» သတင်း

ဘင်္ဂလားဒေ့ရှ်သို့ တင်ပို့မည့် လယ်ယာထွက်ကုန်နှင့် ရေထွက်ကုန်အချို့ကို စစ်တွေ ကုန်သွယ်ရေးစခန်းမှ ပြောင်းလဲတင်ပို့ခွင့်ပြု

ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ မောင်‌တော နယ်စပ်ကုန်သွယ်ရေးမှတစ်ဆင့် တင်ပို့နေသည့် ဆန်/ဆန်ကွဲ၊ မြေပဲ၊ နှမ်းအပါအဝင် လယ်ယာထွက်ကုန်အချို့နှင့် ရေချို/ရေငန်ငါးများကို စခန်းမှ သာတင်ပို့ရန် သတ်မှတ်လိုက်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ကြေညာထားသည်။

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ပန်းတောပြင်ကျေးရွာ ချောင်းကူးတံတာပေါ်မှ ပြုတ်ကျ၍ သားအမိနှစ်ဦး ရေနစ်သေဆုံး

ထိုဖြစ်စဉ်တွင် မောင်တောချောင်းကူးတံတား ဖြတ်ကူးရာမှ ချောင်းရေနှင့် မြောပါသွားသည့်သားကို လိုက်လံဆယ်ယူရာမှ မိခင်ဖြစ်သူပါ ရေနစ်မြုတ်ခဲ့ ခြင်းဖြစ်ကြောင်း သိရသည်။

ပွင့်ဖြူမြို့နယ် စာသင်ကျောင်းများအတွင်း ရေဝင်ရောက်လာမှုကြောင့် စာသင်ကျောင်း ၅ ကျောင်း ယာယီပိတ်လိုက်ရ

''ရေတွေမြင့်တက်လာလို့ ပိတ်တာပါ။ ရေဘေးအန္တရာယ် ကြိုတင်ကာကွယ်တဲ့ အနေနဲ့ပိတ်တာ။ အခုလို ရုတ်တရက် ကျောင်းပိတ်ရက်ကို အစားထိုးပြန်လည် သင်ကြားပေးမှာတဲ့။'' ဟု ပညာရေးမှူးရုံးတာဝန်ရှိသူတစ်ဦးက ပြောသည်။

ငါးဇွန်၌ စားသောက်ဆိုင်ရှေ့ Drop Bomb ကျရောက်ပေါက်ကွဲ၍ သားအဖနှစ်ဦး ဒဏ်ရာရ

"သူတို့က ညောင်ဦးမြို့နယ်၊ တောင်ဇင်းကျေးရွာမှာနေတဲ့ သားအဖလို့ သိရတယ်။ ဒီဘက်ကို (ငါးဇွန်မြို့နယ်) လာရင်း စားသောက်ဆိုင်မှာထိုင်နေတုန်း ဗုံးပြုတ်ကျလာတာ။ စား သောက်ဆိုင်နားက နယ်မြေရဲစခန်းကို ဒရုန်းနဲ့ဗုံးပစ်ချတာ အဲ့ဒီကိုမကျဘဲ ဆိုင်ရှေ့ပြုတ်ကျတာလို့လည်း အနီးမှာနေတဲ့သူတွေက ပြောတယ်"

ထိုင်းသို့ အခွန်ကင်းလွတ်ခွင့်ဖြင့် ပြောင်းတင်ပို့မှုကာလ ကုန်ဆုံးပြီးနောက်ပိုင်း တရုတ် ဈေးကွက်သို့ တင်ပို့နိုင်ရန် စီစဉ်နေ

လက်ရှိ တရုတ်-မြန်မာနယ်စပ်ဒေသတွင် ဘိန်းအစားထိုးသီးနှံအဖြစ် စိုက်ပျိုးထားသည့် ပြောင်းများကိုသာ တင်ပို့မှုရှိနေခြင်းဖြစ်ပြီး အခြားဒေသမှထွက်ရှိသည့် ပြောင်းများကို တင် ပို့ခြင်းမရှိသည်မှာ ကြာမြင့်နေပြီဖြစ်ကြောင်း သိရသည်။

ပြည်တွင်းဆန်ဈေးနှုန်းမြင့်တက်မှုကြောင့် တရုတ်သို့ဆန်ကွဲသာ တင်ပို့နေ

"Oversea ကတော့ လိုင်စင်ကို ၄၅ ရက်ကန့်သတ်ထားတယ်။ အပြီးပိတ်တာတော့မဟုတ်ဘူး။ အခုက ပြည်တွင်းဆန်ဈေးနှုန်းမြင့်နေလို့ အရင်လိုမပို့နိုင်ဘူး။ ဆန်ကွဲတွေလောက်ပဲ သွားတော့တယ်" ဟု မူဆယ် ဆန်စပါးကုန်စည်ဒိုင် ဒု ဥက္ကဌ ဦးမင်းသိမ်းကပြောသည်။

မူဆယ်တွင် စက်သုံးဆီအခက်အခဲရှိသည့်အတွက် တရုတ်နိုင်ငံမှ တင်သွင်းခွင့်ပြု

ပြီးခဲ့သည့် ဩဂုတ်လက စက်သုံးဆီဈေးနှုန်းများ ဆက်တိုက်မြင့်တက်လာသဖြင့် မူဆယ်နယ်စပ်ကုန်သွယ်ရေး ရပ်ဆိုင်းလုနီးပါးဖြစ်နေကြောင်း သတင်းများထွက်ပေါ်လာခဲ့သည်။

မဲဆောက်၌ ဒရုန်းများပြုလုပ်နေသည့် မြန်မာနိုင်ငံသား ၁၀ ဦးခန့်ကို ဆက်စပ်ပစ္စည်း များနှင့်အတူ ဖမ်းဆီးရမိ ဟုဆို

ထိုင်း- မြန်မာနယ်စပ် မဲဆောက်မြို့နယ်ရှိ ကျေးရွာတစ်ရွာ၌ ဒရုန်းများပြုလုပ်နေသည့် အမျိုးသမီးများအပါအဝင် မြန်မာနိုင်ငံသား ၁၀ ဦးခန့်ကို ဆက်စပ်ပစ္စည်းများနှင့်အတူ ဖမ်း ဆီးရမိခဲ့ကြောင်း ဒေသခံ ထိုင်းနိုင်ငံသားအချို့က လူမှုကွန်ရက်တွင် ရေးသားထားသည်။

ပြီးခဲ့သည့်တစ်လအတွင်း သဘာဝဘေးဒဏ်ကြောင့် ပဲခူးတိုင်း၌ လူနေအိမ် ၂၀၀ နီးပါး ပျက်စီးဆုံးရှုံး

ပြီးခဲ့သည့်တစ်လအတွင်း သဘာဝဘေးဒဏ်ကြောင့် နေအိမ်များ ထိခိုက်ပျက်စီးဆုံးရှုံးခဲ့သည့်အပြင် လက်ပံတန်းမြို့နယ်အတွင်းမှ ဘုန်းတော်ကြီးကျောင်း ၄ ကျောင်းလည်း ထိခိုက် ပျက်စီးဆုံးရှုံးခဲ့ရပြီး အကူညီများလိုအပ်နေကြောင်း ဒေသခံများထံမှ သိရသည်။

အသွင်ယူဖမ်းဆီးမှုများရှိနေသည့်အတွက် ပြင်ပဒေါ်လာဈေးကွက် အရောင်းအဝယ် ရပ်ဆိုင်းနေ

"အခုဆိုရင်ဗဟိုဘဏ်က အသွင်ယူဖမ်းဆီးနေတာတွေရှိတော့ ငွေကြေးဈေးကွက်ထဲမှာ အရောင်းအဝယ် မရှိသလောက်ဖြစ်သွားတယ် ။ မလွှဲသာ မရှောင်သာတဲ့သူလောက်ပဲ အ ရောင်းအဝယ်လုပ်ကြတယ်" ဟု ဒေါ်လာအရောင်းအဝယ်လုပ်ကိုင်သူတဦးက ပြောသည်။