» သတင်း

အမျိုးသမီးတစ်ဦးအား လုယက်သတ်ဖြတ်ခဲ့သူများသည် တက္ကစီယာဥ်မောင်းကို သတ်ခဲ့ သည့်သူများဖြစ်ကြောင်း ပေါ်ပေါက်

ထိုအမျိုးသမီးသေဆုံးမှုတွင် လူသတ်ကာ လုယက်ခဲ့သူများက ၎င်းတို့ယူဆောင်သွားသည့် ရွှေထည်များကို သွားရောက်ရောင်းချရာမှ မသင်္ကာ၍ ဖမ်းဆီးစစ်ဆေးစဥ် လူသတ်၊ လု ယက်မှု ပေါ်ပေါက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

စဉ့်ကူး၌ ကျေးရွာအတွင်း Drop Bomb ဗုံး ၃ လုံး ကျရောက်ပေါက်ကွဲ၍ အသက် ၉၀ အရွယ်အဖွား အပါအဝင် ၅ ဦး ဒဏ်ရာရ

ယမန်နေ့ နေ့လည် ၂ နာရီခွဲက စဉ့်ကူးမြို့နယ်ရှိ ရွာသာယာကျေးရွာပေါ်သို့ ဒရုန်း ၂ စင်းလာရောက်ပျံဝဲပြီးနောက် ဒရုန်းတွင်တပ်ဆင်ထားသည့်ဗုံး (Drop Bomb ) ၃ လုံး ပစ်ချခဲ့ရာ ကျေးရွာအတွင်း ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။

မန္တလေးတိုင်း ကျန်းမာရေးဦးစီးဌာနရုံး လက်ပစ်ဗုံးနှစ်လုံးဖြင့် ပစ်ခတ်ခံရ၍ ၅ ဦး ဒဏ်ရာရ

ယမန်နေ့ နေ့လည် ၁ နာရီခွဲက ချမ်းအေးသာစံမြို့နယ်၊ ပတ်ကုန်းဝန်းကျင်ရပ်ကွက်၊ လမ်း ၇၀ ၊ ၂၇ နှင့် ၂၈ လမ်းကြားရှိ တိုင်းကျန်းမာရေးဦးစီးဌာနရုံးသို့ အမည်မသိအမျိုးသား ၂ ဦး ဆိုင်ကယ်တစ်စီးဖြင့် ဝင်ရောက်လာပြီး လက်ပစ်ဗုံး…

Facebook page မှတစ်ဆင့် ဒေါ်လာရောင်းသူတစ်ဦးအား ဖမ်းဆီးစစ်ဆေးနေကြောင်း ဗဟိုဘဏ် ဆို

ထို့ပြင် လိုင်စင်မရှိဘဲ ပြင်ပတွင် တရားမဝင် ဒေါ်လာရောင်းဝယ်နေသူများကိုလည်း လိုအပ်သလို အသွင်ယူစစ်ဆေးမှုများ ပြုလုပ်နေပြီး ဖော်ထုတ်အရေးယူလျက်ရှိကြောင်း ဗဟို ဘဏ်က သတင်းထုတ်ပြန်ထားသည်။

အုတ်ဖိုမြို့တွင် ဗိုလ်ကြီးအဆင့်ရှိသူတစ်ဦး ပစ်ခတ်ခံရ၍ သေဆုံး

သေနတ်ဖြင့် ပစ်သတ်ခံရပြီး သေဆုံးသွားသူမှာ ဗိုလ်ကြီး တင်မျိုးအောင်ဆိုသူဖြစ်ပြီး သြဂုတ် ၃၁ ရက်၊ မနက် ၁၁ နာရီဝန်းကျင်က အရပ်ဝတ်ဖြင့် ဆိုင်ကယ်မောင်းနှင်လာစဉ် ပစ် သတ်ခံရခြင်းဖြစ်ကြောင်း သိရသည်။

လုယက်လာသည့် ရွှေထည်များရောင်းချရာမှ လူသတ်မှု ပေါ်ပေါက်

သြဂုတ် ၃၀ ရက်၊ နေ့လည်ပိုင်းတွင် ပုဇွန်တောင်မြို့နယ်၊ (၈) ရပ်ကွက်၊ မြောင်းကြီးလမ်း၊ ၈ လွှာတိုက်ခန်းတစ်ခု၌ တစ်ဦးတည်းရှိသည့် အသက် ၂၅ နှစ်အရွယ် အမျိုးသမီးတစ်ဦး အားသတ်ကာ ပစ္စည်းများလုယက်သွားခဲ့ကြောင်း သိရသည်။

တရုတ်နိုင်ငံ၏ မြေပုံအသစ်ကို အိန္ဒိယ၊မလေးရှားအပါအဝင် နိုင်ငံအချို့ ဒေါသဖြစ်နေ

တရုတ်နိုင်ငံသည် တောင်တရုတ်ပင်လယ်တွင် မလေးရှား၊ ဖိလစ်ပိုင်၊ ဘရူးနိုင်း၊ ဗီယက်နမ်နိုင်ငံတို့နှင့် ပိုင်နက်နယ်မြေအငြင်းပွားနေရာ အသစ်ထုတ်ပြန်ခဲ့သော နိုင်ငံမြေပုံထဲတွင် အငြင်းပွားမှုများရှိနေဆဲဖြစ်သော နေရာဒေသများကို ထည့်သွင်းထားကြောင်း သိရသည်။

ဒီမော့ဆို၌ လေကြောင်းဖြင့်တိုက်ခိုက်ခဲ့၍ စစ်ရှောင်တစ်ဦးသေဆုံး၊ နှစ်ဦးဒဏ်ရာရ

ကရင်နီပြည် ဒီမော့ဆိုနှင့် ဖရူဆိုလမ်းပိုင်း၌ သြဂုတ် ၃ ရက် မှ ၃၀ ရက်အတွင်း နှစ်ဖက်လက်နက်ကိုင်အဖွဲ့တို့ တိုက်ပွဲများဆက်တိုက်ဖြစ်ပွားခဲ့ပြီး နှစ်ဖက်ထိ ခိုက်မှုများလည်းရှိ ကြောင်း ဒေသတွင်းသတင်းအရင်းအမြစ်များမှ သိရသည်။

လက်နက်ကြီးဖြင့် ပစ်ခတ်ခံရ၍ ကွတ်ခိုင်၊ နမ့်ဖက်ကာရွာတွင် တစ်ဦးသေဆုံးကာ လေးဦးဒဏ်ရာရ

ကွတ်ခိုင်မြို့နယ်နှင့် အနီးတဝိုက်တွင် နစကတပ်များသာမက KIA, TNLA နှင့် PDF အဖွဲ့များ လှုပ်ရှားသွားလာလေ့ရှိပြီး တိုက်ပွဲများလည်း မကြာခဏဖြစ်ပွားလေ့ရှိကာ တိုက်ပွဲများ ဖြစ်ပွားစဉ် အနီးရှိကျေးရွာများမှ ဒေသခံများ ထွက်ပြေးတိမ်းရှောင်ရခြင်းနှင့် ကျည်ထိမှန်ကာ ဒဏ်ရာရရှိသူများနှင့် သေဆုံးသူများရှိကြောင်း

မူဆယ် စယ်လန့်ရွာအနီး ဒေသခံ ၉၀၀ နီးပါး စစ်ရှောင်နေရ

ပြီးခဲ့သည့် သြဂုတ် ၂၈ ရက်မှစ၍ မူဆယ်မြို့နယ်၊ စယ်လန့်ရွာ၊ နမ့်ကတ်ရွာ၊ မန် ကန်ရွာနှင့် မိုင်းဆတ်ကျေးရွာများအနီး၌ တိုက်ပွဲများဖြစ်ပွားခဲ့ပြီး ဒေသခံပြည် သူ ၈၆၀ ကျော် စစ်ဘေးရှောင်နေခဲ့ရကြောင်း ဒေသတွင်း ကူညီပေးနေသူများထံမှ သိရသည်။