» သတင်း

ရန်ကုန်မြို့တွင် Unplugged နှင့် တွဲ၍ဖွင့်လှစ်ထားသည့် Bar များ တစ်နှစ်လျှင် အခွန် ငွေ ၃၆ သိန်း ပေးဆောင်ရမည်

ယခု ပေးဆောင်ရမည့် အစီစဉ်တွင် Unplugged ဖျော်ဖြေရေး ထည့်တွင်းထားသည့် ဆိုင်များသာ ပေးဆောင်ရမည်ဖြစ်ကြောင်း ရန်ကုန်မြို့ရှိ Unplugged နှင့်တွဲကာ Bar ဖွင့်လှစ် ထားသည့် ဆိုင်ရှင်တစ်ဦးက ယနေ့ခေတ်ကို ပြောကြားသည်။

ဖြူးမြို့၌ နေအိမ်ရှေ့ Drop Bomb ကျရောက်ပေါက်ကွဲ၍ သားအဖနှစ်ဦး သေဆုံး

"ကလေးလေးက နဖူးတည့်တည့်ကို ဗုံးစထိမှန်သွားတာ။ အဖေကတော့ ခါးနဲ့ရင်ဘတ်အနှံ့ကို ဗုံးစထိတာ။ နှစ်ဦးစလုံး သေဆုံးပါတယ်။ သူတို့က တောင်ယာလုပ်ငန်း လုပ်ကိုင်ကြ သူတွေလို့ သိရတယ်"

ညအချိန် စစ်ကြောင်းဝင်၍ ထွက်ပြေးရာမှ မြွေကိုက်ခံရပြီး ဆေးကုခွင့်မရဘဲ စစ်ရှောင်တစ်ဦး သေဆုံး

ပြီးခဲ့သည့် စက်တင်ဘာ ၄ ရက်၊ ည ၉ နာရီတွင် ထန်းကုန်းတိုက်နယ်၌ စစ်ဘေးရှောင်ရသည့် အင်းလယ်ကြီးရွာမှ အသက် ၃၈ နှစ်အရွယ် အမျိုးသမီးတစ်ဦးမှာ ထွက်ပြေးတိမ်း ရှောင်ရင်း မြွေဆိုးကိုက်ခံခဲ့ရကြောင်း သိရသည်။

ငရုတ်ကောင်းမြို့၌ ရေစီးနှင့်မျောပါပြီး အမျိုးသားတစ်ဦး သေဆုံးခဲ့ကာ နေအိမ်တစ်လုံး ရေစီးနှင့်မျောပါသွားခဲ့

ဧရာဝတီတိုင်း၊ ငပုတောမြို့နယ်၊ ငရုတ်ကောင်းမြို့တွင် အမျိုးသားတစ်ဦး ရေစီးနှင့်မျောပါ သေဆုံးခဲ့ပြီး၊ နေအိမ်တစ်လုံးလည်း ရေစီးနှင့်မျောပါသွားကြောင်း ဒေသခံ လူမှုကူညီ ရေးအဖွဲ့များထံမှ သိရသည်။

အဆင့်မြင့်အရာရှိအချို့အပါအဝင် စီးပွားရေးလုပ်ငန်းရှင်များ ဖမ်းဆီးစစ်ဆေး ခံနေရ ကြောင်း သတင်းများထွက်ပေါ်နေ

ဌာနဆိုင်ရာမှ အဆင့်မြင့်အရာရှိအချို့နှင့် ဘဏ်တာဝန်ရှိသူများအပြင် စားသုံးဆီ၊ စက်သုံးဆီ၊ ဆန်နှင့် ပြောင်းလုပ်ငန်းရှင်များလည်း ဖမ်းဆီးစစ်ဆေးခံနေရကြောင်း သတင်းများ ထွက်ပေါ်လျက်ရှိသည်။

ပုလောတွင်မြို့နယ်တွင် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် တစ်ဦး သေဆုံးပြီး ၅ ဦးဒဏ်ရာရ

စက်တင်ဘာ ၉ ရက် မနက်ပိုင်းက လက္ကူကျေးရွာအုပ်စု လက္ကူရွာနှင့် မြဒေါင်ရွာတို့တွင် လက်နက်ကြီးကျည် ၄ လုံး ကျရောက်ပေါက်ကွဲခဲ့သဖြင့် ဒေသခံတစ်ဦးသေဆုံးကာ ၅ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ရွှေပြည်သာမြို့ရှိ နေအိမ်တစ်လုံး ဓားပြတိုက်ခံရမှုဖြစ်ပွား

ယနေ့ စက်တင်ဘာ ၉ ရက်၊ နံနက် ၉ နာရီ ဝန်းကျင်တွင် ရွှေပြည်သာမြို့နယ်၊ ၉ ရပ်ကွက်၊ မြမာလာ ၃ လမ်းရှိ နေအိမ်တစ်လုံး၌ Mask တပ်ထားသည့် အမျိုးသား ၄ ဦးမှ…

ကျိုက်ထိုမြို့တွင် အငြိမ်းစားတပ်အရာရှိ မိသားစုဝင် ၃ ဦး သေနတ်ဖြင့် ပစ်ခတ်ခံရ၍ ဇနီးဖြစ်သူသေဆုံးခဲ့ပြီး သားဖြစ်သူပြင်းထန်ဒဏ်ရာရရှိ

စက်တင်ဘာ ၈ ရက်၊ ညနေပိုင်းက သားဖြစ်သူကို ကျောင်းကြိုပြီးပြန်လာစဉ် ကျိုက်ထိုမြို့၊ တောင်သူစုရပ်ကွက်ရှိ ၎င်းတို့နေအိမ်ရှေ့တွင် ဆိုင်ကယ်နှင့်လာသည့် သေနတ်သမား နှစ်ဦးက သေနတ်ဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ရန်ကုန်-မန္တလေးလမ်း‌ဟောင်းတွင် ကားနှစ်စီးတိုက်မှုဖြစ်ပွား တစ်ဦးသေဆုံး

“မနေ့ကယာဉ်မောင်းတစ်ယောက်တော့ ဆုံးသွားတယ်ဗျ။ နောက်လိုက်ကတော့ သိသိချင်ပဲ လူကြီးတွေကစီစဉ်ပြီး ဆေးရုံပို့ပေးထားပါတယ်ဗျ။ အခြေအနေကတော့ ဘာမှန်းမသိ ရသေးပါဘူး။" ဟု ညောင်လေးပင် မီးသတ်စခန်းမှ တာဝန်ရှိသူတစ်ဦးက ယနေ့ခေတ်ကိုပြောသည်။

ငွေကျပ် ၂သိန်းမချေးသဖြင့် ကလေးတစ်ဦးအပါအဝင် မိသားစုသုံးဦးအား သတ်ဖြတ်ခဲ့ ဟု စစ်ဆေးပေါ်ပေါက်

ပြစ်မှုကျူးလွန်သူ အမျိုးသားသည် သတ်ဖြတ်ခံရသည့် မိသားစုထံမှ ငွေကျပ်နှစ်သိန်း ချေးယူရာ မရသဖြင့် ကလေးငယ်အပါအဝင် မိသားစုဝင် သုံးဦးစလုံးအား ဓါးဖြင့်ခုတ်ကာ လုယက်မှု ကျုးလွန်ခဲ့ခြင်းဟု ရဲတပ်ဖွဲ့၏ ကနဦးစစ်ဆေးချက်အရ သိရသည်။