောင်းချပေးနေသည့် ဧည့်မထအရောင်းဆိုင်များ အရှုံးပေါ်နေ ဟုဆို

ပြီးခဲ့သည့် ဩဂုတ်လ ၂၅ ရက်မှစ၍ ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ် ၁၇ ခု၏ လူနေရပ်ကွက်များနှင့် ဈေးများရှိ ဆန်ဆိုင်ပေါင်း ၄၂ ဆိုင်မှတစ်ဆင့် ဧည့်မထ အမျိုးအစား ဆန်တစ် ပြည်လျင် ၂,၅၀၀ ကျပ်နှုန်းဖြင့် ရောင်းချပေးနေခြင်းဖြစ်သည်။

သာကေတာမြို့နယ် ဧရာဝဏ်လမ်းမပေါ်တွင် အမျိုးသားတစ်ဦး ထိုးသွင်းဒဏ်ရာနှင့် သေဆုံး

ယမန်နေ့ စက်တင်ဘာ ၁၀ ရက်၊ ည ၁ နာရီကျော်တွင် အသက် ၃၀ ဝန်ကျင် အမျိုးသားတစ်ဦး ထိုးသွင်းဒဏ်ရာဖြင့်တွေ့ရရာ တာဝန်ကျရဲအရာရှိများက စစ်ဆေးခဲ့ပြီး ဒို့ညီနောင် နာရေးနှင့်လူမှုကူညီရေးအသင်မှ ကူညီဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မြင်းခြံမြို့နယ်မှ ကျေးရွာအုပ်ချုပ်ရေးမှူး နေအိမ်၌ သေနတ်ဖြင့် ပစ်ခတ်ခံရပြီး သေဆုံး

ယမန်နေ့ စက်တင်ဘာ ၁၀ ရက်၊ ညနေ ၅ နာရီကျော်က ဂျူပ္ပင်ကျေးရွာ၊ ကျေး ရွာအုပ်ချုပ်ရေးမှူး ဦးဝင်းလှိုင်သည် နေအိမ်အတွင်းရှိနေချိန် သေနတ်သမားများက လာရောက်ပစ် ခတ်သွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ပုလဲ- ဂန့်ဂေါလမ်းပိုင်း မြေပြိုကျမှု ထပ်မံဖြစ်ပွား၍ ယာဉ်များသွားလာရ ခက်ခဲနေ

စက်တင်ဘာ ၄ ရက်က မိုးအဆက်မပြတ်ရွာသွန်းခဲ့၍ ပုလဲ-ဂန့်ဂေါ အဝေးပြေးလမ်းမကြီး၏ မိုင်တိုင် ၅၁ တွင် မြေသားပြိုကျမှု ထပ်မံဖြစ်ပွားခဲ့ကာ ယနေ့အထိ ယာဉ်များသွားလာ ရ ခက်ခဲနေကြောင်း သိရသည်။

မတ္တရာမြို့နယ်မှ ပြည်သူ့စစ်တာဝန်ခံဆိုသူ အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦး ပစ်ခတ်ခံရ၍ သေဆုံး

အဆိုပါ သေနတ်ဖြင့် ပစ်ခတ်ခံရ၍ သေဆုံးခဲ့သူနှစ်ဦးသည် ရွှေချောင်းကျေးရွာတာဝန်ခံ ပြည်သူစစ်အဖွဲ့ဝင်ဆိုသူ အသက် ၅၀ ကျော်အရွယ် ဦးဝင်းဝင်းနှင့် အသက် ၂၈ အရွယ် ခယ်မတော်စပ်သူ ခင်သူဇာဝင်းတို့ဖြစ်ကြောင်း ဒေသခံတစ်ဦးကပြောသည်။

ထန်းကုန်းတိုက်နယ်အတွင်းရှိ စစ်ဘေးရှောင်ပြည်သူ တစ်သောင်းကျော် အခြားနေရာသို့ ထပ်မံတိမ်းရှောင်နေရ

စက်တင်ဘာ ၉ ရက်၊ နံနက် ၉ နာရီခန့်က ကန့်ဘလူခရိုင်၊ ထန်းကုန်းတိုက်နယ်အတွင်းရှိ တောင်တည်းကုန်းရွာအား စစ်ကြောင်းထိုးဝင်ရောက်လာခဲ့ပြီး နေအိမ်အချို့ မီးရှို့ခံခဲ့ရ ကြောင်း သိရသည်။