» သတင်း

ကရင်နီ၌ စစ်ရှောင်သုံးသိန်းခွဲထိတိုးလာ၍ စားနပ်ရိက္ခာအခက်အခဲ ကြီးမားနေ ဟုဆို

တိုက်ပွဲပြင်းထန်လာခဲ့ပြီး စစ်ဘေးရှောင်ဦးရေ များလာသည်နှင့်အမျှ ရိက္ခာပြတ်လပ်မှုပြဿနာမှာလည်း ဆိုးရွားလာခဲ့ပြီး ဒီမော့ဆိုဘက်ခြမ်းထိ ရိက္ခာသယ်ယူခွင့် ပိတ်ထားသဖြင့် လက်ရှိတွင် ကုန်ဈေးနှုန်းများ မြင့်တက်လျက် ရှိနေကြောင်း သိရသည်။

ကန့်ဘလူ၌ ငါးလောင်းပြိုင် လူသတ်မှုဖြစ်

ဖြစ်စဉ်တွင် နေအိမ်မှပစ္စည်းများ ပျောက်ဆုံးခြင်းမရှိဘဲ သေဆုံးသူများတွင် ကျန်းမာရေးဝန်ထမ်းနှစ်ဦး ပါဝင်ကြောင်းသိရပြီး ဒေသတွင်းလက်နက်ကိုင်အဖွဲ့များက သတ်ဖြတ်သည် ဟု ပြောဆိုမှုများရှိနေသော်လည်း ယနေ့ခေတ်အနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်းတော့ မရှိသေးပေ။

ရန်ကင်းပညာရေးကောလိပ်၌ အမိုးနီးယားဓါတ်ငွေ့ ယိုစိမ့်မှုဖြစ်

ဓါတ်ငွေယိုစိမ့်မှု ဖြစ်ပွားသည့် တိုင်ကီအား သဲတစ်ကျင်းစာခန့်အသုံးပြု၍ မီးသတ်တပ်ဖွဲမှ ဖုံးပိတ်ခဲ့ပြီး ပရဟိတအသင်းများကလည်း အောက်စီဂျင်ကူညီနိုင်ရန် အသင့်အနေအ ထားဖြင့် ဆောင်ရွက်ပေးခဲ့ကြောင်း ၎င်းကဆက်လက်ပြောပြသည်။

မြန်မာနိုင်ငံတွင် နိုင်ငံရေးအပြောင်းအလဲ ဖြစ်ပွားခဲ့ပြီးနောက်ပိုင်း အလုပ်အကိုင်ရပ်စဲမှု ၂၃ ဒသမ ၅ ရာခိုင်နှုန်းမြင့်တက်လာခဲ့ကာ အလုပ်မှနုတ်ထွက်မှု ၂၂ ရာခိုင်နှုန်းအထိရှိခဲ့ ကြောင်း ILO အဖွဲ့ ဆို

၂၀၂၀ ခုနှစ်၊ မတ်လ ၁ ရက်နှင့် ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၈ ရက်အကြား၊ ဆန္ဒအရဖြစ်စေ၊ ဆန္ဒမပါပဲနှင့်ဖြစ်စေ အလုပ်မှယာယီရပ်စဲခံရသူများထဲတွင် အလုပ်အကိုင်ရပ်စဲမှုပေါင်း ၏ ၇၀ ရာခိုင်နှုန်းသည် ဆန္ဒအလျောက် အလုပ်မှနှုတ်ထွက်ခြင်းဖြစ်ပြီး၊ ၂၈…

ရခိုင်၌ ရေဘေးကြောင့် လယ်ယာမြေဧက သောင်းချီ ပျက်စီး

ဩဂုတ်လ ၁ ရက်မှ ၈ ရက်အထိ မိုးသည်းထန်စွာ ရွာသွန်းခြင်းနှင့် မြစ်ရေ၊ ချောင်းရေများ မြင့်တက်ခြင်းများကြောင့် ကျောက်တော်၊ မြောက်ဦးနှင့် မင်းပြားမြို့အပါအဝင် ရခိုင် ပြည်နယ်အတွင်းရှိ မြို့နယ်အများစု၌ စိုက်ပျိုးထားသည့် လယ်ယာမြေဧက အများအပြား ရေလွှမ်းမိုးမှုဒဏ်ကိုခံခဲ့ကြောင်း…

ဧရာဝတီတိုင်းတွင် စက်သုံးဆီအရောင်းဆိုင်အများစု ဆီပြတ်လပ်နေ

စက်သုံးဆီဝယ်ယူရန် အခက်အခဲရှိနေခြင်းကြောင့် စပါးစိုက်ပျိုးရေးလုပ်ငန်း၊ ရေယာဉ်လုပ်ငန်း၊ ဆိုင်ကယ်ကယ်ရီလုပ်ငန်း၊ မော်တော်ယာဉ်လုပ်ငန်း၊ အခြားအသေးစားလုပ်ငန်းများ နှင့် ပရဟိတလုပ်ငန်းများ စသည့်စက်သုံးဆီနှင့်ဆက်စပ်သည့်လုပ်ငန်းများ အခက်အခဲရှိလာကြောင်း ဒေသခံများထံမှ သိရသည်။

မဲဆောက်နယ်စပ်ဂိတ်ကိုဖြတ်သန်းပြီး ပြုလုပ်သော ထိုင်းနှင့်မြန်မာနယ်စပ်ကုန်သွယ်ရေး ၃၀ ရာခိုင်နှုန်းနီးပါး ကျဆင်း

မြန်မာနိုင်ငံ၏ ငွေကြေးဖောင်းပွမှုနှုန်းသည် နှစ်ဆကျော်မြင့်တက်ခဲ့ပြီး ယခင်က ထိုင်းဘတ်တစ်ဘတ်ကို မြန်မာကျပ်ငွေ ၄၀ သာရှိခဲ့သော်လည်း လက်ရှိအချိန်တွင် ထိုင်းဘတ်တစ် ဘတ်ကို မြန်မာကျပ်ငွေ ၉၀ ကျပ်အထိ မြင့်တက်လာခဲ့ရာ နယ်စပ်ကုန်သွယ်ရေးကို ထိခိုက်စေခဲ့ကြောင်း ၎င်းကပြောသည်။

MAI မြန်မာလေကြောင်းလိုင်းက လာမည့်လမှစတင်ပြီး ရုရှားနှင့် မြန်မာကြား တိုက် ရိုက်ပျံသန်းဖွယ်ရှိ

MAI မြန်မာလေကြောင်းလိုင်းသည် အဆိုပါခရီးစဉ်ကို စက်တင်ဘာ ၅ ရက်နေ့ မှစတင်ပြီး သီတင်းပတ်တစ်ပတ်လျှင် နှစ်ကြိမ် ပျံသန်းပြေးဆွဲဖွယ်ရှိနေပြီး အင်္ဂါနှင့် စနေနေ့တိုင်း ပြေးဆွဲပေးဖွယ်ရှိနေကြောင်း သိရသည်။

ရေဘေးသွားရောက်ကူညီသည့် ပရဟိတအသင်း၏ လူနာတင်ယာဉ် လမ်းတွင် ပစ်ခတ်ခံ ရ

ယမန်နေ့ နံနက်ပိုင်းက ရွှေကျင်မြို့အခြေစိုက် ရွှေကျင်မောင်မယ် လူမှုကူညီရေးအသင်းမှ အသင်းသားများသည် ပဲခူးမြို့သို့ ရေဘေးကူညီရန် အသင်းပိုင် လူနာတင်ယာဉ်နှစ်စီးဖြင့် သွားရောက်စဉ် ရွှေကျင်-ညောင်လေးပင်လမ်းပေါ် ပုစွန်မြောင်းကျေးရွာအရောက်၌ သေနတ်ဖြင့်ပစ်ခတ်ခံရခြင်းဟု သိရသည်။

မုံရွာ၌ ဓားပြမှုဖြစ်ပွားကာ မီးဖွားခါနီး ကိုယ်ဝန်ဆောင်တစ်ဦး ပစ်ခတ်သတ်ဖြတ်ခံရ

ပစ်ခတ်ခံရသဖြင့် သေဆုံးခဲ့သည့် အမျိုးသမီးမှာ မီးဖွားရန် သုံးရက်ခန့်သာလိုတော့သည့် ကိုယ်ဝန်ဆောင်တစ်ဦး ဖြစ်ပြီး အွန်လိုင်းတွင် အဝတ်အထည်နှင့် လူသုံးကုန်များ ရောင်းချ သူ တစ်ဦးဖြစ်ကြောင်း သိရသည်။