» သတင်း

ထိုင်းနိုင်ငံရှိ လူငယ်များအကြားတွင် မျောက်ကျောက်ရောဂါ ကူးစက်ခံရမှု ပိုမိုမြင့်တက် လာ

ထိုင်းနိုင်ငံရှိ ဒေသ ၁၉ ခုတွင် မျောက်ကျောက်ရောဂါ ကူးစက်ခံရသူများရှိနေကြောင်း၊ အထူးသဖြင့် ထိုင်းနိုင်ငံ၏ အဓိကမြို့ဖြစ်သော ဘန်ကောက်မြို့တွင် မျောက်ကျောက်ရောဂါ ကူးစက်ခံရသူဦးရေ ၁၀၀ နီးပါးရှိနေကြောင်း သိရသည်။

ဝက်လက်၌ ရက်ပိုင်းအတွင်း ဒေသခံတစ်သောင်းခွဲခန့် စစ်ရှောင်နေရ

စစ်ရှောင်အများစုမှာ ဝက်လက်မြို့နယ်အတွင်းရှိ တောစပ်များနှင့် လယ်ကွင်း၊ ယာကွင်း စသည့်ကွင်းပြင်များ၌ တဲများထိုး၍လည်းကောင်း၊ ရွာမှယူဆောင်လာသည့် လှည်းများပေါ် တွင်လည်း အဆင်ပြေသလို ခက်ခဲစွာနေထိုင်ကြရကြောင်း သိရသည်။

မြန်မာနိုင်ငံနှင့်ပတ်သတ်သော ငြိမ်းချမ်းရေးအစီအစဉ်များကို အာဆီယံသံတမန်များ ပြန်လည်သုံးသပ်ဆွေးနွေးမည် ဟုဆို

အာဆီယံထိပ်သီးအစည်းအဝေးမတိုင်ခင် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးကို ကျင်းပမည်ဖြစ်ရာ ယင်းအစည်းအဝေးအတွင်း မြန်မာနိုင်ငံနှင့်ပတ်သက်သာ ငြိမ်း ချမ်းရေးအစီအစဉ်များကို ဆွေးနွေးသွားဖွယ်ရှိနေကြောင်း သိရသည်။

ရပ်စောက်၌ ရေကြီး၍ နေအိမ် ၅၀၀ ကျော်သို့ ရေဝင်ရောက်ကာ ဒေသခံရာချီ ရေဘေး ရှောင်ရ

ယမန်နေ့က အဆိုပါမြစ်ရေမှာ ရပ်စောက်မြို့၊ ဇော်ဂျီရပ်ကွက်နှင့် ဥတ္တားရပ်ကွက်တို့အတွင်းရှိ လူနေအိမ်များသို့ ဝင်ရောက်ခဲ့၍ ဒေသခံများ ရွေ့ပြောင်းခဲ့ရကြောင်း ရပ်စောက်မြို့ နယ် ကြက်ခြေနီအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။

မြဝတီခရိုင် ရဲတပ်ဖွဲ့မှူးရုံး ပေါက်ကွဲမှုဖြစ် ၅ ဦးသေဆုံးကာ ၁၀ ဦးထက်မနည်း ထိခိုက် ဒဏ်ရာရ

"Drop ဗုံးနဲ့ ပစ်ခံရတာပြောတယ်၊ နှစ်ကြိမ်တောင် ၁၀ ဦး၊ ၁၅ ဦးလောက်ထိတယ်၊ ခရိုင်အုပ်ချုပ်ရေးမှူးက ပထမတစ်ကြိမ်ဖြစ်ပြီးသွားတာကို လာကြည့်တဲ့အချိန် နောက်ထပ်ဖြစ် တာမှာ ထိသွားတာ။ သေသွားတယ်၊ ဒဏ်ရာရတဲ့သူလဲများတယ်" ဟု မြဝတီမြို့တွင်နေထိုင်သူတစ်ဦးက ပြောသည်။

ငါန်းဇွန်နှင့် နွားထိုးကြီး၌ တစ်ရက်တည်း ဒေသခံ ၁၁ ဦး ပစ်သတ်ခံရ

စက်တင်ဘာ ၃ ရက်၊ နံနက် ၄ နာရီခန့်တွင် ငါန်းဇွန်မြို့နယ်၊ နဘဲပင်ကျေးရွာသို့ အမည်မသိအမျိုးသား ၁၅ ဦး ဆိုင်ကယ် ၁၀ စီးဖြင့်ရောက်ရှိလာကာ ကျေးရွာအတွင်းရှိ နေအိမ်အချို့ သို့ သေနတ်ဖြင့်ပစ်ခတ်ကာ ပြန်လည်ထွက်ခွာသွားကြကြောင်း သိရသည်။

ပုဂံ၌ မိုးသည်းထန်စွာရွာ၍ ရှေးဟောင်းဘုရားအချို့အနီးသို့ ရေဝင်ရောက်မှုဖြစ်

"ရွှေစည်းခုံဘုရားနားက ရေတွေကိုတော့ ရေစုပ်စပ်တွေနဲ့ စုပ်ထုတ်လိုက်ရတယ်။ အခုက အာနန္ဒာဘုရားနားမှာ ရေပြန်ကျအောင်လုပ်ရမှာ။ သစ်ပင်တွေလည်း လဲကျတာတွေဖြစ် တယ်။ မိုးရွာတာက ၁၀ ရက်လောက်ရှိပြီ ကျန်တဲ့ရက်တွေက တစ်ဖြောက်နှစ်ဖြောက်ရွာတာကနေ ဒီနေ့က အသားကုန်ကိုရွာတာ"

ပန်းတနော်မြို့တွင် မြစ်ကမ်းပါးပြိုကျမှုဖြစ်ပွားမှုကြောင့် နေအိမ် ၁၄ လုံး အရေးပေါ် ပြောင်းရွှေ့ခဲ့ရပြီး အကူအညီများလိုအပ်နေ

"မပြောင်းရင် ကမ်းပြိုကျတဲ့အထဲပါသွားနိုင်တယ်။ ဒါ့ကြောင့် နေအိမ်တွေကို ဖျက်သိမ်းပြောင်းရွှေ့တာပါ။ မြစ်ကမ်းပါးက ဧရာဝတီဖြစ်ရေတိုက်စားလို့ ကမ်းပါးကပြိုကျလာတာ။" ဟု ဒေသခံလူမှုကူညီရေးအဖွဲ့ဝင်တစ်ဦးကပြောသည်။

ကွတ်ခိုင် နမ့်ဖက်ကာရွာသို့ ၃ ရက်အတွင်း ဒုတိယအကြိမ်မြောက် လက်နက်ကြီးဖြင့် ပစ်ခံရ၊ တစ်ဦးသေကာ ၂ ဦးဒဏ်ရာရ

"၆၀ မမ စိန်ပြောင်းနဲ့ ရွာအနီးကနေ ၅ လုံးပစ်လိုက်တာ၊ ရွာထဲကို ၂ လုံးပြုတ်ကျတော့ ဦးပေါင်လာဆိုတဲ့လူကိုထိမှန်ပြီး သူကနေရာမှာတင် သေဆုံးသွားတယ်၊ နောက်ထပ် ကချင် လူမျိုး ၂ ဦးလည်း ဒဏ်ရာရသွားသေးတယ်" ဟု ဒေသခံတစ်ဦးက…

ပြီးခဲ့သည့် တစ်လအတွင်း ဧရာဝတီတိုင်းသို့ဝင်လာသည့် ရိုဟင်ဂျာ ၁၀၁ ဦးအထိ ဖမ်းဆီးခံခဲ့ရ

ပြီးခဲ့သည့် သြဂုတ်လ ၁ ရက်မှ ၃၁ ရက်အထိ တစ်လအတွင်း ရိုဟင်ဂျာအမျိုးသမီး ၁၂ ဦး၊ အသက် ၁၈ နှစ် အောက်ကလေး ၂၂ ဦး၊ အမျိုးသား ၆၇ ဦး စုစုပေါင်း…