» သတင်း

စားအုန်းဆီတင်သွင်းသည့်ကုမ္ပဏီများမှ ရန်ကုန်မြို့ရှိ စားသုံးဆီရောင်းချသည့် ဆိုင်အသီးသီးကို စားအုန်းဆီ တိုက်ရိုက်ရောင်းချပေးမည်

စားအုန်းဆီတင်သွင်းရာတွင် ကျသင့်သည့် နိုင်ငံခြားငွေ အမေရိကန်ဒေါ်လာ၏ ၅၀ ရာခိုင်နှုန်းကို တစ်ဒေါ်လာ လျှင် ၂၁၀၀ ကျပ်ဖြင့် ရောင်းချပေးထားပြီး ကျန် ၅၀ ရာခိုင်နှုန်းကိုလည်း ၂၉၂၀ ကျပ်ဖြင့် ရောင်းချပေးထားကြောင်း

ပုဏ္ဏားကျွန်းမြို့နယ် စစ်ဘေးရှောင်စခန်းမှကလေးများ ဝမ်းပျက်ဝမ်းလျော ရောဂါဖြစ် ပွားကာ အကူအညီလိုအပ်နေ

အဆိုပါ စစ်ဘေးရှောင်စခန်းရှိကလေးငယ် ၁၀၀ နီးပါးအထိ ဝမ်းပျက်ဝမ်းလျောရောဂါများ ဖြစ်ပွားနေကြောင်း၊ ဆေးဝါးကုသရန်အတွက် အာဟာရရှိစေမည့် အစားအစာများ အရေးပေါ်အကူအညီလိုအပ်နေကြောင်း သိရသည်။

လက်နက်ကြီးကျည်အား ဆော့ကစားမိ၍ပေါက်ကွဲရာ ကလေး ၃ ဦး ပြင်းထန်ဒဏ်ရာရ

ယမန်နေ့၊ နေ့လည် ၁ နာရီဝန်းကျင်က မန်ကျန်းကျေးရွာအနီး၌ မပေါက်ကွဲသေးသည့် လက်နက်ကြီးကျည် (RPG ထိပ်ဖူး)အား ကလေး ၃ ဦးကတွေ့ရှိ၍ ဆော့ကစားမိရာမှ ပေါက် ကွဲခဲ့ရာ ပြင်းထန်ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။

အုတ်ဖိုမြို့နယ်တွင် ကြံ့ခိုင်ရေးပါတီဝင်တစ်ဦး နေအိမ်၌ပစ်ခတ်ခံရပြီး သေဆုံး

"မနေ့ မနက်က ပစ်သတ်ခံရတာ။ သူက ကြံ့ခိုင်ရေးပါတီ ရပ်/ကျေးစည်းရုံးရေး မှူးပါ။ သူ့အိမ်မှာထိုင်နေတုန်း အမည်မသိသေနတ်သမား ၂ ယောက် သေနတ်နဲ့လာပစ်လို့ နေရာတင် သေသွားတာ။" ဟု ဒေသခံတစ်ဦးကပြောသည်။

ကျုံပျော်မြို့တွင်တစ်ရက်တည်း ဗုံးနှစ်လုံးပေါက်ကွဲပြီး တစ်ဦးဒဏ်ရာရရှိကာ လူငယ် ၁၀ ဦးထက်မနည်း ဖမ်းဆီးခံရ

အဆိုပါ ဗုံးပေါက်ကွဲမှုကြောင့် စည်ပင်သာယာရေးရုံးအနီးရှိနေသည့် လူငယ်တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ဗုံးပေါက်ကွဲသည့်ဖြစ်စဉ်နှင့်ပတ်သည်ဟုဆိုကာ လူငယ် ၁၀ ဦးထက်မ နည်း ဖမ်းဆီးခံရကြောင်း သိရသည်။

ဘီးလင်းရှိ စာသင်ကျောင်းပေါ်သို့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲ

ယမန်နေ့ နံနက်ပိုင်းက ရန်ကုန်-မော်လမြိုင်ကားလမ်းဘေးအနီးရှိ ဘီလင်းမြို့ နယ်၊ ဒေါက်ရပ်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်းအနီးဝန်းကျင်၌ နှစ်ဖက်လက်နက်ကိုင်အ ဖွဲ့များ ပစ်ခတ်မှုဖြစ်ပေါ်ခဲ့ပြီးနောက် စာသင်ကျောင်းပေါ်သို့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။

မကွေးတိုင်းတွင် စာသင်ကျောင်း ၃၁ ကျောင်း ယာယီပိတ်ထားရ

မြစ်ရေဝင်ရောက်မှုကြောင့် ယာယီပိတ်ထားရသည့် အခြေခံပညာကျောင်းမှာ ပွင့်ဖြူ၊ ရေနံချောင်း၊ မင်းဘူးနှင့် စလင်းမြို့နယ်များမှ ကျောင်းများဖြစ်ပြီး ရေနံချောင်းမြို့နယ်မှ ၈ ကျောင်း၊ မင်းဘူးမြို့ နယ်မှ ၂ ကျောင်း၊ ပွင့်ဖြူ မြို့နယ်မှ ၆ ကျောင်း၊ စလင်းမြို့နယ်မှ…

တောင်/မြောက်လမ်းဆုံရှိ တည်ဆဲနဂါးရုံဘုရား ပြိုကျမှုဖြစ်ပွား

"တစ်ယောက်ကတော့ အစောပိုင်းတည်းက ကယ်ထုတ်နိုင်ခဲ့ပါတယ်၊ ထိခိုက်မိတာ အရမ်းကြီးမရှိဘူး။ နောက်တစ်ယောက်ကတော့ ပိမိနေတာနဲ့ သေချာကယ်ဆယ်ခဲ့ရတယ်။ သူ ကတော့ ဦးခေါင်းထိခိုက်မိသွားတယ်" ဟု ဒေသခံပရဟိတအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

တစ်ပတ်အတွင်း ရွှေစျေးအနည်းငယ် ကျဆင်းခဲ့သော်လည်း ယခုရက်ပိုင်းတွင် စျေးပြန် တက်လာ

"ပြီးခဲ့တဲ့သောကြာနေ့က ၃၉ သိန်းကျော်ကနေ ဒီတစ်ပတ် တနင်္လာနေ့ စျေးကွက်ဖွင့်တော့ ၃၇ သိန်း ၇ သောင်းအထိ စျေးပြန်ကျသွားတယ်။ ၂ ရက်ပဲ အဲ့ဒီစျေးလောက်အထိကျ သွားပြီး အခုပြန်တက်လာတယ်။ ဒီနေ့လည်စျေးက ၃၈ သိန်းကျပ်ပါ” ဟု…

အမေရိကန်သမ္မတသမိုင်းတွင် ဖမ်းဆီးထိန်းသိမ်းခံရသော ပထမဆုံးသမ္မတဖြစ်လာသည့် ဒေါ်နယ်ထရမ့်

ဒေါ်နယ်ထရမ့်သည့် ဖမ်းဆီးထိန်းသိမ်းခံရမည်ဖြစ်သော်လည်း အာမခံငွေကြေး ဒေါ်လာ ၂၀၀,၀၀၀ နှင့် ပြိုင်ဘက်များကို ဝေဖန်တိုက်ခိုက်ရန်အတွက် လူမူကွန်ရက်ကို အသုံးမပြုရ ဆိုသည့် သဘောတူညီချက်များကြောင့် ပြန်လည်လွတ်မြောက်လာခဲ့ခြင်းဖြစ်ကြောင်း အမေရိကန်အခြေစိုက် မီဒီယာများက ဖော်ပြထားသည်။