» သတင်း

ယခုနှစ်တွင် ပုဂံသို့ ပြည်တွင်းပြည်ပခရီးသွား သုံးသန်းခန့်လာရောက်ရန် မျှော်မှန်းထား

၂၀၂၂ ခုနှစ်မှာ ပုဂံခရီးသွားဧည့်သည် ၁ ဒသမ ၀၈ သန်း ဝင်ရောက်ခဲ့ပါတယ်။ အခု ၂၀၂၃ ဇန်နဝါရီလကနေ ဇွန်လအထိ ခရီးသွားဧည့်သည်က ၁ ဒသမ ၁၆ သန်းထိ ဝင်ရောက်ခဲ့ တာကို တွေ့ရပါတယ်။

ရာသီဥတုကြောင့် မဟာမြိုင်လမ်း ဆိုးရွားစွာပျက်စီးနေ၍ ကုန်တင်ကား ရာနှင့်ချီကာ ပိတ်မိနေ

စစ်ကိုင်တိုင်း၊ ရေဦးခရိုင်၊ တန့်ဆည်မြို့နယ်နှင့် ကလေးဝမြို့နယ်တို့ကို ဆက်သွယ်ထားသည့် မဟာမြိုင်ကားလမ်းသည် ရာသီဥတုကြောင့် ဆိုးရွားစွာပျက်စီးနေ၍ ကုန်တင်ကားများ ရာနှင့်ချီကာ ပိတ်မိနေကြောင်း ဒေသခံ ကုန်တင်ယာဥ်မောင်းများထံမှ သိရသည်။

ပြည်တွင်းတပ်ဆင်ထုပ်လုပ်သည့်ကား သုံးရာကျော် မှတ်ပုံတင်ထုတ်ပေးပြီးနောက် ဂျပန်ကားများ ဈေးထိုးကျလာ

ပြီးခဲ့သည့် ဩဂုတ်လကုန်အထိ SKD စနစ်ဖြင့် ပြည်တွင်းသို့ တင်သွင်းထုတ်လုပ်လာသည့် မော်တော်ယာဉ် ၂၆၆ စီး၊ ကုန်တင်ဝန်ပေါ့ယာဉ် ၄၄ စီး၊ စုစုပေါင်း ၃၁၀ စီးကို ကုန်းလမ်း ပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ မှတ်ပုံတင်ခွင့်ပြုခဲ့ကြောင်း သိရသည်။

ကျွမ်းကျင်သူနာပြုဝန်ထမ်း လိုအပ်ချက်ကြောင့် မော်လမြိုင် ကျောက်ကပ်သွေးသန့်စင် စင်တာ ယခုလကုန်တွင် ယာယီရပ်နားမည်

လက်ရှိ၌ ကျွမ်းကျင်သူနာပြုဝန်ထမ်း ၂ ဦးခန့်လိုအပ်နေပြီး ဝန်ထမ်းခန့်အပ်နိုင်ပါက စင်တာပြန်လည်ဖွင့်လှစ်မည်ဖြစ်ကာ လူမှုကွန်ရက်စာမျက်နှာမှလည်း အသိပေးသွားမည်ဟု ၎င်းကဆက်လက်ပြောကြားသည်။

ကြက်သွန်နီဈေးကွက် ပြည်တွင်း၊ ပြည်ပအဝယ်အေးနေသော်လည်း အတက်ဈေးတွင် ရှိနေ

"ကြက်သွန်ကတော့ အေးတယ်။ အရင်ကဆို ဘုရင့်နောင်ကုန်စည်ဒိုင်ကို တနေ့ အစီးရေ ၁၂ စီးလောက်ဝင်တယ်။ အခုဆို ၂ စီးလောက်ပဲ ဝင်လာတော့တယ်။ ပစ္စည်းတွေကမိုးများ တော့ မကောင်းဘူး။ ညံ့တယ်။ နယ်စပ်ပို့တယ့်ဟာတွေဆိုလည်း အဆင်မပြေဘူး။"

ကားဝယ်ရောင်းဈေးကွက် ပျက်လုနေပြီဟု ကားအသင်းဥက္ကဌ ဆို

ကားဈေးကွက်အတွင်း ဈေးနှုန်းအမြင့်ကားရော အနိမ့်ကားများပါ ယခုစက်တင်ဘာ ပထမပတ်အတွင်း ဈေးနှုန်းများ ထိုးကျသွားပြီး အရောင်းသာရှိပြီး ဝယ်သူမရှိဖြစ်နေကြောင်း ဦးအောင်သန်းဝင်းက ပြောသည်။

စသုံးလုံး ညွှန်ချုပ်နေရာ အပြောင်းအလဲပြုလုပ်

စသုံးလုံး ညွှန်ချုပ်ရာထူးမှ ပြောင်းရွေ့ခံရသူ ဦးမောင်မောင်ကျော်မှာ စစ်တက္ကသိုလ် အပတ်စဉ် ၂၅ ဆင်း စစ်ဘက်အရာရှိဟောင်းတစ်ဦးဖြစ်ကာ စသုံးလုံးတွင် ဆယ်စုနှစ်တစ်စု ကျော် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပြီး ၂၀၁၇ ခုနှစ်၊ ဇူလိုင် ၈ ရက်နေ့က ညွှန်ကြားရေးမှူးချုပ်အဖြစ် ခန့်အပ်ခံရသူဖြစ်သည်။

မြန်မာ့သကြားကို ဘင်္ဂလားဒေ့ရှ်မှ ဝယ်ယူရန်စီစဉ်

ဘင်္ဂလားဒေ့ရှ်မစ်ရှင်နှင့် မြန်မာနိုင်ငံသကြားနှင့် ကြံထွက်လုပ်ငန်းရှင်များအသင်း Myanmar Sugar and Cane Related Products Association (MSCA) တို့အကြား တွေ့ဆုံ ဆွေးနွေးမှုအတွင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ပြောဆိုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မုံရွာမြို့၌ စားအုန်းဆီဝယ်မရ၍ ဒေသခံများအခက်တွေ့နေ

မုံရွာမြို့တွင် စားအုံးဆီတစ်ပိဿာလျှင် ကျပ်တစ်သောင်းကျော် ပေါက်ဈေးရှိပြီး စီးပွား/ကူးသန်းဝန်ကြီးဌာနမှ တစ်နိုင်ငံလုံး စားအုန်းဆီဈေးကျဆင်းစေရန် သတ်မှတ်ပေး သည့်ဈေးနှုန်းဖြင့် ရောင်းချရန် လုပ်ဆောင်ထားသော်လည်း

မြန်မာနိုင်ငံရေး အငြင်းပွားမှုများကို ကိုင်တွယ်ဖြေရှင်းရန်အတွက် အာဆီယံ အလှည့်ကျ ဥက္ကဌ သုံးနိုင်ငံပူးပေါင်းကိုင်တွယ်မည် ဟုဆို

မြန်မာအရေးကို အာဆီယံအလှည့်ကျဥက္ကဌ သုံးနိုင်ငံ ပူးပေါင်းကိုင်တွယ်မည့် အစီအစဉ်အရ ယခုနှစ်တွင် ကမ္ဘောဒီးယား၊ အင်ဒိုနီးရှားနှင့်လာအိုနိုင်ငံတို့ ပူးပေါင်းကိုင်တွယ်ရဖွယ်ရှိ နေကြောင်း သိရသည်။