» သတင်း

ကြံခင်းမြို့နယ်တွင် အမျိုးသမီး ၆ ဦးအပါအဝင် ရိုဟင်ဂျာ ၂၇ ဦးဖမ်းဆီးခံရ

ဩဂုတ် ၂၃ ရက်၊ နံနက်ပိုင်းက ကြံခင်းမြို့နယ်၊ ဇီးပင်ကွင်းအုပ်စု၊ တောင်အုတ်ပုံရွာအနီး အုတ်ပုံ ပူးပေါင်းစစ်ဆေးရေးဂိတ်တွင် လုံခြုံရေးများက စစ်ဆေးမှုလုပ်ဆောင်ရာတွင် ဖော ကားတစ်စီးပေါ်တွင် လိုက်ပါလာသည့် ရိုဟင်ဂျာ ၂၇ ဦးကို ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ခလယ်လွီထူ(ညောင်လေးပင်)ခရိုင်၌ သုံးပတ်အတွင်း နေအိမ်တစ်ရာကျော် မီးရှို့ဖျက်ဆီး ခံခဲ့ရ

ယင်းနောက် နံဇကျေးရွာအနီး၌ နစကနှင့် KNLA တပ်ရင်း(၉)လက်အောက်ခံ ပူးပေါင်းတပ်များအကြား တစ်နာရီကျော်ကြာ တိုက်ပွဲထပ်မံဖြစ်ပွားခဲ့ကြကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

မီးဖွားခါနီး ကိုယ်ဝန်ဆောင်သည်အား လုယက်သတ်ဖြတ်ခဲ့သူ ၇ ဦးအား ပုဒ်မ ၃ ခုဖြင့် အရေးယူမည်ဟု မုံရွာပအဖဆို

ထိုသို့ ဗီဒီယိုဖိုင်အား လူမှုကွန်ရက်တွင် တိုက်ရိုက်ထုတ်လွှင့်ပြောကြားပြီးချိန်မှစ၍ အဆိုပါအဖွဲ့မှ ထပ်မံပြောကြားခြင်း မရှိတော့ဘဲ ယမန်နေ့တွင်မှ မုံရွာပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ဆိုသည့် လူမှုကွန်ရက်စာမျက်နှာမှ ဓါးပြတိုက်သူများကို အရေးယူမည်ဟု သတင်းထုတ်ပြန်ခြင်းဟု သိရသည်။

မန္တလေး၌ မျက်စိမျက်မှန် ကျွမ်းကျင်သူနှင့် မိသားစုဝင်နှစ်ဦး ဖမ်းဆီးကာ ဆေးခန်းကို ချိတ်ပိတ်

ဖမ်းဆီးခံရသည့် မိသားစုဝင်အချို့မှာ PDF အဖွဲ့များအား ငွေကြေးထောက်ပံ့မှုများပြုလုပ်နေ၍ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေနှင့် ငြိစွန်းနေသောကြောင့် ဖမ်းဆီးကာ နေအိမ် ချိတ်ပိတ်ရခြင်းဖြစ်ကြောင်း လုံခြုံရေးအဖွဲ့နှင့် နီးစပ်သူများက တယ်လီဂရန်တွင်ရေးသားထားသော်လည်း ယနေ့ခေတ်အနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်းတော့မရှိပေ။

အဆိုတော် ဗျူဟာကို ယနေ့နံနက်တွင် ထောင်ဒဏ်အနှစ် ၂၀ ချမှတ်

အဆိုတော်ဗျူဟာသည် မေ ၂၃ ရက်၊ ညပိုင်းက လျှပ်စစ်မီးမမှန်သည့်ကိစ္စနှင့် ပတ်သက်ပြီး လူမှုကွန်ရက်စာမျက်နှာပေါ်၌ Live လွှင့်ကာ ဝေဖန်ထောက်ပြ ပြောဆိုခဲ့ပြီးနောက် နေ အိမ်၌ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။

ဆန်ကြမ်းတစ်အိတ် တစ်သိန်းနီးပါးအထိ ဈေးတက်

ဆန်ဈေးကွက်အတွင်း၌ ဧည့်မထဆန်တစ်အိတ်လျှင် လက်ကားဈေး ခုနှစ်သောင်းဝန်းကျင်ရှိပြီး လက်လီဈေးနှုန်းမှာ တစ်အိတ်လျှင် ကျပ်ရှစ်သောင်းကျော်၊ ကိုးသောင်းဝန်းကျင် အထိ ရောင်းချလာကြကြောင်း ဝယ်ယူစားသုံးသူများထံမှ သိရသည်။

ကာမိုင်းနှင့် နန့်ယားကြား တိုက်ပွဲများပြင်းထန်နေပြီး ဖားကန့်အဝင်အထွက် ပိတ်ထား ဟုဆို

ယနေ့ နံနက် ၉ နာရီဝန်းကျင်တွင် တိုက်ပွဲများဆက်လက်ပြင်းထန်နေသဖြင့် ဖားကန့်သို့သွားသည့် လမ်းပိုင်းများအား ယာယီပိတ်ထားမည်ဖြစ်ကြောင်း သတင်းများထွက်ပေါ်ခဲ့ သော်လည်း ကြေညာစာ တစ်စောင်မျှထွက်ရှိထားခြင်းမရှိသေးကြောင်း ဒေသခံများက ဆိုသည်။

ဂျပန်နိုင်ငံက ဖောက်လုပ်ပေးနေသည့် ရန်ကုန်-မန္တလေးရထားလမ်းပိုင်း မိုင်းခွဲ ဖျက်ဆီးခံရ

"မနေ့ မနက်ပိုင်းက မိုင်းခွဲဖျက်ဆီးခံရတာ။ ပဲနွယ်ကုန်းမြို့နဲ့ တောကျွဲအင်းအကြား JICA ရန်ပုံငွေနဲ့ဖောက်လုပ်တည်ဆောက်ဆဲ ရန်ကုန်-မန္တလေး မြန်မာ့မီးရထားလမ်းသစ်ဖြစ်ပါ တယ်။ ပျက်စီးမှုတွေရှိခဲ့တယ်။" ဟုတာဝန်ရှိသူများနှင့်နီးစပ်သည့် ဒေသခံတစ်ဦးကပြောသည်။

ကျောက်တံခါး၌ လယ်ကွင်းထဲ Drop Bomb တစ်လုံး ကျရောက်ပေါက်ကွဲ တစ်ဦးသေ ဆုံး တစ်ဦးဒဏ်ရာ

"ဒဏ်ရာရတဲ့သူက ငါးရှာနေတာ။ သေဆုံးသူလယ်ပိုင်ရှင်က မြေဩဇာကြဲနေတာ။ အဲ့ဒီအချိန် လက်နက်ကြီးပစ်သံတွေကြားရလို့ နှစ်ယောက်စလုံး လယ်ထဲကအိမ်မှာ ရှောင်တိမ်းဖို့ လုပ်နေရင်း ကောင်းကင်ပေါ်က ဗုံးပြုတ်ကျပြီး ပေါက်ကွဲသွားတာ“ ဟု ဖြစ်စဉ်အားသိရှိသူ ဒေသခံတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။

ခင်ဦးတွင် စစ်ဘေးရှောင် အမျိုးသားတစ်ဦးအမောဖောက် သေဆုံး

ခင်ဦးမြို့နယ် အနောက်တောင်ခြမ်းမှ အမှတ် ၂ တိုက်နယ်အတွင်း လက်နက်ကြီးများဖြင့် ပစ်ခတ်ခံရ၍ ကျေးရွာ ၁၀ ရွာမှ စစ်ဘေးရှောင် တစ်သောင်းဝန်းကျင် မိုးထဲရေထဲ ထွက် ပြေးတိမ်းရှောင်နေရကြောင်း ဒေသတွင်းစစ်ဘေးရှောင် ကူညီစောင့်ရှောင်ရေးအဖွဲ့များထံမှ သိရသည်။