» သတင်း

ဝန်ကြီးချုပ်အသစ်ရွေးချယ်ပွဲတွင် ဖြူထိုင်းပါတီ၏ ဝန်ကြီးချုပ်လောင်းကို ထောက်ခံမဲ ပေးမည်မဟုတ်ကြောင်း ရှေ့သို့ချီပါတီ ထုတ်ဖော်ပြောဆို

ရှေ့သို့ချီပါတီနှင့် ဖြူထိုင်းပါတီတို့သည် ယခင်က ၈ ပါတီညွှန်ပေါင်းအဖွဲ့တွင် ဦးဆောင်ပါတီများအဖြစ် ပူးပေါင်းပါဝင်ခဲ့သော်လည်း ဖြူထိုင်းပါတီ နုတ်ထွက်ခဲ့ပြီးနောက် ပါတီနှစ်ခု ကြားဆက်ဆံရေး အေးစက်ခဲ့ကြောင်း သိရသည်။

ယင်းမာပင်မြို့နယ်၌ လက်နက်ကြီးကျည်သင့်၍ ကလေးတစ်ဦး သေဆုံး

သြဂုတ် ၁၅ ရက်၊ မွန်းလွဲ ၂ နာရီခန့်တွင် ယင်းမာပင်မြို့နယ်၊ ပေကုန်းကျေးရွာ၌ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့ပြီး အသက် ၉ နှစ်အရွယ်ကလေးတစ်ဦး သေဆုံးခဲ့ပြီး ပြည်သူငါးဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ရခိုင်အမျိုးသမီးများကွန်ရက်ဥက္ကဌ ဒေါ်ညိုအေး ဖမ်းဆီးခံရ ဟုဆို

ဒေါ်ညိုအေးဖမ်းဆီးခံရသည်မှာ မှန်ကန်ကြောင်းနှင့် ဩဂုတ်လ ၁၃ ရက်က စစ်တွေမြို့တစ်နေရာ၌ ပြုလုပ်ခဲ့သည့် ဆန်ပြဿနာနေ့အခမ်းအနားတွင် ပါဝင်ခဲ့သဖြင့် ဖမ်းဆီးခံရခြင်း ဖြစ်နိုင်ကြောင်း သမီးဖြစ်သူက ဒေသခံသတင်းဌာနများသို့ ပြောကြားသည်။

ကရင်နီစစ်ရှောင်များအား ပြောင်းရွှေ့ပေးခဲ့သည့် ထိုင်းနိုင်ငံသား ၃ ဦးကို လူမှောင်ခိုမှုဖြင့် အာဏာပိုင်များက ဖမ်းဆီး

ဩဂုတ်လ ၁၀ ရက်၊ ညနေပိုင်းက ဖမ်းဆီးခံခဲ့ရသည့် ထိုင်းနိုင်ငံသား ၃ ဦးသည် ပစ်ကပ်ထရပ်ကားနှစ်စီးဖြင့် မယ်ဟောင်ဆောင်စခန်းမှ ကလေးငယ် ၄ ဦးနှင့် အရွယ်ရောက်ပြီးသူ ၆ ဦးတို့ကို ကားနောက်ခန်းတွင် အမိုးအကာများဖြင့်ဖုံးအုပ်ကာ တင်ဆောင်လာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မြဝတီမြို့၌ ကျောင်းဝင်းအတွင်း တရားထိုင်နေသည့် အမျိုးသားတစ်ဦး လုယက် သတ်ဖြတ်ခံရ

ယနေ့ သြဂုတ် ၁၅ ရက် နံနက်ပိုင်းက ဘုန်းတော်ကြီးကျောင်းအတွင်း တရားထိုင်နေသည့်အချိန် ရိုက်နှက်ခံရပြီးဖုန်းနှင့် ပိုက်ဆံအိတ် လုယက်ယူဆောင် သတ်ဖြတ်သွားခြင်းဖြစ် ကြောင်း သိရသည်။

မောင်တောမြို့၌ ရိုဟင်ဂျာအမျိုးသမီးနှစ်ဦးအပါအဝင် ရိုဟင်ဂျာ ၂၈ ဦး ဖမ်းဆီးခံရ

အဆိုပါ ရိုဟင်ဂျာ ၂၈ ဦးကို သြဂုတ် ၁၄ ရက်က ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံမှတစ်ဆင့် နယ်စပ်ဖြတ်ကျော်ဝင်ရောက်လာစဉ် သတင်းအရနယ်ခြားစောင့်တပ်ဖွဲ့က စောင့်ဆိုင်းဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အိန္ဒိယတွင် ရေကြီးမြေပြိုမှုများကြောင့် သေဆုံးသူ ၆၅ ဦးအထိ မြင့်တက်လာကြောင်း အိန္ဒိယအစိုးရ ထုတ်ဖော်ပြောဆို

သြဂုတ် ၁၃ ရက်နေ့ကတည်းက ရေကြီးမြေပြိုမှုကြောင့် Himachal Pradesh ပြည်နယ်တွင် အနည်းဆုံး ၅၂ ဦးသေဆုံးခဲ့ပြီး ရေကြီးမှုကြောင့် လူထောင်ချီ ပိတ်မိနေခဲ့ကြောင်း သိရသည်။

ရခိုင်ပြည်နယ်၌ ရေဘေးကြောင့် ၆ ဦးသေဆုံးပြီး နေအိမ်သောင်းချီ ရေနစ်မြုပ်ခဲ့ရ

ပြီးခဲ့သည့် သြဂုတ်လ ပထမအပတ်က စတင်ဖြစ်ပွားခဲ့သည့် ရေကြီးမှု သဘာဝဘေးဒဏ်ကြောင့် ဘူးသီးတောင်၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မင်းပြား၊ မြောက်ဦး၊ တောင်ကုတ် စသည့်မြို့နယ်များမှ လူနေအိမ်များ သောင်းချီရေနစ်မြုပ်ခဲ့ပြီး လူ ၆ ဦးအထိ သေဆုံးခဲ့ရကြောင်း…

ပြင်ပစျေးကွက်၌ အခေါက်ရွှေတစ်ကျပ်သား ၃၇ သိန်းကျော်သို့ ရောက်ရှိ

ပြင်ပရွှေစျေးကွက်၌ ဩဂုတ် ၁၂ ရက်၊ ညနေက အခေါက်ရွှေတစ်ကျပ်သား လျှင် ၃၆ သိန်း ၉ သောင်းကျပ်ဝန်းကျင်ဖြင့် ယခုနှစ်အတွင်း အမြင့်ဆုံးစျေးနှုန်းသို့ ရောက်ရှိခဲ့ပြီးနောက် ယနေ့ရွှေစျေးကွက်ဖွင့်ချိန်တွင် အဆိုပါစျေးထက်ကျော်လွန်ကာ ၃၇ သိန်းအထက်သို့ ရောက်ရှိလာခြင်းဟု ရန်ကုန်မြို့၌…

ဒေါနလမ်းဟောင်း ဖြတ်အသုံးပြုခွင့် ပိတ်မည်ဟု သတင်းများထွက်ပေါ်

မြဝတီ-ကော့ကရိတ်သွား အာရှလမ်းမကြီးမှာ ရာသီဥတုကြောင့် မြေပြိုမှုများ၊ လမ်းပြိုကျပျက်စီးမှုများဖြစ်ပေါ်ခဲ့ပြီး သွားလာရေးခက်ခဲခဲ့၍ လမ်းဟောင်းအားအသုံးပြုကာ သွား နေရခြင်းဖြစ်ကြောင်း သိရသည်။