» သတင်း

ခြောက်လထက်ကျော်လွန်၍ ဒေါ်လာကိုင်ဆောင်ထားပါက အရေးယူမည်ဟု ဗဟိုဘဏ် သတိပေး

ထို့ကြောင့် အများပြည်သူများအနေဖြင့် ခွင့်ပြုချက် သို့မဟုတ် လိုင်စင်မရှိဘဲ နိုင်ငံခြားငွေများ လက်ဝယ်ကိုင်ဆောင်ထားသည်ကိုတွေ့ရှိပါက နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှု ဥပဒေအရ အရေးယူမည်ဟု ဗဟိုဘဏ်က သတိပေးချက်ထုတ်ပြန်ထားသည်။

အာရှလမ်းသစ်တွင် ကားသေးများနှင့် ဆိုင်ကယ်များအား အချိန်ပိုင်းသွားလာခွင့်ပြုနေ

"နေ့လည်ထမင်းစားနားချိန်နဲ့ ညနေအလုပ်သိမ်းချိန် ဆိုင်ကယ်တွေနဲ့ ကားသေးတွေပေးဖြတ်နေပြီ။ တစ်ရက်၂ ကြိမ်ပေးဖြတ်တယ်။ တစ်ကြိမ်ကို တစ်နာရီလောက်ကြာအောင် ပေး ဖြတ်တယ်" ဟု ဒေသခံတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။

မိန်းမလှကျွန်းနှင့် အနီးဝန်းကျင်ကျေးရွာများမှ ပြည်သူများ ယခုကာလတွင် မိကျောင်းအန္တရာယ် သတိပြုရန်လိုအပ် ဟုဆို

“မိကျောင်းအန္တရာယ် သတိပေးချက်ဆိုင်းဘုတ်တွေကို နေရာတော်တော်များများမှာ စိုက်ထူထားတာတွေ့တယ်။ တချို့ကလည်း မိကျောင်းအန္တရာယ်ကို တော်တော်လေးကြောက် နေတယ်။ ကျွန်မတို့လည်း မသွားရဲမလာရဲဖြစ်နေတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းကလည်း မိကျောင်းအကိုက်ခံရလို့ အမျိုးသားတစ်ဦးသေဆုံးသွားတယ်။”

တောင်းရမ်းစားသောက်နေသူတစ်ဦး ကားတိုက်ခံရ၍ သေဆုံး

"ဖင်တရွတ်ဆွဲပြီး တောင်းစားနေတယ်ဆိုတာ ပတ်ဝန်းကျင်ကပြောပြတာပါ။ သေဆုံးသူက ဘယ်သူမှန်း ဘယ်မှာနေမှန်းတော့ မသိရသေးပါဘူး။ တိုက်သွားတဲ့ကားကတော့ မောင်း ပြေးသွားတယ်" ဟု ဒေသခံတစ်ဦးက ပြောသည်။

အာရှလမ်းပေါ်၌ ခရီးသည်တင်ယာဥ် ပစ်ခတ်ခံရ၍ သုံးဦးဒဏ်ရာရ

ယနေ့ သြဂုတ် ၂၀ ရက်၊ နံနက် ၉ နာရီခွဲ ဝန်းကျင်ခန့်က အာရှလမ်းပေါ်၊ သင်္ကန်းညီနောင်အပိုင်၊ တောင်ပေါ်လမ်း၊ ကွမ်းခြံကုန်းအနီး၌ မြဝတီဘက်မှ ကော့ကရိတ်မြို့သို့ မောင်းနှင် လာသည့် ခရီးသည်တင် အံစာတုံးကား(Hiace) ပစ်ခတ်ခံခဲ့ရကြောင်း သိရသည်။

ငါးသိုင်းချောင်းမြို့၌ အမျိုးသားနှစ်ဦးကို လက်နက်များနှင့်အတူ ဖမ်းမိ

ယမန်နေ့ သြဂုတ် ၁၉ ရက်က ငါးသိုင်းချောင်းမြို့၊ ရှေ့ဆောင်ရပ်ကွက်၊ သီရီရတနာတည်းခိုခန်း၌ လာရောက်တည်းခိုနေသည့် အသက် ၃၀ ကျော်အရွယ် အမျိုးသားနှစ်ဦးနှင့်အတူ လက်နက်များကို စစ်ဆေးတွေ့ရှိပြီး ဖမ်းဆီးခံခဲ့ခြင်းဖြစ်ကြာင်း သိရသည်။

မင်းပြားမြို့နယ်တွင် မြစ်ကမ်းပါးပြိုကျ ဆိပ်ခံတား ရေထဲမျောပါ

ကမ်းပါးပြိုကျသည့်အတွက် ဆိပ်ခံတံတားနှင့် ယာယီတည်ဆောက်ထားသည့်တံတားများ ရေထဲမျောပါပျက်စီးခဲ့ပြီး လူနေအိမ်ရာချီရှိသည့် ခြံစည်းရိုးအနီးအထိ ကမ်းပါးပြိုကျလာ ကြောင်း သိရသည်။

ကရင်နီစစ်ရှောင်စခန်းများ၌ ဆန်အရေးပေါ်လိုအပ်နေ

ကရင်နီပြည်စစ်ဘေးရှောင်စခန်း တော်တော်များများ၌ ဆန်ပြတ်လပ်လျက်ရှိပြီး စခန်းလေးခုတွင် အရေးပေါ် လိုအပ်နေကြောင်းနှင့် အလှူရှင်များအနေဖြင့် လှူဒါန်းပေးကြပါရန် ကရင်နီစစ်ဘေးရှောင် ကူညီစောင့်ရှောက်ရေးအဖွဲ့များမှ မေတ္တာရပ်ခံထားသည်။

စားအုန်းဆီပြတ်နေ၍ ဈေးအဆမတန်မြင့်တက်နေ

စားအုန်းဆီဈေးမှာ ပြင်ပလက်လီဈေးကွက်၌ တစ်ပိဿာ တစ်သောင်း နှစ်ထောင်၊ တစ်သောင်း သုံးထောင်ကျပ်အထိရောင်းချနေကြပြီး ထိုသို့ဈေးမြင့်တက်နေခြင်းမှာ အဆင့်ဆင့် ဝယ်ယူရသည့် လက်ကားဈေးများကြောင့်ဖြစ်ကြောင်း ဆီကုန်သည်များထံမှ သိရသည်။

မန္တလေး၌ လဝကရုံးအား လက်ပစ်ဗုံးဖြင့်ပစ်ပေါက်ရာ ရုံးအနီး၌ ကျရောက်ပေါက်ကွဲ၍ ၇ ဦးဒဏ်ရာရ

ယမန်နေ့၊ နေ့လည် ၃ နာရီခန့်က မန္တလေးမြို့၊ ချမ်းမြသာစည် (တောင်) ရပ်ကွက်ရှိ ချမ်းမြသာစည်မြို့နယ် လဝကရုံးရှေ့သို့ ဆိုင်ကယ်တစ်စီးဖြင့် အမည်မသိ အမျိုးသားနှစ်ဦးရောက် ရှိလာပြီး လက်ပစ်ဗုံးတစ်လုံးပစ်ပေါက်၍ ထွက်ပြေးသွားကြောင်း သိရသည်။