» သတင်း

ပုသိမ်-ရန်ကုန်ကားလမ်းဘေးမှ နေအိမ်နှင့်ဆိုင်ခန်း ၂၀၀ ကျော် ရုတ်တရက်ဖယ်ရှားခိုင်း

လမ်းနယ်နမိတ်နှင့်မလွတ်သည့်အတွက် ကားလမ်းမအနီးမှ လမ်းနယ်နမိတ်ပေ ၅၀ အကွာရှိ နေအိမ်နှင့် ဆိုင်ခန်းအဆောက်အဦး ၂၀၀ ကျော်ကို သြဂုတ် ၂၅ ရက်နောက်ဆုံးထားပြီး ဖျက်သိမ်းပေးရန် မြို့နယ်ထွေအုပ်နှင့် လမ်းတံတားဦးစီးဌာနမှ ဒေသခံများထံ အကြောင်းကြားလာခြင်းဖြစ်ကြောင်း သိရသည်။

ပွင့်ဖြူမြို့နယ်တွင် ဧရာဝတီမြစ်ရေ ဝင်ရောက်မှုကြောင့် စာသင်ကျောင်း ၆ ကျောင်း ယာယီပိတ်ထားရ

"သက်ဆိုင်ရာဌာနအသီးသီးက ညွန်ကြားချက်နဲ့ပိတ်တာပါတဲ့ ။ ပထမတော့ စာသင်လို့ရနေသေးတော့ သင်နေတာပါ။ ရေက အဆမတန်ထိုးတက်လာလို့ အခုလိုပိတ်လိုက်တာပါ" ဟု ပညာရေးအသိုင်းအဝိုင်းမှ တာဝန်ရှိသူတစ်ဦးကပြောသည်။

ရေး-ထားဝယ်ကားလမ်းပေါ်ရှိ တံတားတစ်စင်းပြိုကျ၍ ယာဉ်များသွားလာရ ခက်ခဲနေ

ယမန်နေ့ ညနေပိုင်းက ရေဖြူမြို့နယ်၊ မလွှဲတောင်လမ်းပိုင်း၊ ကလိန်အောင်မြို့ ၊ ကော့လှိုင်ရွာအနီးရှိ တံတားမှာ မိုးရေကြောင့် ရေတိုက်စားပြီး ပြိုကျခဲ့ကြောင်း သိရသည်။ တံတား ပြိုကျမှုကြောင့် ယနေ့နံနက်ပိုင်းအထိ ယာဉ်များသွားလာ၍ မရသေးပဲ လမ်းပိတ်ဆို့နေကြောင်း သိရသည်။

ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင် မိခင်နိုင်ငံကိုပြန်ရောက်

သက်ဆင်သည်၂၀၀၆ ခုနှစ်၊ စက်တက်ဘာ ၁၉ ရက်နေ့တွင် စစ်အာဏာအသိမ်းခံရပြီး အကျင့်ပျက်လာဘ်စားမှုများဖြင့် စွဲချက်တင်ခံရကာ ပြစ်ဒဏ်မခံလိုသည့်အတွက်၂၀၀၈ ခုနှစ် တွင် ပြည်ပကိုထွက်ပြေးခဲ့ကြောင်း သိရသည်။

ကျိုက်မရော၌ အမျိုးသားတစ်ဦး သေနတ်ဖြင့်ပစ်ခတ်ခံရ

ပစ်ခတ်ခံရသော အမျိုးသားမှာ အသက် ၄၅ နှစ်အရွယ်ရှိ ဦးဇော်မင်းဟုသိရပြီး ဘယ်ဘက်လက်ဖျံအောက် ဖောက်ဝင်ဒဏ်ရာတစ်ချက်၊ ဘယ်ဘက်ဇက်ပိုးအနီး ဖောက်ဝင်ဒဏ်ရာ တစ်ချက်ရရှိခဲ့သဖြင့် မော်လမြိုင်ပြည်သူ့ဆေးရုံကြီးတွင် ဆေးကုသမှုခံယူလျက်ရှိသည်။

လှိုင်ယာဉ်ရောင်းဝယ်ရေးစခန်းတွင် ကားများညအိပ်ရပ်နားခွင့် မပြုသည့်အတွက် ယာဉ်ကြောပိတ်ဆို့ မှုများရှိနေ ဟုဆို

“မနက်ဆို ကားတွေက ဝင်းထဲကိုလာထိုးကြတယ်။ ကားတွေအများကြီးဆိုတော့ အင်းစိန်လမ်းမကြီးကဝင်လာရင် ဈေးရှိတယ်။ အဲဒီမှာ ပိတ်‌တော့တာဘဲ။ နောက်တခြားလမ်းဘက် ကဝင်လာတော့ ကျောင်းရှိတယ်။ ညနေပြန်ထွက်ရင်လည်း ပိတ်တယ်။ ရပ်ကွက်ထဲသွားရပ်ဖို့လဲ နေရာမရှိဘူး” ဟု ၎င်းကပြောသည်။

တစ်လနီးပါး အတက်ဘက်တွင်ရှိနေသည့်ရွှေဈေး တစ်သိန်းဝန်းကျင်ပြန်ကျ

"ဩဂုတ်လ အစပိုင်းရက်က ၃၅ သိန်းကနေ နေ့တိုင်းကိုစျေးတက်နေတာ။ မနေ့ကဆို ၃၉ သိန်းကျော်၊ သိန်း ၄၀ လောက်အထိရောက်လာပြီး ဒီနေ့လည်တော့ ၃၇ သိန်းကျော် ၃၈ သိန်းဝန်းကျင်နဲ့ အရောင်းအဝယ်လုပ်နေကြတယ်။ ကျပ်တစ်သိန်းကျော်လောက် စျေးကျတယ်“ ဟု…

ပြည်တွင်းတွင် မဖြစ်မနေသုံးစွဲရမည့် သွင်းကုန်ပစ္စည်းများကို ပင်လယ်ရေကြောင်းမှ ပြောင်းလဲတင်သွင်းခွင့်ပြုမည်

"ပို့ကုန်သမားတွေအတွက်က အခြားဂိတ်တွေက ပြောင်းပြီးပို့ဖို့ကို ခွင့်ပြုပေးပြီးသား။ သွင်းကုန်အတွက်ကတော့ အခုရေကြောင်းဘက်က ပြောင်းပို့နိုင်တယ်ဆိုပြီး ဖြစ်လာတာ။ ဒါတောင် သွင်းကုန်အားလုံးကို ခွင့်ပြုပေးထားတာမဟုတ်ဘူး။ အကန့်အသတ်နဲ့ ခွင့်ပြုပေးတာ" ဟု သွင်းကုန်လုပ်ငန်းရှင်တစ်ဦးက ပြောသည်။

တနင်္သာရီမြို့နယ်၌ ပစ်ခတ်ခံရ၍ တစ်ညတည်း ဒေသခံ ၂ ဦးသေဆုံး

"သေဆုံးသူအမျိုးသမီးက ထုံးနွယ် အ.မ.က ကျောင်းရဲ့ အထွေထွေအလုပ်သမား ဝန်ထမ်းတစ်ဦးဖြစ်ပြီးတော့ နောက်ထပ်သေဆုံးသူ အမျိုးသားကတော့ သာမာန်အရောင်းအဝယ် လုပ်နေတဲ့သူလို့ သိရတယ်“ ဟု ဒေသခံတစ်ဦးက ပြောသည်။

မြန်မာသံအမတ်ဟောင်းကို သံတမန်နယ်မြေ ပိုက်နက်ကျူးလွန်မှုဖြင့် ဗြိတိန်ရဲတပ်ဖွဲ စုံစမ်းစစ်ဆေးနေ

ထိုစဉ်က ဦးကျော်စွာမင်း၏ လုပ်ဆောင်မှုများကို ဗြိတိန်အစိုးရက ချီးကျူးထောက်ခံမှုများ ပြုလုပ်ခဲ့သော်လည်း နစကမှ ဗြိတိန်အစိုးရကို ဖိအားပေးမှုများပြုလုပ်ခဲ့ပြီး သံတမန် နေအိမ်မှ ထွက်ခွာရန် ယမန်နှစ်က တိုက်တွန်းမှုများ စတင်ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း ရိုက်တာသတင်းဌာနမှ ဖော်ပြထားသည်။